ဒေသခံ ဘင်္ဂလီတချို့က ရခိုင်ကျေးရွာ တစ်ရွာအား အကြမ်းဘက် ၀င်ရောက် ဖြိုဖျက်

ထွန်ထွန်း
---------
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင် မဟားဇိုးမြို့နယ် သံသီးရွာမှ ရခိုင် နေအိမ် တစ်ချို့ကို ဒေသခံ ဘင်္ဂလီများက ၀င်ရောက် ဖျက်ဆီးပြီး ပစ္စည်းများကို လုယက် ယူငင်သွားကြောင်း ယမန်နေ့က ထုတ်ဝေသော ကော့စ်ဘာဇားမှ Samudrabarta သတင်းစာတွင် ရေးသာ ဖေါ်ပြသည်။

Rakhine-village-attacked-by-local-Bangali ရခိုင်ကျေးရွာ ဖြိုဖျက်ခံရသတင်း ဘင်္ဂလီသတင်းစာ တစ်စောင်တွင် ဓါတ်ပုံများနှင့် တကွ ဖေါ်ပြထားပုံ
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ကျေးရွာသားများကို ကိုးကားပြီး အဆိုပါ သတင်းစာက ယခုလို ရေးသားသည်။

" ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ နေ့လည် ၃နာရီ လောက်မှာ ဖြစ်တာပါ။ ၁၂ ဦးခန့်ရှိတဲ့ ဒေသခံ ဘင်္ဂလီ အုပ်စု တစုက လာပြီးတော့ အိမ်တချို့ကိုဖျက်ဆီးသွားခဲ့ပါတယ်။ အိမ်ကိုဖျက်ပြီးတော့ သံဖြူချပ်တွေ၊ သစ်လုံးတွေ၊ ၀ါးတွေနဲ့ ပစ္စည်းတွေကို ယူငင်သွားပါတယ်" ဟု သတင်းစာက ပြောသည်။

ဘင်္ဂလီတွေ အကြမ်းဘက် ၀င်ရောက် ဖြိုဖျက်ချိန်တွင် ရခိုင်ကျေးရွာရှိ အမျိုးသားများမှာ လုပ်ငန်းခွင် တွင် ရှိနေခဲ့ပြီး ရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များသာ ရှိနေခဲ့ကြောင်း ဒေသခံများအပြောကို ကိုးကားပြီး သတင်းစာက ရေးသားသည်။

" သူတို့ ရွာကိုဝင်ပြီး အိမ်ကိုဖျက်စီးတဲ့ အချိန်မှာ ကျေးရွာသားတွေ မရှိဘူး။ မိန်းမတွေနဲ့ ကလေးတွေဘဲ ရှိတယ်။ အကြမ်းဘက်မှာကို စိုးလို့မိန်းမတွေက မပြောရဲကြဘူး။ ကလေးရော၊ မိန်းမတွေပါ ကြောက်ပြီးတော့ အကုန်လုံးထိုင် ပြီးတော့ ငိုနေကြတယ်" ဟု သတင်းစာက ရေးသည်။

သံသီးရွာမှာ အိမ်ခြေ ၃၀ကျော်ရှိ ရခိုင်ကျေးရွာ တရွာဖြစ်ပြီး ရှေးအစဉ် အဆက်ဆက်က ဘိုးစဉ် ဘောင်ဆက် နေထိုင်လာခဲ့သော ကျေးရွာ တစ်ရွာ ဖြစ်သည်။

ဒေသခံဘင်္ဂလီများက ၄င်းကျေးရွာကို ဖြိုဖျက်ပြီး ရခိုင် အမျိုးသားများ ပိုင်သော မြေယာများကို သိမ်းပိုက်ရန် ကြံစည်နေကြောင်း၊ ယခုအခါ အဆိုပါကျေးရွာရှိ ရခိုင်များမှာ လုံခြုံရေးကင်းမဲ့နေကြောင်း သတင်းစာက ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ ရခိုင်များက သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြား ထားသော်လည်း တရားစွဲဆိုရန်ကိုမူ ကြောက်ရွံ့နေကြကြောင်း၊ တရားစွဲဆိုပါက အသတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် ကျေးရွာသားများက အသက်အန္တရာယ်ကိုပါ ထိခိုက်မည်ကို စိုးရိမ်ပြီး တရားစွဲဆိုရန် ကြောက်ရွံ့နေကြသည်ဟု သတင်းစာက ရေးသားဖေါ်ပြသည်။

ယခုကဲ့သို့ ခြိမ်းခြောက်မူကြောင့် ထိုဒေသရှိ ရခိုင်ကျောင်းသူ ကျောင်းသားများမှာ ကျောင်းတက်ရန် ကြောက်ရွံ့လာကာ ပညာရေး အခန်းကဏ္ဍကိုပါ ထိခိုက်လာကြောင်း ရွာသားများ အဆိုအရ သိရသည်။

ဘင်္ဂလာရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး နောက်တနေ့တွင် အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာပြီး မကြောက်ကြရန် ကျေးရွာသားများကို တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။

---------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။