ကေအန်ယူ၏ ဆီဒိုးနား တောင်းဆိုချက်များ

ရွှေဟင်္သာ သတင်းဌာန

K01ကေအန်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် ဦးအောင်မင်းတို့ အဖွဲ့သည်၊ ယနေ့နံနက် ၈း၃၀ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟော်တယ်၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ယင်းဆွေးနွေးပွဲ၌ KNU အဖွဲ့က အချက် (၆) ချက် တောင်းဆို ခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တဦးက ပြောပါသည်။ ၄င်းအချက်များမှာ-
၁။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများအတွင်း ဖြစ်ပွား နေသည့် စစ်မက်များ အမြန်ဆုံး ရပ်ဆဲရမည်၊
၂။ ကြောက်ရွံ့ ခြင်း ကင်းသည့် ပြည်သူပြည်သား ဘ၀ အဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်၊
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်၊
၎။ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်း ပုံစံမျိုးဖြင့် ငွေကောက်ခံခြင်း၊ ပေးကမ်းလှူဒါန်း ခိုင်းခြင်း၊ အခြားအခြားသော ငွေကြေး ကူညီစေခြင်းများ မပြုရန်၊
၅။ အကျဉ်းသားများ လွှတ်ပေးရန်နှင့်
၆။ ပြည်သူပြည်သားများ ဘ၀ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာ ကိစ္စများကို ဖြေရှင်းပေးရန်၊ စောင့်ကြပ် ကြည့်ရှုပေးတဲ့ အဖွဲ့ဖွဲ့ရန် တို့ဖြစ်သည်။
 K_02
ဆီးဒိုးနားဟိုတယ်တွင် အနားယူနေကြစဉ် (ဓါတ်ပုံ - အင်တာနက်)
ယင်းအစည်းအဝေးကို KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် အပါအ၀င် ၂၁ ဦးနှင့် မြန်မာဘက်မှ ၀န်ကြီး ဦးအောင်မင်းအပါဝင် ပြည်ထောင်စုဝန်ကြီး ၇ ဦးတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

ဤသည် ၊မြန်မာ အစိုးရနှင့် KNU တို့ ပထမ အကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲရေး ကိစ္စကို ဧပြီလ (၄) ရက်နေ့ ကတည်းက ကရင်ပြည်နယ်အစိုးရနှင့်  လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်က ဆိုပါသည်။

ဤအစည်းအဝေး ပြီးဆုံးပါက KNU အဖွဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် ရှိနေပါသည်။
KNU အဖွဲ့သည် ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ စတင် ထွက်ခွာလာပြီ၊ ကရင်ပြည်နယ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါသည်။ ဧပြီ ၅ ရက်နေ့ ညနေ ၅း၃၀ နာရီခန့်၌ ရန်ကုန်သို့ ရောက်ရှိ လာပြီး ကုန်သည်ကြီးများ ဟိုတယ်ဖြစ်သည့် ဆီဒိုးနား ဟိုတယ်တွင် တည်းခိုနေကြပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။