ရခိုင် ရွှေဂက်(စ်) စီမံကိန်းကို ရပ်တန့်ရန် ကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ ပြုလုပ်မည်

ခိုင်မောင်ဦး (မလေး)
---------------------
ရခိုင် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကို လောလောဆယ် ရပ်တန့်ရန် အတွက် တကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ တစ်ခုကို လာမည့် မတ်လ (၁) ရက်နေ့တွင် နိုင်ငံ အများအပြားတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေဂတ်စ် လူပ်ရှားမူ တာဝန်ခံ ကိုဝင်းအောင်က ပြောသည်။


Daewoo-International-Corporation
" လှုပ်ရှားမှုက သုံးမျိုးလုပ်သွားမှာ ဖြစ်ပါတယ်။ နံပါတ် (၁) ကတော့ စီမံကိန်းတွင် ပါဝင်တဲ့ အစိုးရများ၊ အစုရှယ်ယာဝင်များ အနေနဲ့ စီမံကိန်းကြောင့် ဖြစ်ပေါ်နေတဲ့ လူမှု ပတ်ဝန်းကျင် ထိခိုက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီး မှုတွေ၊ လူ့အခွင့်အရေးတွေကို သူတို့ ငှဲ့ညှာပြီးတော့ စီမံကိန်းမှာ ပါဝင်တဲ့ အစုရှယ်ယာငွေတွေကို ပြန်ထုတ်ပြီး စီမံ ကိန်းကို လောလောဆယ် ရပ်တန့်ပေးဖို့။ နံပါတ် (၂) အချက်ကတော့ သမ္မတ ဦးသိန်းစိန်ဆီကို အဖွဲ့ အစည်းပေါင်းစုံ ၁၀၀ ကျော်က လက်မှတ်ထိုးပြီးတော့ မတ်လ ၁ ရက်နေ့မှာ ပေးပို့သွားဖို့နဲ့ နောက် နံပတတ် (၃) အချက်ကတော့ နီးစပ်ရာ နိုင်ငံတွေမှာ ဆန္ဒပြပွဲတွေ လုပ်ပြီးတော့ တောင်းဆိုသွားဖို့ ဖြစ်ပါတယ်။"

ယခု ဆန္ဒပြတောင်းဆို လှုပ်ရှားမှု ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုလည်း ကိုဝင်းအောင်က အခုလို ပြော သည်။

"အဓိက ရည်ရွယ်ချက်ကတော့ အခုထက်ထိ စီမံကိန်းက အကျိုးကို ဒေသခံ ရခိုင်လူထုရော မြန်မာ ပြည်သူတွေပါ တစ်စုံတစ်ရာ မခံစားနိုင်ကြသေးဘူး။ နိုင်ငံသားတွေအတွက် ဒီစီမံကိန်းက ထိထိရောက်ရောက် အာမခံချက် ပေးနိုင်တဲ့ အခြေအနေနဲ့ အကျိုးအမြတ် ဖြစ် ထွန်းနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း မတွေ့ရသေးဘူး။ ဒါကြောင့် ဒီစီမံကိန်းက ရတဲ့ အကျိုးအမြတ်တွေဟာ ပြည်တွင်း ဓါတ်ငွေ့ လောင်စာ ဖူလုံမှု၊ ဒေသခံတွေ အကျိုးအမြတ်ရရှိရေး အတွက် ပွင့်လင်း မြင်သာတဲ့ နည်းစနစ်တွေ ရှိမှု၊ ပြည်သူလူထုတွေ ပါဝင်နိုင်ခွင့်တွေကို တောင်းဆိုဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။"

မြန်မာ နှိင်ငံသမ္မတ ဦးသိန်းစိန်ကို ရွှေဂစ်စီမံကိန်းရပ်တန့်ပေးရန် တောင်းဆိုသည့် စာလွှာများကို ဒီမိုကရေစီ အရေး လုပ်ရှုားသူများနှင့် ရခိုင်လူမူ့ အဖွဲ့အစည်းအသီးသီး၊ နိုင်ငံတကာတွင် ရှိသော သဘာဝပက်ဝန်ကျင် ထိန်သိမ်းရေအဖွဲ့၊ လူ့အခွင့်ရေးအဖွဲ့များထံ ပေးပို့သွားမည်ဟု ကိုဝင်းအောင်က ဆိုသည်။

အဆိုပါ ပေးပို့မည့်စာတွင် ရွှေသဘာဝဓါက်ငွေ့မှာ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် စွမ်းအင် တစ်ခု ဖြစ်ကြောင်း၊ တိုင်းပြည်မှာ စွမ်းအင် အများကြီး လိုအပ်ချက် ရှိကြောင်း၊ ကိုယ့်တိုင်းပြည်ကို အဓိကထား ဖြည့် စွက်ပြီးမှ တခြားတိုင်းတစ်ပါးသို့ ရောင်းချသင့်ကြောင်း၊ စီမံကိန်းများကြောင့် ဖြစ်ပေါလာသော ထိခိုက် နစ်နာမှုများကို လူထုထံ ချပြသင့်ကြောင်း၊ ပြီးမှသာ စီမံကိန်းကို ဆက်သွားသင့်ကြောင်း၊ လောလောဆယ် စီမံကိန်းကို ရပ်ဆိုင်းထားသင့်ကြောင်း ပါရှိသည်ဟု သိရသည်။

ရခိုင် "ရွှေ"သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေး အတွက် လုပ်ဆောင် နေခြင်း ဖြစ်သည်။

၎င်း ရွေသဘာဝဓါတ်ငွေ့ စီမံကိန်းမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိမည် ဖြစ်သည်။

၂၀၁၀ အောက်တိုဘာနှင့် နိုဝင်္ဘာလအတွင်း ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် "ရခိုင်က ဂတ်စ်ဖြင့် ၂၄ နာရီ မီးပေးပါ" ဆိုသော စာတန်းများပါသည့် တီရှပ်အကျီ်များကို တူညီဝတ်ဆင်ကာ ပိုစတာ စာရွက်များကို ဖြန့်ဝေ လူပ် ရှားခဲ့ကြသည်။

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ရခိုင်ပြည်သူ လူထု အနေဖြင့် အကျိုးကျေးဇူး မခံစားရသည့် အပြင် လက်တွေ့တွင် လယ်မြေများ အသိမ်းခံရခြင်း၊ ကျေးရွာများ ပြောင်းရွှေ့ခံရခြင်း၊ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်း၊ နိုင်ထက် စီးနှင်း ပြုလုပ်ခံရခြင်းစသည့် ဆိုးကျိုးများသာ ပေါ်ပေါက်နေသဖြင့် ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမူ ပြုလုပ်နေရုံမျှဖြင့် ဦးသိန်းစိန် အစိုးရက ရခိုင်ပြည်သူများ လိုလားမူကို လိုက်လျော့ပေးမည်ဟု ရခိုင်ပြည်သူအများစုက မယုံကြည်ကြဘဲ ဖြစ်ကြောင်း စစ်တွေ ထန်းပင်ရင်း ရပ်ကွက်မှ နိုင်ငံရေး လူပ်ရှားသူ လူငယ် တစ်ဦးက ပြောသည်။


-----------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။