မောင်စမ်းရေ (စစ်တွေ) ............. အဖ ဦးစိန်ထွန်း၊ အမိဒေါ်ခင်စောဦးတို့မှ ၁၉၅၀ - ခုနှစ်တွင် စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၌ မွေးဖွားခဲ့သည်။ နာမည်ရင်းမှာ ထွန်းတင်ဖြစ်သည်။ စစ်တွေမြို့၊ အိုးတန်းမူလတန်းနှင့် အ.ထက (၁)တွင် ပညာသင်ကြားခဲ့ပြီး ၎င်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ၁၉၆၇-ခုနှစ်တွင်အောင်မြင်ခဲ့သည်။ တောင်ကြီးကောလိပ်၊ ပုသိမ်ကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပြီး၊ ၁၉၇၂ - ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံ(ရုက္ခဗေဒ)ဘွဲ့ဖြင့် အောင်မြင်ခဲ့သည်။ အထက်တန်းကျောင်းသားဘဝမှစ၍ ကဗျာကိုဝါသနာပါခဲ့ပြီး ရပ်ကွက်နံရံကပ်စာစောင်များတွင် စတင်ကဗျာရေးသားခဲ့သည်။ ၁၉၆၅ -ခုနှစ် ပြည်သူ့ရောင်ခြည်စာစောင် တွင် ဓညဝတီသော်တာ အမည်ဖြင့် “စွမ်းအားညှိလော့”ကဗျာကို ရေးသားခဲ့ပြီး၊ စာပေနယ်သို့စတင်ဝင်ရောက်ခဲ့သည်။ ကျောင်းသားဘဝတွင် အ.ထ.က(၁) လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲ ဒုတိယဆု၊ တောင်ကြီးကောလိပ် ကျောင်းအုပ်ကြီး ဦးခင်မောင်တင် (တက္ကသိုလ် - ဘုန်းနိုင်) ဦးစီး ပြုလုပ်သော စာဆိုတော်နေ့ကဗျာပြိုင်ပွဲ ဒုတိယဆုများ ရရှိခဲ့သည်။ ရခိုင်ပြည်နယ် ထုတ်မဂ္ဂဇင်းများ၊ ချိုတေးရှင်၊ ရုပ်ရှင်သစ်၊ ရုပ်ရှင်အမြုံတွေ၊ တိုင်းရင်းမေ၊ ယုဝတီ၊ အဟိ၊သောကြာ၊ ဟာသ၊ စစ်တွေရှေ့နေမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်၊ ရန်ကု ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မဂ္ဂဇင်း၊ ပုသိမ်ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်၊ စုပေါင်းထုတ်ကဗျာ စာအုပ်များတွင် ပါဝင်ရေးသားခဲ့သည်။ ပေါက်တောမြို့နယ်နှင့် ကျောက်တော်မြို့နယ် သမဝါယမ ဦးစီးဌာန၊ ပြည်နယ်သမဝါယမ ဦးစီး အသင်းစုရုံးတွင်မန်နေဂျာများတာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ မိသားစုနှင့်အတူ စစ်တွေမြို့၊ ဘောင်းဒွပ်သားစုရပ်ကွက်တွင် နေထိုင်လျှက်ရှိသည်။ (စစ်တွေမြို့မှ ထုတ်ဝေသော ရခိုင်မဂ္ဂဇင်းအမှတ် ( ) မှကူးယူဖော်ပြအပ်ပါသည်) ................................
................................
ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။