ကျောက်ဖြူ စည်းကမ်းထိန်းရဟန်းအဖွဲ့ ဘင်္ဂါလီဆူပူမှုဒဏ် ခံရသူများအား ထောက်ပံ့ချီးမြှင့်

Coral Arakan Newsဒုံချေ (ကျောက်ဖြူ) ရေးသားသည်။

ကျောက်ဖြူ ၊ ၁၂ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ကျောက်ဖြူ ဘင်္ဂါလီများဆူပူမှုကြောင့် ကျဆုံးသူများ၏မိသားစုများ ၊ ထိခိုက်နစ်နာကြသူများ၊ မီးဘေးသင့် ဒုက္ခသည်များအား စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များက ဒီဇင်ဘာ (၆)၇က်နေ့က ကျောက်ဖြူမြို့ မူလာရာမ ကျောင်းတိုက် တွင် ထောက်ပံ့လှူဒါန်းမှု များ ပြုလုပ်ခဲ့သည်။
အဆိုပါကူညီထောက်ပံ့လှူဒါန်းပွဲအခမ်းအနားတွင် ကျောက်ဖြူမြို့၌ ဘင်္ဂလီကုလားရန်ကို ကာကွယ်ယင်း ကျဆုံးသွားသူ (၃) ဦး၏ မိသားစုများအား ကျပ်ငွေ (၃)သိန်းကျစီ အသီးသီး ထောက်ပံ့ပြီး၊ အတွင်းလူနာ အဖြစ်ဆေးကုသမှု ခံရသူများအား ကျပ်ငွေ (၁) သောင်း၊ လေးဂွထိ၊ ဂျင်ဂလိမှန်ပြီးပြင်ပလူနာများအား ကျပ်ငွေ (၅)ထောင်ကျပ်စီ နှင့် ဘင်္ဂလီကုလားများ၏ မီးရှို့မှုကြောင်း အိုးအိမ်ဆုံးရှုံးသွားသူများအား အဝတ်အထည်စသည်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
ကျောက်ဖြူမြို့မှဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူမျိုး (၃) ဦးကျဆုံးပြီး၊ (၇၅) ဦးဒဏ်ရာရရှိကာ၊ မီးလောင်ပြာကျသွားသော အိမ်ခြေ ၆၄ အိမ် နှင့် ပျက်စီးသွားသော အိမ်ခြေ ၃၅ အိမ် ရှိခဲ့သည်ဟု သိရသည်။
မူလာရာမဆရာတော်က “စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့၊ ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်” ဆိုတာကလည်း ဝါသနာတူလူနည်းစုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ် ဘူး။ ကျောက်ဖြူမြို့နယ်မှာရှိကြတဲ့ မြို့ပေါ် ကျောင်းထိုင်ဆရာတော်တွေ၊ စာချဆရာတော်တွေ၊ နယ်ဘက် က ကျောင်းထိုင်ဆရာတော်တွေရဲ့ ဆုံးဖြတ် သဘောတူညီမှုအတိုင်း ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ် ပါတယ်။ ဒီပထမအကြိမ်မြောက် ထောက်ပံ့လှူဒါန်းနိုင်တာကလည်း အမှန်အတိုင်းပြောရရင် “ကျောက်ဖြူ မြို့နယ်အသင်း (ရန်ကုန်)” က ဦးဇင်းတို့အသင်းကနေ တစ်ဆင့်လှူဒါန်းလိုက်တဲ့ ငွေတွေနှင့် တခြား အလှူရှင်တွေဆီက ထောက်ပံ့တဲ့ပစ္စည်းတွေကို ဦးဇင်းတို့အဖွဲ့ကနေပြီး ဦးစီးဦးဆောင်ပြုလို့ စနစ်တကျထောက်ပံ့ လှူဒါန်းပေးတာဖြစ်တယ်။ နောက်ထပ် ထောက်ပံ့လှူဒါန်းနိုင်အောင်လည်း ဦးဇင်းတို့ ကြိုးစားနေကြတယ်။” ဟု Coral Arakan အား ရှင်းလင်း ပြောကြားခဲ့သည်။
ဒုံချေ (ကျောက်ဖြူ) ရေးသားသည်။




Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။