မောင်သန္တာ (ကျောက်ဖြူ)
မောင်သန္တာ (ကျောက်ဖြူ)
.............
အမည်ရင်းမှာ ဦးသာညွန့်ဖြစ်သည်။ ဖခင် ဦးကျောက်သံဖြူ နှင့် မိခင် ကျောင်းအုပ်ဆရာမ ဒေါ်လှစောဦး တို့မှ ၁၉၄၅ - ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင်
ကျောက်ဖြူမြို့၌ ဖွားမြင်သည်။ ကျောက်ဖြူမြို့နယ်၏ ပထမဆုံး စာမှတ်တိုင်ဖြစ်သော လှိုင်းခတ်သံ လစဉ်ထုတ်စာစောင်ကို ၁၉၆၈ ခုနှစ်တွင် ဦးစီးထုတ်ဝေခဲ့သည်။
“ပန်းဖြေနားဦး ချစ်လိပ်ပြာ” ကဗျာကို ချိုတေးသံမဂ္ဂဇင်းတွင် စတင်ပုံနှိပ်ဖော်ပြခြင်းခံရပြီး၊ စာပေနယ်သို့စတင်ဝင်ရောက်ခဲ့သည်။ မြဝတီ၊ ငွေတာရီ၊ရှုမဝ၊ ရခိုင်တန်ဆောင်၊
ရခိုင်မဂ္ဂဇင်း၊ ရွှေကျွန်းသန္တာမဂ္ဂဇင်းနှင့် အခါအားလျှော်စွာထုတ်ဝေသော ဒေသဆိုင်ရာမဂ္ဂဇင်းများတွင် ဆောင်းအချို့နှင့် ကဗျာများစွာတို့ကို ပါဝင်ရေးသားခဲ့သည်။
ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင်လည်း ဆောင်ပါးအချို့ကို ရေးသားခဲ့သည်။ အဆိုပါသတင်းစာနှစ်စောင်တွင် မြို့နယ်သတင်းထောက်အဖြစ်
လည်း ဆောင်ရွက်ခဲ့ဖူးသည်။ ဂီတဖက်တွင်လည်း ရခိုင်တေးသီချင်းများကို ရေးသားစပ်ဆိုခဲ့သည်။ အချို့သော တွေးသီချင်းများမှာ မြန်မာ့အသံတွင် ဓာတ်ပြားရတေးများ
အဖြစ် ရခိုင်တိုင်းရင်းသားအစီအစဉ်မှာ မကြာခဏလွှင့်ထုတ်ခြင်းခံခဲ့ရသည်။
ယခုခေတ်တွင် ရခိုင်ဆိုတော်များက သီချင်းဆိုကြကာ VCD ခွေဖြင့်၊ ဖြန့်ချီထုတ်လုပ်ခြင်းကိုခံရသည်။ ကျောက်ဖြူမြို့တွင် ဇနီး၊ သား(၂)ဦး၊ မြေး (၃) ဦးတို့နှင့်အတူ
နေထိုင်လျှက်ရှိပါသည်။
(စစ်တွေမြို့မှ ထုတ်ဝေသော ရခိုင်မဂ္ဂဇင်းအမှတ် ( ) မှကူးယူဖော်ပြအပ်ပါသည်)
......................
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။