တောင်ကုတ် NLD ရဲ့ နို့ဆန်ပြုတ်ကျွေးမွေးပွဲ ကလေးငယ် ၅၀၀ ခန့် တက်ရောက်

မောင်ရမ္မာ
----------
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပထမဆုံး အကြိမ် ပြုလုပ်သော နို့ဆန်ပြုတ် ကျွေးမွေးပွဲသို့ တောင်ကုတ် မြို့အစွန်အဖျားရှိ အာဟာရ ချို့တဲ့နေ သော ကလေးငယ် ၅၀၀ ခန့် လာရောက် စားသုံးခဲ့ကြသည်ဟု သိရသည်။


Taungup-NLD-office တောင်ကုတ် NLD ရုံးရှေ့တွငိ ကလေးငယ်များ မြင်တွေ့ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ)
ကျွေးမွေးခြင်း အစီအစဉ်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင် ပြည်နယ် အတွင်းရေးမှူး ဦးခင် လှက နိရဉ္စရာသို့ ယခုလို ပြောသည်။

" ဟုတ်ပါတယ်။ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တာ ဖြစ်ပါတယ် ။ ကလေးတွေကို နို့ဆန်ပြုတ် ကျွေးပါတယ်။ ကလေး ၅၀၀ လောက် ရောက်ပါတယ်။ ကျွန်တော်တို့ ကားနဲ့ အသွားအပြန် အကြိုအပို့ လုပ် ပေးပါတယ်။"

အမှတ် ၃၊ ဦးဥတ္တမလမ်း၊ ဂူတာရပ်ကွက်တွင် ဖွင့်လှစ်ထားသော တောင်ကုတ်မြို့နယ် အဖွဲ့ချုပ်ရုံးတွင် မတ်လ၄ ရက်နေ့ နံနက်က နို့ဆန်ပြုတ် လာစားသူ ကလေးငယ်များဖြင့် ပြည့်နက်နေကြောင်း သိရသည်။

" ကျွေးမွေးရတဲ့ ရည်ရွယ်ချက်က ကလေးတွေ အဟာရပြည့်ဖို့ အတွက် ပြုလုပ်တာ ဖြစ်ပါတယ်။ မြို့စွန် မြို့ဖျား ဆင်းရဲသား ရပ်ကွက်က ၅ နှစ်အောက် ကလေးတွေပါ။ သူတို့မှာ ဆင်းရဲတဲ့အခါကျတော့ အဟာရချို့တဲ့နေကြတယ်။ အဲဒီကလေးတွေ ကို အဓိက ထားပြီးတော့ ကျွေးတာဖြစ်ပါတယ်" "ဟု ကလေးများကို နို့ဆန်ပြုတ် ကျွေးမွေးရသည့် ရည်ရွယ်ချက်ကို ဦးခင်လှက ပြောပြသည်။

ယခုကဲ့သို့ အာဟာရချို့တဲ့နေသော ကလေးငယ်များကို ကျွေးမွေးခြင်းမှာ တောင်ကုတ်တွင် NLD ရုံးခန်း ဖွင့်ပြီး နောက် ပထမဆုံးအကြိမ်ဖြစ်ပြီး တစ်လလျှင် နှစ်ကြိမ် ကျွေးမွေးသွားမည်ဟု ဦးခင်လှက ပြောသည်။

ကျွေးမွေးရန် လိုအပ်သည့် ရံပုံငွေရရှိရေးနှင့် ပတ်သက်ပြီး သူက ယခုကဲ့သို့ ရှင်းပြသည်။

" ကျွန်တော်တို့မှာ ရံပုံငွေက အဖွဲ့ချုပ်ကထုတ်တဲ့ ဓါတ်ပုံတွေ၊ တီရှပ်အင်္ကျီတွေ၊ ဂျာနယ်တွေကို ဒီမှာ ရောင်း ပါတယ်။ အဲဒီက အမြတ်အစွန်းတွေ၊ နောက်ပြီးတော့ အလှူရှင်တွေဆီက စေတနာ အရ လှူဒါန်းတဲ့ ငွေ တွေနဲ့ ကျွေးမွေးတာ ဖြစ်ပါတယ်။"

တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ယခုကဲ့သို့ အာဟာရချို့တဲ့နေသော ကလေးငယ်များ ကို တစ်လလျှင် နှစ်ကြိမ်စီ ဆက်လက် ကျွေးမွေးသွားမည့်အပြင် ဆေးဝါးအလှူရှင်များ၊ စာအုပ်စာတမ်း အလှူရှင် များ အပေါ်တွင် မူတည်ပြီး ဆင်းရဲ ချို့တဲ့သော မိသားစုများသို့ ဆေးဝါးများ လှူဒါန်းသွားမည် ဖြစ်သလို ကျေးလက် စာကြည့်တိုက်များသို့ စာအုပ်များ ဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးကို ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း NLD ရုံးဖွင့်လှစ်ပြီးသော မြို့နယ်များမှာ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ ဖြစ်သည်။

၎င်းအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်နယ်ရုံးကို ယခုလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ရန် အစီအစဉ် ရှိပြီး တခြား ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် ဂွမြို့နယ်များတွင် ဆက်လက် ဖွင့်လှစ် ရန် ဆောင်ရွက်နေသည်ဟု သိရသည်။


--------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။