Coral Arakan News
by ဒုံချေ (ကျောက်ဖြူ)
ကျောက်ဖြူ ၊ ၂၀ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ]
ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းတွင် ကျင်းပသော ၃၈ နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော...် အလွန်စည်းကားကြောင်း Coral Arakan မှစုံစမ်းသိရှိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သော ၃၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် နေ့ခင်းပွဲများအဖြစ် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ အထုတ်သတ်ပွဲ၊ လွန်ဆွဲပွဲ၊ နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ညပွဲအဖြစ် ကာရာအိုကေအဆိုပြိုင်ပွဲများ ပါဝင်ကြောင်းသိရှိရသည်။
အဆိုပါပွဲသို့ ကိုယ်တိုင်သွားရောက်အားပေးခဲ့သော ကျောက်ဖြူမြို့ပေါ်မှ လူငယ်တစ်ဦးကနေပြီး ----“ကျွန်တော်ကတော့ ကျောက်ဖြူမြို့ထက်မှာ ၃၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ မကျင်းပဖြစ်ကြလို့ မဒဲကျွန်းကိုသွားရောက်ပြီး ပထမဆုံးပွဲဦးထွက်လို့လည်း ပြောလို့ရတဲ့ ရခိုင်ရိုးရာ ကျင်ပွဲကို အဓိကသွားရောက် အားပေးခဲ့တာပါ။ လူတွေကတော့ တော်တော်စည်တာကိုတွေ့ခဲ့ရတယ်။ ရွေမောင်တန်းအတွက် ရွှေကလည်း ငါးမူသားဆိုတော့ တော်တော်ကြီးတဲ့မောင်းလို့ပြောလို့ရတာပေါ့။ ချောတိုင်ပွဲ၊ ပိုက်ကျော်ခြင်းပွဲ၊ လွန်ဆွဲပွဲတွေကလည်း အရမ်းကိုအားရဖို့ကောင်းပါတယ်။” ဟု Coral Arakan သို့ ပြောကြားသွားသည်။
မဒဲကျွန်းမှ ၃၈ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီတစ်ဦးကလည်း ပွဲတော်နှင့်ပတ်သက် ပြီးပြောကြားရာတွင်---
“ကျွန်တော်တို့က ဒီနှစ် ၃၈ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဒီထက် စည်းကားအောင် ကျင်းပသွားဖို့ စီစဉ်ထားခဲ့ကြတာ။ ဒါပေမယ့် တရားမဝင်ဘင်္ဂလီကုလားတွေနဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိမက္ခတွေကြောင့် မှန်းထားသလောက် စည်းကားအောင် မကျင်းပနိုင်ခဲ့ဘူး။ ပျော်ပွဲရွှင်ပွဲတွေအ နေနဲ့ကတော့ ညပိုင်းအတွက် ကာရာအိုကေအဆိုပြိုင်ပွဲပါတယ်၊ နေ့ခင်းအတွက်ကတော့ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အထုတ်သတ်ပွဲ၊ လွန်ဆွဲပွဲတွေပါတယ်။ ဒီမှာရှိတဲ့ နိုင်ငံခြားက အလုပ်သမားတွေလည်း တော်တော်စိတ်ဝင်တစား လာကြည့်ကြတယ်။ သူတို့က ရခိုင်ကျင်ကိုလည်း တော်တော်စိတ်ဝင်စားပုံရတယ်။ ပွဲတော်ကတော့ တော်တော့်ကိုစည်ပါတယ်။ ဒီနှစ် ဒီမှာက် ပွဲဆိုတာက လုံးဝမရှိသေးသလောက် ဖြစ်နေတယ်လေ။ ကျွန်တော်ထင်တယ်။ ရခိုင်ရိုးရာကျင်ပွဲဆိုတာလည်း ဒီပွဲဟာပထမဆုံးပွဲဖြစ်မယ်။ အခက်အခဲ့တွေများစွာကြားကျင်းပရပေမယ့် ကိုယ့်ပြည်နယ်နေ့မှာ ကိုယ့်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ရခိုင်ရိုးရာကျင်ပွဲ စတာတွေကို ကိုယ့်ပြည်သူတွေအတွက် လုပ်ပေးရတော့ ဝမ်းသာပါတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်စည်ကားအောင် ပွဲတော်ကျင်းပနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု Coral Arakan အား ပြောကြားသည်။
ဒုံချေ (ကျောက်ဖြူ) ရေးသားသည်

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။