သမိုင်းပါမောက္ခ ဒေါက်တာအေးကျော် အောက်မေ့ဘွယ် အခန်းအနား ဘန်ကောက်တွင်ကျင်းပ

မောင်မြတ်ညို(ဘန်ကောက်)
ဖေဖေါ်ဝါရီ   ၁၂

DSC_0508.jpg


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သော သမိုင်း ပါမောက္ခ ဒေါက်တာအေးကျော် အားရည်စူး၍ ဆွမ်းသွတ်အလှူပွဲနှင့် ဟောပြောပွဲ တစ်ခုအား ဘန်ကောက်မြို့ အခြေစိုက် ရခိုင်လူငယ်များက စုပေါင်းကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ ထပ်ခန်း ဘုန်းတော်ကြီးကျောင်းတွင် ဘန်ကောက်မြို့အခြေစိုက် ရခိုင်ဝံသာနုစာပေအသင်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်(ထိုင်းဌာနခွဲ)နှင့် ရခိုင်ဖေါင်ဒေးရှင်းတို့  ပူပေါင်းဆောင်ရွက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စာသင်သား ရခိုင်သံဃာတော် သုံးပါးတို့ အား ဆွမ်းနှင့်လှူဘွယ်ဝတ္ထု တို့ ဆက်ကပ်လှူဒါန်း ကြသည်။ ဤအခမ်းအနားသို့ ALP ပါတီ ဒုဥက္ကဌ ဦးခိုင်းစိုးနိုင်အောင်  နှင့်  ဘန်ကောက်အခြေစိုက် ရခိုင်လူငယ် များရာချီ တက်ရောက်ခဲ့သည်။

ဦးဆောင်ကျင်းပသည့် ကော်မတီ အဖွဲ့ဝင် ရခိုင်ဝံသာနုစာပီ အသင်း ဥက္ကဌ ခိုင်ကျော်လွင် က “ ဒီပုဂ္ဂိုဟ် ဟာရခိုင်လူမျိုးထဲက ရှားပါးတဲ့ သမိုင်းပညာရှင် တစ်ယောက်ဖြစ်တယ်။ ဒေါက်တာအေးကျော် လိုလူတစ်ဦး ကွယ် လွန်သွားခဲ့ တာဟာ ရခိုင်လူမျိုးအတွက်ရော မြန်မာနိုင်ငံသားတွေအတွက်ပါ အလွန်နှမြော စရာဖြစ်တယ်။ ရခိုင့်အမျိုးသား ဇာတိသွေး ဇာတိမာန်တွေကို တက်ကြွနိုးကြားအောင်နဲ့  ရခိုင့်စာပေ  ပေါ်ပေါက်ရေး၊ရခိုင့်နိုင်ငံ တော်ထူထောင်ရေး ကို နောက်ဆုံးအချိန်အထိ  လမ်းညွှန်ခဲ့တဲ့သူ ဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ ဒီအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောသည်။

ဒေါက်တာအေးကျော်သည် ရခိုင်အမျိုး သားရေး အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ) နာယကအဖြစ် ကွယ်လွန်သည်အထိ အမျိုးသားရေး တာဝန် ထမ်းဆောင် ခဲ့သည်။

နိုင်ငံတကာရောက် ရခိုင်လူမျိုးများ စည်းလုံးညီညွတ်မှု ရှိစေရန်အတွက် ရခိုင်အမျိုးသားများ အသင်းကို စတင်ဖွဲ့စည်းစဉ် ကတည်းက ပါဝင်ခဲ့သည်။ အဲဒီအသင်း၏ ပထမဆုံး ဥက္ကဌအဖြစ် ၂၀၀၅ခုနှစ်မှ၂၀၀၉ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

.......................

ကျွန်တော်တို့ (ကျောက်ဖြူ လူငယ်ကွန်ယက်) ဘလော့မှ ပို့(စ်)တွေကို ယူသုံးသူများ အနေနှင့် ကျွန်တော်ဆိုဒ်ကို လင့်ချိတ်ပေးဖို့ကိုတော့ ကျေးဇူးပြုလို့ မမေ့ပါနဲ့။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။