လေးဝတီ ရခိုင် ယဉ်ကျေးမှု အဖွဲ့အား ပြည်ထောင်စုနေ့တွင် တင်ဆက်ကပြရန် နိုင်ငံတော်အစိုးရမှ ဖိတ်ခေါ်


ထွန်းထွန်း
------------
နေပြည်တော်တွင် ကျင်းပမည့် (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့ပွဲတော်တွင် လေးဝတီ ရခိုင်ယဉ်ကျေးမူ အဖွဲ့အား ရခိုင်ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက် ဖြေဖျော်ရန် နိုင်ငံတော် အစိုးရက ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။


Rakhine-Thungran-Aka-Rangoon
" ဒီနှစ် နေပြည်တော်မှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့ ပွဲတော်မှာ ရခိုင် ရိုးရာ ယဉ်ကျေးမူ အကတွေနဲ့ တင်ဆက် ကပြဖို့ လေးဝတီအဖွဲ့က ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို နိုင်ငံတော်က ဖိတ်ခေါ်ထား ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ဇန်န၀ါရီ ၁၀ ရက်နေ့ နံနက် ၅ နာရီကားနဲ့ နေပြည်တော်ကို သွားဖို့အတွက် ခုကတည်း ကနေ လူတွေကို စီစဉ်နေပါတယ်" ဟု လေးဝတီ အဖွဲ့ဝင် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

နေပြည်တော် ပြည်ထောင်စုနေ့တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က ၁၂ ရက်နေ့ထိ သုံးရက်တိုင်တိုင် ရခိုင်ရိုးရာ ယဉ်ကျေးမူ အကများဖြင့် ဖြေဖျော် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ဗဟို အဆင့် ကျင်းပပြုလုပ်သော ပြည်ထောင်စုနေ့တွင် ပြည်နယ် အလိုက် ရိုးရာ ယဉ်ကျေးမူအဖွဲ့များကို ခေါ်ယူပြီး တင်ဆက်ကပြလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်နယ် ရိုးရာ အဖွဲ့များကို ခေါ်ယူခြင်း မရှိဘဲ နိုင်ငံတော် အနုပညာ ဦးစီးဌာန တင်ဆက် ကပြဖြေဖျော်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

"ထူးခြားတာတခုက တခြားနှစ်တွေကဆိုတော့ ပြည်နယ်တိုင်းက ယဉ်ကျေးမှု အဖွဲ့တွေကို ဖိတ်တာရှိပါတယ် ။ ပြည်နယ်တိုင်းက သူ့ယဉ်ကျေးမှုနဲ့သူ ကပြခွင့်ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ တိုင်းရင်းသားတွေက ယဉ်ကျေး မှု အဖွဲ့တွေကို မဖိတ်ဘဲနဲ့ နိုင်ငံတော် အနုပညာ အဖွဲ့က ဦးစီးပြီးတော့ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ ထူးခြားတာကတော့ ကျွန်တော်တို့ ရန်ကုန် အခြေစိုက် လေးဝတီ ရခိုင်ရိုးရာ ယဉ်ကျေးမူ အဖွဲ့ကို ဖိတ်ထားတာ ဖြစ်ပါတယ်။ ဒီအတွက် အရမ်းဝမ်းသာ ပီတိ ဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟုဆိုသည်။

လေးဝတီ ယဉ်ကျေးမူ အဖွဲ့အနေဖြင့် လူပေါင်း (၅၀) ခန့်ဖြင့် တက်ညီ လက်ညီ သွားရောက် ဖြေဖျော်ကြမည် ဖြစ်ကြောင်း သိရသည်။



------------------
.: နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။