နာမည်ကြီး ရခိုင်တေးရေးဆရာ ဦးထွန်းအောင်သာ ကွယ်လွန်

ထွန်းထွန်း
----------
ရခိုင် နာမည်ကြီး တေးရေးဆရာ ဦးထွန်းအောင်သာသည် ဒီဇင်္ဘာလ ၂၃ ရက်နေ့တွင် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆီးချိုရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။

"ဆရာကြီး ဘ၀တပါးကို ပြောင်းသွားတာက ဒီဇင်္ဘာ ၂၃ရက်နေ့ နံနက် ၉ နာရီ၊ စစ်တွေပြည်သူ့ ဆေးရုံကြီးမှာ ဖြစ်ပါတယ်။ အသက်ဆုံးရတဲ့ အကြောင်းက ဆီးချိုနဲ့ ကျောက်ကပ် ရောဂါကြောင့် ဖြစ်ပါတယ်" ဟု ဆရာနှင့် နီးစပ်သူ လူငယ် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဦးထွန်းအောင်သာမှာ စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက်တွင် နေထိုင်ပြီး ဘ၀တပါးသို့ ပြောင်းသွား ချိန်တွင် အသက် ၅၇ နှစ် ရှိပြီဖြစ်သည်။

" ဆရာကြီး ထွန်းအောင်သာရဲ့ ကျေးဇူးကြောင့် ရခိုင် ဂီတ အနုပညာဟာ အများကြီး ဖွံ့ဖြိုး တိုးတက် ခဲ့ပါတယ်။ သူဘ၀ကို ဆရာက ရခိုင်ဂီတအတွက် နစ်မြုပ် ပေးဆပ်ခဲ့ပါတယ်။ ဆရာကွယ်လွန်သွားတာဟာ ရခိုင်ဂီတ လောကမှာ ဆုံးရှုံးမူကြီး တရပ် ဖြစ်ပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။

" ဆရာကွယ်လွန်သွားတာဟာ ရခိုင် လူမျိုးတွေ အတွက်ရော၊ ဂီတ လောက အတွက်ပါ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမူ တရပ်လို့ဘဲ ပြောချင်ပါတယ်" ဟု ရခိုင် နာမည်ကြီး အဆိုတော် ကိုမြတ်ခိုင်ကျော်က ပြောသည်။

သူရေးစပ်ပေးခဲ့သည့် သီခြင်းများနှင့် အတူ ရခိုင်ဂီတ လောကထဲ ၀င်ရောက်လာသူ တေးသံရှင် အများအပြားရှိပြီး ထိုအထဲတွင် သူ၏ သားအရင်း မောင်ကိုကိုလည်း ပါဝင်သည်။ သူရေးစပ်ပေးသော သီခြင်းများဖြင့် နာမည်ကျော်ကြားသူများ အထဲတွင် ဦးမောင်သိန်း၊ မညှာစိမ်းခိုင်လည်း ပါဝင်ကြောင်း သိရသည်။

ဆရာထွန်းအောင်သာအား မနေ့က (ဒီဇင်္ဘာလ ၂၄ ရက်) မန်ဇီ သချိုင်းတွင် မီးသဂြိုလ်ခဲ့ရာ ရခိုင်အနုပညာ လောကမှ တေးသံရှင်များ၊ တေးရေး ဆရာများ၊ ဂီတ ပညာရှင်များ၊ ရိုးရာအဖွဲ့များမှ အနုပညာရှင်များ အများအပြား တက်ရောက် ခဲ့ကြောင်း သိရသည်။



-------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။