ရခိုင်အချုပ် အချာအာဏာ ကျဆုံးနေ့ ဒိန်းမတ်၊ အိန္ဒိယ နှင့် အုန်းပြန့် ဒုက္ခသည် စခန်းတွင်လည်း ကျင်းပ

ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျရောက်ခဲ့သည့် ၂၂၇ နှစ်မြောက် ရခိုင် အချုပ်အချာအာဏာ ကျဆုံးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို အိန္ဒိယ၊ ဒိန်းမတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ အုန်းပြန့် ဒုက္ခသည် စခန်း တို့တွင်လည်း ကျင်းပ ခဲ့ကြသည်။


227-Arakan-Fall-down-day-celebrated-in-Danmark ဒိန်းမတ်နိုင်ငံတွင် ကျင်းပနေပုံ။
ဒီဇင်္ဘာလ ၃၁ ရက်နေ့ နေ့လည် ၂ နာရီတွင် နယူဒေလီမြို့ရှိ BCRC ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း များမကြာမှီက အိန္ဒိယ ထောင်ထဲက လွှတ်လာသူ ကိုဇော်မင်းထွန်းက ယခုကဲ့သို့ ပြောသည်။

"၂၂၇ နှစ်မြောက် ရခိုင်အချုပ်အချာကျဆုံးနေ့ကို ၀မ်းနည်း အောက်မေ့တဲ့ အထိမ်းအမှတ် အနေနဲ့ ကျင်းပ ပြုလုပ်တာဖြစ်ပါတယ်။ သဘာပတိအဖြစ် ALP ပါတီဥက္ကဌ ဦးခိုင်ရဲခိုင်က ဆောင်ရွက်ပြီး အဖွင့် မိန်းခွန်းစကား ပြောပါတယ်။ ပြီးတော့ ဦးသိန်းဖေနဲ့ ဗိုလ်မှူးစိုးနိုင်တို့ကလည်း မိန်းခွန်း စကားတွေ ပြောပါတယ်။"

၎င်းပြင်သူက ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဥက္ကဌ ခိုင်ရဲခိုင်မှ အမျိုးသား ညီညွှတ်ရေး စကားကိုလည်း ယခုလို ပြောသည်။

"ALP ပါတီ ဥက္ကဌကြီး ပြောတာကတော့ ကွဲပြားနေကြသည့် ရခိုင်တော်လှန်ရေးသမား အချင်းချင်း ညီးညွတ်ကြဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဗမာအစိုးရကို တော်လှန်ရန် အတွက် လက်နက်ကိုင် နည်းလမ်းမှ တခြားမရှိဟု ထည့်သွင်းပြောကြားသွားခဲ့ပါတယ်" ဟု ပြောသည်။
227-Arakan-Fall-down-day-celebrated-in-Thailand အုန်းပြန့် ဒုက္ခသည် စခန်းတွင် ကျင်းပေနေစဉ်။
အခမ်းအနားသို့ ရခိုင်အမျိုးသား ၄၀ ခန့်တက်ရောက်ခဲ့ပြီး ညနေ ၆ နာရီတွင် အဆုံးခဲ့ကြကြောင်း သိရှိရသည်။

အလားတူ ဒိန်းမတ်နိုင်ငံရောက် ရခိုင်အမျိုးသားများကလည်း ဒိန်းမတ်နိုင်ငံ ရော်နယ် မြို့တွင် ရခိုင်ဝံသာနု စာပေအသင်းမှ ဦးစီးပြီး နေ့လည် ၁ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပခဲ့ကြသည်။

"ကျွန်တော်တို့ အဓိက ဟောပြောခဲ့တာက ရခိုင်နိုင်ငံတော်ကြီးကို ဘီစီ ၆၀၀၀ ခန့်ကတည်း တည်ဆောက် လာပြီး မင်းဆက်ပေါင်း ၂၅၄ ဆက်၊ နန်းစံနှစ်ပေါင်း ၅၀၂၂ နှစ်ရှိခဲ့တယ်ဆိုတဲ့ ရခိုင်သမိုင်းအကြောင်းနဲ့ အခုလက်ရှိ စစ်အစိုးရ ဖိနှိပ်နေတဲ့အကြောင်းတွေကို ဟောပြောခဲ့ပါတယ်။ ချင်းအမျိုးသားတွေန။ဲ့ မွန်အမျိုးသားတွကလည်း ဟောပြောကြပါတယ်" ဟု ဦးဆောင် ကျင်းပသူ တဦး ကိုခိုင်မျိုးထွန်းက ပြောသည်။ အခမ်းအနားတွင် တောင်းဆိုခဲ့သည့် တောင်းဆိုချက် ၆ ချက်ကို ကိုခိုင်မျိုးထွန်းက ယခုကဲ့သို့ ဆက်ပြော သည်။

"ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့အချက်တွေက ရခိုင်ပြည်နယ်အတွင်း စစ်အစိုးရမှ ကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများ ရပ်တန့်ပေးရန်၊ ရခိုင်နိုင်ငံရေးသမားများအား ချွင်းချက်မရှိ ပြန်လွတ်ပေးရန်၊ ရခိုင်ပြည်မှ အတင်းသိမ်းယူ ထားတဲ့ ရှေ့ဟောင်းပစ္စည်း ရုပ်ဝတ္ထုတွေကို ပြန်ပေးရန်၊ အရှင်ပညာစာရ စောင့်ရှောက်ခဲ့တဲ့ ကလေး ၁၀၀ ကျော်ကို ရခိုင်ပြည်သို့ ပြန်ပို့ပေးရန်၊ ရခိုင်ပြည်မှာ ဆောက်လုပ် နေတဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီတွေကို အမြန်ဆုံးရုပ်သိမ်းပေးရန်နဲ့ ဆုံးရှုံးနေတဲ့ မူလ ရခိုင်ပြည်၏ အခွင့်အရေးတွေကို ပြန်လည်ရရှိရန် ဆိုတဲ့အချက်တွေကို တောင်းဆိုခဲ့ပါတယ်။"

အခမ်းအနားသို့ ချင်းနှင့် မွန်အမျိုးသားများအပါအ၀င် စုစုပေါင်း ပရိသတ် လေးဆယ် ကျောက် တက်ရောက် ခဲ့သည်။

စစ်အစိုးရလက်အောက်တွင် နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရသည့် ရခိုင်ပြည်သူများ လွှတ်မြောက်ရန် အတွက် ညီညွတ်ကြရန် လိုအပ်ကြောင်းကိုလည်း ရခိုင်ပြည်သူများကို သူက တိုက်တွန်းခဲ့သည်။

-----------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။