ခိုင်မောင်ဦး (မလေး)
-------------------
ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်သည့် ၄၅ ရက်မြောက်နေ့တွင် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ နှင့် အညီ မလေးရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
မလေးရှားမှ ဆရာကြီး အမှတ်တရ ဆွမ်းကျွေးအလှူ အခမ်းအနား (ဓါတ်ပုံ- နိရဉ္စရာ)အခမ်းအနားကို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (မလေးဌာနခွဲ)မှ မတ်လ ၄ ရက်နေ့ နံနက်က မလေးရှာနိုင်ငံ ပူချုန်း အသောကရာမ ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေး တရားနာ အစီအစဉ်များဖြင့် ပြုလုပ်ခဲ့သည်။
"သမိုင်းပါပညာရှင် တစ်ဦး ဖြစ်တဲ့ ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားနဲ့ ရခိုင် လူမျိုး တွေအတွက် အများကြီး လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် ဆရာ တဆူ ဆိုရင်လည်း မမှားပါဘူး။ ပြောရရင် မိဘသဖွယ် တာဝန်ကျေခဲ့သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်တယ်။ ဆရာကြီး ရောက်လေရာ ဘ၀တိုင်းမှာ ဒီထက်မက မြင့်မြတ် ပြောင်မြောက်တဲ့ ဘ၀ရောက်အောင် ကျွန်တော်တို့ ဆွမ်းကျွေး၊ တရားနာ၊ ရေစက်ချ အမျှပေးဝေမူတွေနဲ့ အတူ ဆုတောင်းမူတွေ ပြုလုပ်ခဲ့ကြပါတယ်" ရခိုင် ဒီမိုကရစီ အဖွဲ့ ALD (မလေးရှား) ပြည်ပဌာနခွဲ ဦးဆောင် နာယကတဦး ဖြစ်သူ ဦးအောင်ဘက နိရဉ္စရာသို့ ပြော သည်။
အခမ်းအနားသို့ လူပေါင်း ၃၀ ခန့်တက်ရောက်ခဲ့ပြီး ဆရာကြီးအား အောက်မေ့အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
" ဆရာကြီးဒေါက်တာအေးကျော်က သူမတူအောင် ကြိုးစားခဲ့သူ တစ်ဦးဖြစ်သလို သူလိုချင်တဲ့ ပန်းတိုင်းကို အရောက်လှမ်းခဲ့သူ ဖြစ်တယ်။ သူချစ်တဲ့ ရခိုင်သူ ရခိုင်သားများ အတွက်လည်း သူတက်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့တယ်။ အမျိုးသားရေးဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သူ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်တယ်။ လူငယ် နောင်မျိုးဆက် ကြယ်ပွင့်သစ်တွေ ဆရာကြီးလို ကြိုးစားဖို့လိုအပ်ပါတယ်" ဟု ဦးအောင်ဘက ဆက်ပြောသည်။
ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေ ၆နာ ရီ ၃၀ မိနစ်တွင် အသဲကင်ဆာရောဂါဖြင့် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံတွင် ကွယ် လွန်သွားခဲ့သည်။
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကလည်း ဆရာကြီးကွယ်လွန်သွားသည့် တစ်လပြည့် အထိမ်းအမှတ် နေ့ကို ဆရာကြီး မွေးဖွားရာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင်လည်း ကျင်းပ ခဲ့သည်ဟု သိရသည်။
-------------------
ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်သည့် ၄၅ ရက်မြောက်နေ့တွင် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနား တစ်ခုကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ နှင့် အညီ မလေးရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
"သမိုင်းပါပညာရှင် တစ်ဦး ဖြစ်တဲ့ ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားနဲ့ ရခိုင် လူမျိုး တွေအတွက် အများကြီး လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်သူတွေအတွက် ဆရာ တဆူ ဆိုရင်လည်း မမှားပါဘူး။ ပြောရရင် မိဘသဖွယ် တာဝန်ကျေခဲ့သူ ပုဂ္ဂိုလ်တဦးလည်း ဖြစ်တယ်။ ဆရာကြီး ရောက်လေရာ ဘ၀တိုင်းမှာ ဒီထက်မက မြင့်မြတ် ပြောင်မြောက်တဲ့ ဘ၀ရောက်အောင် ကျွန်တော်တို့ ဆွမ်းကျွေး၊ တရားနာ၊ ရေစက်ချ အမျှပေးဝေမူတွေနဲ့ အတူ ဆုတောင်းမူတွေ ပြုလုပ်ခဲ့ကြပါတယ်" ရခိုင် ဒီမိုကရစီ အဖွဲ့ ALD (မလေးရှား) ပြည်ပဌာနခွဲ ဦးဆောင် နာယကတဦး ဖြစ်သူ ဦးအောင်ဘက နိရဉ္စရာသို့ ပြော သည်။
အခမ်းအနားသို့ လူပေါင်း ၃၀ ခန့်တက်ရောက်ခဲ့ပြီး ဆရာကြီးအား အောက်မေ့အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
" ဆရာကြီးဒေါက်တာအေးကျော်က သူမတူအောင် ကြိုးစားခဲ့သူ တစ်ဦးဖြစ်သလို သူလိုချင်တဲ့ ပန်းတိုင်းကို အရောက်လှမ်းခဲ့သူ ဖြစ်တယ်။ သူချစ်တဲ့ ရခိုင်သူ ရခိုင်သားများ အတွက်လည်း သူတက်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့တယ်။ အမျိုးသားရေးဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သူ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်တယ်။ လူငယ် နောင်မျိုးဆက် ကြယ်ပွင့်သစ်တွေ ဆရာကြီးလို ကြိုးစားဖို့လိုအပ်ပါတယ်" ဟု ဦးအောင်ဘက ဆက်ပြောသည်။
ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေ ၆နာ ရီ ၃၀ မိနစ်တွင် အသဲကင်ဆာရောဂါဖြင့် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံတွင် ကွယ် လွန်သွားခဲ့သည်။
ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကလည်း ဆရာကြီးကွယ်လွန်သွားသည့် တစ်လပြည့် အထိမ်းအမှတ် နေ့ကို ဆရာကြီး မွေးဖွားရာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင်လည်း ကျင်းပ ခဲ့သည်ဟု သိရသည်။
--------------------
.: နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။