ကုလားတန်မြစ်ကြောင်းရှိ အစိုးရ ဂိတ်များ စစ်ဆေးမှူ လျှော့သွားပြီ

၂၀၁၂ ခုနှစ်မှ စပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်ကြောင်းပေါ်ရှိ အစိုးရ ဂိတ်များတွင် စစ်ဆေးမှူ မရှိတော့ကြောင်း သိရသည်။

စစ်အစိုးရတက်လာပြီးနောက်ပိုင်း နယ်စပ်လုံခြုံရေးကို အကြောင်းပြပြီး ပလက်ဝမှ အိန္ဒိယ နယ်စပ်အကြား ကုလား တန် မြစ်ကြောင်းရှိ စက်လှေကုန်သည်များ၊ ခရီးသွားပြည်သူများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။

အဓိက အားဖြင့် ရှင်းလက်ဝ၊ ထရွန်အိုင်၊ ပလက်ဝ ဂိတ်မှ လူဝင်မှု ကြီးကြပ်ရေး၊ စစ်တပ်၊ ရဲတွေက စက်လှေ ပေါ်တက်ပြီး ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ အခွန်ကောက်ခံခြင်းများပြု လုပ်ခြင်း ဖြစ်သည်။

“ ခုတလော အစစ်အဆေးတွေမရှိတော့ဘူး၊ စိတ်ချမ်းသာစရာပဲဗျာ၊ ခါတိုင်းဆို စစ်တပ်၊ ရဲတွေကို ကြောက်ရ၊ အချိန် ကြန့်ကြာတာနဲ့ စိတ်ပျက်စရာပဲ၊ အဆူအဆဲလည်းခံရသေးတယ်” ဟု ကုန်သည်တဦးက ပြောသည်။

ထို့အပြင် နယ်စပ်အခြေစိုက် ချင်း နှင့် ရခိုင် တိုင်းရင်းသားလက်နက်ကိုင်လက်နက်ကိုင်အဖွဲ့များလည်း ကုန်သည်များထံ အခွန်ကောက် ခြင်းမရှိသလောက်ဖြစ်နေပြီဟုလည်း သတင်းရရှိသည်။

ထို့အပြင် ယခင် စစ်အစိုးရလက်ထက်တွင် ညအိပ်သည့် နေရာတိုင်းတွင် ဧည့်စာရင်းတိုင်ခြင်း၊ ဧည့်စာရင်း တိုင်ခအတွက် ငွေကောက်ခြင်းများရှိခဲ့သော်လည်း ယခု အခါ ဧည့်စာရင်းစစ်ဆေးခြင်းလည်း မရှိတော့ ကြောင်း သိရသည်။

ကုန်သည်တဦးကမူ အစိုးရမှ ယခုကဲ့သို့ စစ်ဆေးမှူမပြုတော့ခြင်းသည် အိန္ဒိယ -မြန်မာနှစ်နိုင်ငံက လက်ရှိ အကောင် အထည် ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်းနှင့် ဆက်စပ်နိုင်ကြောင်း အသေးစိပ်ကိုမူ မပြောပြတတ် ကြောင်း ဆိုသည်။

ကုလားတန်မြစ်ကြောင်းပေါ်ရှိ စက်လှေကုန်သည်များသည် မြန်မာပြည်မှ ၀က်၊ ငါးပိ၊ ငါးခြောက် များကို အဓိကအားဖြင့် သယ်ဆောင်ပြီး မီဇိုရမ်ပြည်နယ်သို့ တင်သွင်းရောင်းချကြသည်။
..............
Khonumthung
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။