REF: Coral Arakan
News
By
ဒုံချေ (ကျောက်ဖြူ)
ကျောက်ဖြူ ၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ကျောက်နီမော်တွင် ပစ်သတ်ခံရသော ရခိုင်လူမျိုးတစ်ဦး၏ မိသားစုထံ အလှူငွေသွားရောက်ပို့ဆောင်သည့် ကိုလှသွယ်အား ရမ်းဗြဲမြို့နယ် တရားရုံးက ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀-ရက်နေ့က ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။
ရမ်းဗြဲမြို့နယ် စံပြရွာတွင်နေထိုင်သူ ကိုလှသွယ်(၃၈-နှစ်) အား တပ်ရင်းမှူး၏ ညွှန်ကြားချက်ဟုဆိုကာ ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၁၈) ...ရက်နေ့တွင် ခဲ့ခြင်းဖြစ်သည်။
၂၀၁၂-ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့က ကျောက်နီမော်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီအုံကြွမှု အတောအတွင်း ရဲစခန်းမှူး သန်းဌေး ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဦးမောင်ဟန်ရွှေ အတွက် ရခိုင်မျိုးသားကွန်ယက်မှ ထောက်ပံ့လှူဒါန်းငွေ ကျပ် (၈)သိန်းကို ကျန်ရစ်သူမိသားစုအား ထောက်ပံ့လှူဒါန်းရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ကိုလှသွယ်အမှုအားလိုက်ပါဆောင်ရွက်ရန်အတွက် ရှေ့နေငှါးရမ်းခွင့်နှင့် ဥပဒေအရ ခုခံချေပခွင့်မရရှိခဲ့ဘဲ အပြစ်ဒဏ်စီရင်ချမှတ်ခြင်းအပေါ် ရခိုင်တိုင်းရင်းသားများမှ မကျေနပ်မှုများ များစွာဖြစ်နေကြကြောင်း Coral Arakan မှ စုံစမ်းသိရှိရသည်။
ကျောက်ဖြူမြို့မှ “စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးရဟန်းတော်များအဖွဲ့ (ကျောက်ဖြူ)” မှ ပြန်ကြားရေးတာဝန်ခံ ဦးဇင်း တစ်ပါးက -----
“ကိုလှသွယ်ကို အခုလိုဖမ်းဆီးပြီး ချက်ချင်းပဲ ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်တာဟာ လုံးဝမတရားဘူးလို့ ဦးဇင်းကသုံးသပ်မိတယ်။ သူ့အမှုနှင့်ပတ်သက်လို့ ရှေ့နေငှားရမ်းခွင့် နဲ့ ဥပဒေအရခုခံချေပခွင့်လုံးမရှိခဲ့တဲ့ အတွက် ဒီမိုကရေစီလမ်းကိုသွားနေပါတယ်ဆိုတဲ့ ဒီနိုင်ငံမှာ လူသားတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာ စာအုပ်ထဲမှာသာလျှင် ရှိနေတုန်းပဲလို့ ဦးဇင်းမြင်တယ်။ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး ဆိုတာ တကယ်တော့ ပါးစပ်းကပြောရုံ၊ စာနဲ့ရေးရုံလောက်နဲ့ မလုံလောက်ဘူး။ လက်တွေ့ကျင့်သုံးမှဖြစ် လိမ့်မယ်။ ဒီအတိုင်းသာသွားနေရင်တော့ လူ့အခွင့်အရေးဆိုတာလည်း ငါ့တို့ပြည်သူတွေနဲ့ အဝေးကြီးမှာပဲလို့ ဦးဇင်းခံယူတယ်။ အဲဒါကြောင့် ငါ့တို့အခွင့်အရေးအတွက် ငါ့တို့ပြည်သူတွေဟာ နှလုံးရည်နှင့်ဆက်လက်ပြီး တိုက်နေရအုံးမှာပဲ” ဟု Coral Arakan ကိုမိန့်ကြားသွားပါသည်။
ကိုလှသွယ်အား ဒီဇင်ဘာ (၂၀) ရက်နေ့ နေ့လည် (၁)နာရီက ရမ်းဗြဲ့မြို့မှ ကျောက်ဖြူထောင်သို့ ကားဖြင့်ပို့ခဲ့သည်။
[ Coral Arakan News အတွက် ဒုံချေ(ကျောက်ဖြူ) က ရေးသားသည်။ ]See more

![Photo: အလှူငွေသွားပို့သူ ရခိုင်အမျိုးသားတစ်ဦးအား
ထောင်ဒဏ်(၁)နှစ်ချမှတ်
By ဒုံချေ (ကျောက်ဖြူ)
ကျောက်ဖြူ ၊ ၂၈ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ကျောက်နီမော်တွင် ပစ်သတ်ခံရသော ရခိုင်လူမျိုးတစ်ဦး၏ မိသားစုထံ
အလှူငွေသွားရောက်ပို့ဆောင်သည့် ကိုလှသွယ်အား ရမ်းဗြဲမြို့နယ် တရားရုံးက
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀-ရက်နေ့က ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်သည်။
ရမ်းဗြဲမြို့နယ် စံပြရွာတွင်နေထိုင်သူ ကိုလှသွယ်(၃၈-နှစ်) အား တပ်ရင်းမှူး၏
ညွှန်ကြားချက်ဟုဆိုကာ ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၁၈) ရက်နေ့တွင်
ခဲ့ခြင်းဖြစ်သည်။
၂၀၁၂-ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့က ကျောက်နီမော်တွင်ဖြစ်ပွားခဲ့သော
ဘင်္ဂါလီအုံကြွမှု အတောအတွင်း ရဲစခန်းမှူး သန်းဌေး ပစ်ခတ်မှုကြောင့်
သေဆုံးသွားသော ဦးမောင်ဟန်ရွှေ အတွက် ရခိုင်မျိုးသားကွန်ယက်မှ
ထောက်ပံ့လှူဒါန်းငွေ ကျပ် (၈)သိန်းကို ကျန်ရစ်သူမိသားစုအား
ထောက်ပံ့လှူဒါန်းရန် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်သည်။
ကိုလှသွယ်အမှုအားလိုက်ပါဆောင်ရွက်ရန်အတွက် ရှေ့နေငှါးရမ်းခွင့်နှင့် ဥပဒေအရ
ခုခံချေပခွင့်မရရှိခဲ့ဘဲ အပြစ်ဒဏ်စီရင်ချမှတ်ခြင်းအပေါ်
ရခိုင်တိုင်းရင်းသားများမှ မကျေနပ်မှုများ များစွာဖြစ်နေကြကြောင်း Coral
Arakan မှ စုံစမ်းသိရှိရသည်။
ကျောက်ဖြူမြို့မှ “စည်းကမ်းထိန်းသိမ်းရေးနှင့်
ကူညီစောင့်ရှောက်ရေးရဟန်းတော်များအဖွဲ့ (ကျောက်ဖြူ)” မှ ပြန်ကြားရေးတာဝန်ခံ
ဦးဇင်း တစ်ပါးက -----
“ကိုလှသွယ်ကို အခုလိုဖမ်းဆီးပြီး ချက်ချင်းပဲ ထောင်ဒဏ်
တစ်နှစ်ချမှတ်လိုက်တာဟာ လုံးဝမတရားဘူးလို့ ဦးဇင်းကသုံးသပ်မိတယ်။
သူ့အမှုနှင့်ပတ်သက်လို့ ရှေ့နေငှားရမ်းခွင့် နဲ့
ဥပဒေအရခုခံချေပခွင့်လုံးမရှိခဲ့တဲ့ အတွက်
ဒီမိုကရေစီလမ်းကိုသွားနေပါတယ်ဆိုတဲ့ ဒီနိုင်ငံမှာ လူသားတစ်ဦးတစ်ယောက်ရဲ့
အခွင့်အရေးဆိုတာ စာအုပ်ထဲမှာသာလျှင် ရှိနေတုန်းပဲလို့ ဦးဇင်းမြင်တယ်။
လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး ဆိုတာ တကယ်တော့ ပါးစပ်းကပြောရုံ၊
စာနဲ့ရေးရုံလောက်နဲ့ မလုံလောက်ဘူး။ လက်တွေ့ကျင့်သုံးမှဖြစ် လိမ့်မယ်။
ဒီအတိုင်းသာသွားနေရင်တော့ လူ့အခွင့်အရေးဆိုတာလည်း ငါ့တို့ပြည်သူတွေနဲ့
အဝေးကြီးမှာပဲလို့ ဦးဇင်းခံယူတယ်။ အဲဒါကြောင့် ငါ့တို့အခွင့်အရေးအတွက်
ငါ့တို့ပြည်သူတွေဟာ နှလုံးရည်နှင့်ဆက်လက်ပြီး တိုက်နေရအုံးမှာပဲ” ဟု Coral
Arakan ကိုမိန့်ကြားသွားပါသည်။
ကိုလှသွယ်အား ဒီဇင်ဘာ (၂၀) ရက်နေ့ နေ့လည် (၁)နာရီက ရမ်းဗြဲ့မြို့မှ
ကျောက်ဖြူထောင်သို့ ကားဖြင့်ပို့ခဲ့သည်။
[ Coral Arakan News အတွက် ဒုံချေ(ကျောက်ဖြူ) က ရေးသားသည်။ ]](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/c0.0.843.403/p843x403/556361_191265394344503_1568516855_n.jpg)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။