ဇန္န၀ါရီလ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သော ရခိုင် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးကျော်၏ အောက်မေ့ဖွယ် အခမ်းအနားနှင့် ရက်လည် ဆွမ်းသွပ်ပွဲများကို ပြည်တွင်း ပြည်ပ နေရာ တချို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားများကို ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။
ဆရာကြီး၏ ရက်လည် ဆွမ်းသွပ်ပွဲနှင့် အလှူဒါန ပြုလုပ်သည့် အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇန္န၀ါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဓည၀တီ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အများအပြား တက်ရောက်ခဲ့ကြပြီး ထိုအထဲတွင် အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ရန်ကုန်တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်တွင် ပြုလုပ်နေစဉ်ဦးအေးသာအောင်က ဆရာကြီး ဒေါက်တာ အေးကျော် ကွယ်လွန်သွားမူ အပေါ် သူ့အမြင်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။
" အဓိကတော့ ဆရာကြီး ဒေါက်တာ အေးကျော်ဟာ သမိုင်း ပညာာရှင် တစ်ယောက်ဖြစ်တယ်။ စာအုပ် အတော်များများကို ရေးသား ပြုစု ခဲ့တဲ့ ပုဂ္ဂိုလ် လည်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အပါအ၀င် တိုင်းပြည် အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ အထူးသဖြင့် ရခိုင် လူမျိုးတို့ရဲ့ အမျိုးသားရေးနဲ့ တကွ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကိုလည်း ကျရာ ကဏ္ဍကနေပြီး ရောက်တဲ့ နေရာမှာ အကျိုးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ ဒေါက်တာ အေးကျော်ဟာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယက တစ်ဦး ဖြစ်တဲ့ အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ဆုံးရှုံးမူ ဖြစ်သလို ရခိုင်အမျိုးသားတွေ အတွက်လည်း အလွန်ကြီးမားတဲ့ ဆုံးရှုံး နစ်နာမူ ဖြစ်ပါတယ်။ ထို့အတူ အခုလို သမိုင်း ပညာရှင်ကြီး တစ်ဦး ဆုံးရှုံးသွားတဲ့ အတွက် မြန်မာနိုင်ငံအတွက်လည်း ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမူလို့ ခံယူပါတယ်" ဟု ပြောသည်။
ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံတွင် ဖူးကတ် မြို့တွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဇန္န၀ါရီလ ၂၇ ရက်နေ့က ကြီးမှူးကျင်းခဲ့သည်။ ကျင်းပရခြင်း ရည်ရွယ်ချက်ကို အဖွဲ့ဥက္ကဌ ကိုစိုးမြင့် ယခုကဲ့သို့ ပြောသည်။
ထိုင်းနိုင်ငံ ဖူးကတ်တွင် ကျင်းပနေစဉ် " ဆရာကြီး၏ မြင့်မြတ်တဲ့ အမျိုးသားရေး စိတ်ဓါတ်၊ ပညာအရည်အချင်းတွေကို လေးစားတဲ့ အနေနဲ့ ဆရာကြီးကို ကောင်းရာ သုဂတိသို့ ရောက်နိုင်ရေး အတွက် ဆုတောင်း အမျှပေးဝေရတာ ဖြစ်ပါတယ်။ ဆရာကြီး ခုလို ရုတ်တရက် သေဆုံး ကွယ်လွန်သွားတာ ဟာ ရခိုင်အမျိုးသားတွေ အတွက်သာမက မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်တော် လေးဝတီ အသင်းသူ အသင်းသားတွေက ခံယူပါတယ်။ ဆရာကြီးဟာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်း ပညာရှင် တစ်ဦး ဖြစ်တဲ့ အတွက် အထူးသဖြင့် ရခိုင်အမျိုးသားတွေ အတွက် ညာလက်ရုံး တခု ပြုတ်သွားသလို အစားထိုးမရတဲ့ ဆုံးရှုံးမူကြီး တစ်ရပ် ဖြစ်တာကြောင့် အခုလို ဆရာကြီးအတွက် ဆုတောင်း အမျှပေးဝေကို ပြုလုပ်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။
ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားတစ်ခုကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် နွားရုပ်တောင် ကျေးရွာတွင် လည်း ရခိုင်အမျိုးသမီး အစည်းအရုံးက ပြုလုပ်ခဲ့သည်။ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို RWU ဥက္ကဌ စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြောသည်။
RWU က ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ကျင်းပနေစဉ်"ဆရာကြီးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ရခြင်း ဦးတည်ချက်က နံပါတ်(၁) ရခိုင် သမိုင်း ပညာရှင်ကြီး ဒေါက်တာအေးကျော်လို အမျိုးသားရေးကို ဆောင်ရွက်သူ ပညာရှင်တွေ ရှားပါးတဲ့ အတွက် ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူများအပေါ် သူ့ရဲ့ တာဝန်ကျေပွန်မှုများကို ရခိုင်တမျိုး သားလုံး ကျယ်ပြန့်စွာ သိစေလိုတယ်။ အဲဒါက ပထမအချက် ဖြစ်ပါတယ်။ နံပတ် (၂) အချက်ကတော့ ဆရာကြီးဟာ ပညာကို အထူးကြိုးစား သင်ယူခဲ့ပြီး ထူးချွန်တဲ့ ဘွဲ့တွေ ရခဲ့တယ်။ ဒါကိုနောင်လာ နောင်သားတွေ အားကျ အတုယူကြိုးစားစေလိုတယ်။ (၃)ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး အ တွက် မျက်စိကွယ်နေတဲ့ကြားက မနားမနေ ကြိုးစားခဲ့တဲ့ ဆရာကြီးရဲ့ ဇွဲလုံ့လ သန္နိဌာန်တွေကို ရခိုင်တမျိုးသား လုံးက အတုယူကြိုးစားစေလိုတယ်။(၄) ဒါ့အပြင် မိမိကိုယ်၌က ဆရာကြီးကို ခင်မင်လေးစား တန်ဖိုးထားတယ်။ မိမိတို့ အပေါ်မှာလည်း အတိုင်းအတာ တခုထိ အသိအမှတ်ပြုတဲ့ ကျေးဇူးတွေကို ဖေါ်ထုတ်လိုတယ်။ တတ်နိုင်တဲ့ နည်းနဲ့  ကျေးဇူးဆပ်တာလည်း မည်စေလိုတယ် စတဲ့ဦးတည်ချက်တွေကြောင့် ဒီအခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ပါတယ် " ဟုပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြိတ်ဖက် ကျောင်းတွင်လည်း ဇန္န၀ါရီလ ၂၆ ရက်နေ့က ဆရာကြီး အေးကျော် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနား တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဆရာကြီးနှင့် လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်ကြသည့် ၁၉၈၈ စစ်တွေ သပိတ်ကော်မီတီ ဥက္ကဌ ဆရာ အေးကျော်၊ ဆရာ မောင်ဗသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးမောင်စစ်ဟန်၊ ဦးကျော်မောင်၊ ဦးစိုးမောင်နှင့် ဦးဝေစိန်အောင် စသည့် ပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြသည်။ ရခိုင်ညွှန့်ဖူး ဦးမောင်မောင်စောမှ ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားကျင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။
စစ်တွေ ဂြိတ်ဖက်ကျောင်းတွင် ပြုလုပ်နေစဉ်" ဆရာကြီး အခမ်းအနားကို လုပ်ရတဲ့ ရည်ရွယ်ချက်တော့ ရခိုင် ပညာရှင် ပညာတတ်ကြီးတွေထဲမှာ ဆရာကြီးဟာလည်း ကြီးကျယ် မြင့်မြတ်တဲ့ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကျွန်တော်တို့ အမှတ်တရ အဖြစ်နဲ့ အပြည်ပြည် အနယ်နယ် အရပ်ရပ်မှာ လုပ်ရတဲ့ ရည်ရွယ်ချက်က ဆရာကြီးလို ပညာတတ်တဲ့ ရခိုင်သူ ရခိုင်သားတွေဟာ ကိုယ့်ပြည် ကိုယ့်လူမျိုး အတွက် တစိုက်စိုက် မတ်မတ် စွန်းစွန်း တမံ လုပ်ကြစေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။ ခုလို အမျိုးသားရေးကို ရှေ့ရှု့တဲ့ လူပုဂ္ဂိုလ်တွေကို ပြည်သူလူထုက ပြန်ပြီး ဂုဏ်ပြုတတ်တယ်ဆိုတဲ့ အမြင်ကို မြင်စေလိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်" ဟု ပြောသည်။
ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားတွင် စာသင်ဖက် တရားရုံးချုပ် ရှေ့နေ ဦးကျော်သန်းမှ နိဂုံးချုပ် အမှာ စကားပြောကြားသွားခဲ့ကြောင်း သိရသည်။
ဆရာကြီး ဒေါက်တာ ဦးအေးကျော် အသုဘအား ယခုလ (ဇန္န၀ါရီလ ၂၁) ရက်နေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဆရာကြီး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအေးကျော် အထုပတ္တိ အကျဉ်း
ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။
ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ
1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။
လုပ်ကိုင်ခဲ့သော တာဝန်များ
1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။
ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ
1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
3. ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
4. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
5. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
6. The Voice of young. Cornell University, March 1990
7. Code and Custom in Burma and Thailand. Scotland. 1993
(ဆရာကြီး၏ အထုပတ္တိ အကျဉ်းကို Arakan Forward မှ ကူးယူ ဖေါ်ပြသည်။)
အခမ်းအနားများကို ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။
ဆရာကြီး၏ ရက်လည် ဆွမ်းသွပ်ပွဲနှင့် အလှူဒါန ပြုလုပ်သည့် အခမ်းအနားကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဇန္န၀ါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဓည၀တီ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အများအပြား တက်ရောက်ခဲ့ကြပြီး ထိုအထဲတွင် အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ရန်ကုန်တိုင်း ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် တို့ ပါဝင်ကြောင်း သိရသည်။
" အဓိကတော့ ဆရာကြီး ဒေါက်တာ အေးကျော်ဟာ သမိုင်း ပညာာရှင် တစ်ယောက်ဖြစ်တယ်။ စာအုပ် အတော်များများကို ရေးသား ပြုစု ခဲ့တဲ့ ပုဂ္ဂိုလ် လည်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားများ အပါအ၀င် တိုင်းပြည် အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ အထူးသဖြင့် ရခိုင် လူမျိုးတို့ရဲ့ အမျိုးသားရေးနဲ့ တကွ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကိုလည်း ကျရာ ကဏ္ဍကနေပြီး ရောက်တဲ့ နေရာမှာ အကျိုးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တယ်။ ဒေါက်တာ အေးကျော်ဟာ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် နာယက တစ်ဦး ဖြစ်တဲ့ အတွက် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွက် ဆုံးရှုံးမူ ဖြစ်သလို ရခိုင်အမျိုးသားတွေ အတွက်လည်း အလွန်ကြီးမားတဲ့ ဆုံးရှုံး နစ်နာမူ ဖြစ်ပါတယ်။ ထို့အတူ အခုလို သမိုင်း ပညာရှင်ကြီး တစ်ဦး ဆုံးရှုံးသွားတဲ့ အတွက် မြန်မာနိုင်ငံအတွက်လည်း ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမူလို့ ခံယူပါတယ်" ဟု ပြောသည်။
ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်းနိုင်ငံတွင် ဖူးကတ် မြို့တွင် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဇန္န၀ါရီလ ၂၇ ရက်နေ့က ကြီးမှူးကျင်းခဲ့သည်။ ကျင်းပရခြင်း ရည်ရွယ်ချက်ကို အဖွဲ့ဥက္ကဌ ကိုစိုးမြင့် ယခုကဲ့သို့ ပြောသည်။
ဆရာကြီး ဒေါက်တာ အေးကျော် အောက်မေ့ဝမ်းနည်းဖွယ် အခမ်းအနားတစ်ခုကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် နွားရုပ်တောင် ကျေးရွာတွင် လည်း ရခိုင်အမျိုးသမီး အစည်းအရုံးက ပြုလုပ်ခဲ့သည်။ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို RWU ဥက္ကဌ စောမြရာဇာလင်းက နိရဉ္စရာသို့ ယခုလိုပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဂြိတ်ဖက် ကျောင်းတွင်လည်း ဇန္န၀ါရီလ ၂၆ ရက်နေ့က ဆရာကြီး အေးကျော် အောက်မေ့ ဆုတောင်းပွဲ အခမ်းအနား တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဆရာကြီးနှင့် လုပ်ဖေါ်ကိုင်ဘက်များ ဖြစ်ကြသည့် ၁၉၈၈ စစ်တွေ သပိတ်ကော်မီတီ ဥက္ကဌ ဆရာ အေးကျော်၊ ဆရာ မောင်ဗသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးမောင်စစ်ဟန်၊ ဦးကျော်မောင်၊ ဦးစိုးမောင်နှင့် ဦးဝေစိန်အောင် စသည့် ပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြသည်။ ရခိုင်ညွှန့်ဖူး ဦးမောင်မောင်စောမှ ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားကျင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိရဉ္စရာသို့ ယခုလို ပြောသည်။
ဆရာကြီး အောက်မေ့ဖွယ် အခမ်းအနားတွင် စာသင်ဖက် တရားရုံးချုပ် ရှေ့နေ ဦးကျော်သန်းမှ နိဂုံးချုပ် အမှာ စကားပြောကြားသွားခဲ့ကြောင်း သိရသည်။
ဆရာကြီး ဒေါက်တာ ဦးအေးကျော် အသုဘအား ယခုလ (ဇန္န၀ါရီလ ၂၁) ရက်နေ့က အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဆရာကြီး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအေးကျော် အထုပတ္တိ အကျဉ်း
ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။
ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ
1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။
လုပ်ကိုင်ခဲ့သော တာဝန်များ
1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။
ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ
1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
3. ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
4. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
5. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
6. The Voice of young. Cornell University, March 1990
7. Code and Custom in Burma and Thailand. Scotland. 1993
(ဆရာကြီး၏ အထုပတ္တိ အကျဉ်းကို Arakan Forward မှ ကူးယူ ဖေါ်ပြသည်။)
--------------------
နိရဉ္စရာ
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။