ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် အစိုးရ သဘောတူညီချက် ရပြီး

ရွှေဟင်္သာသတင်းဌာန
 
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် အစိုးရအကြား ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက် (၅) ချက်ကို ယမန်နေ့ ကြာသာပတေး နေ့တွင် လက်မှတ် ထိုးခဲ့ပါသည်။

သဘောတူညီချက်များမှာ -
(၁) ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် အစိုးရကြား ၂၀၁၂ ခုနှစ်မှ ဧပြီလ (၆) ရက်နေ့မှ စပြီး၊ အပစ်အခတ် ရပ်စဲရန်။
(၂) အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်။
(၃) အပစ်ရပ် ကာလအတွင်း နှစ်ဖက် သဘောတူ ထားသည့် နေရာများများမှအပ နယ်မြေကျော်လွန်ပြီး၊ လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက်ကြိုတင် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန်။
(၄) ရခိုင်လွတ်မြောက်ရေး ပါတီဝင်များကို မြန်မာ တနိုင်ငံလုံးသို့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပြုရန်။
(၅) နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးသွားရန် ဖြစ်ပါသည်။
ALp_01ရခိုင်ပြည် အစိုးရ အဖွဲ့နှင့် ဆွေးနွေးစဉ် (ဓါတ်ပုံ - ALP)
ဆွေးနွေးပွဲကို ရခိုင်ပြည် ၀န်ကြီးချုပ် ဦးလှမောင်တင် ခေါင်းဆောင်ပြီး၊ ရခိုင်ပြည်နယ် နယ်စပ် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူး ကြီးထိန်လင်း၊ အပါဝင် အစိုးရ ကိုယ်စားလှယ် တချို့ ပါဝင်  တက်ရောက်ဆွေးနွေး ခဲ့ပြီး၊ ရခိုင်ပြည်လွတ် မြောက်ပါတီဖက်က ပါတီ ဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ခေါင်းဆောင်သော ကိုယ်စားလှယ် (၁၈)ဦး တက်ရောက်ခဲ့ပါသည်။

ဤဆွေးနွေးမှုသည်၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီနှင့် အစိုးရအကြား ပထမ အကြိမ်ဆွေးနွေးခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံမှ စစ်တွေမြို့ကို ရောက်ရှိလာပြီး လူထုသိန်းနဲ့ချီပြီး ကြိုဆိုခဲ့ကြပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။