Arakanhrodo
ရမ္မာဝတီ-ဇင်ကီး
ရွှံ့မီးတောင်ပေါက်ကွဲရာက ထွက်လာတဲ့ ချော်ရည်တွေဟာ တောင်ကုန်းပေါ်မှာ (၆) ဧကမျှ ပြန့်ကျဲသွားခဲ့တယ်။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ချော်ရည်တွေဟာ အရင်တုန်က မီးတောင်ပေါက်ကွဲစဉ်က ချော်ရည်တွေ စီးဆင်းတဲ့ လမ်းကြောင်းအတိုင်း တောင်ဘက်ကို (၄) ဖာလုံခန့်မျှ စီးဆင်းလာခဲ့တယ်။ မီးတောင်နားမှာ ရှိတဲ့ လယ်မားတွေဟာ စပါးရိပ်သိမ်းမယ့် အချိန်နီးကပ်နေတာကြောင့် ချော်ရည်တွေ စီးဆင်းလာမှာကို စိုးရိမ်နေကြတယ်ဆိုပြီး ဘောရဘာကျေးရွာက လယ်သမားတစ်ဦးက စိုရိမ်စိတ်နဲ့ပြောလာခဲ့တယ်။
ရွံ့မီးတောင်က မနက်(၇) နာရီမှာပေါက်ကွဲသံနဲ့အတူ ချော်ရည်တွေပန်းထွက်လာပြီး အမြင့်ပေ(၂၀) ခန့်ထိ မြင့်တက်သွားခဲ့တယ်။ တစ်နေ့တည်းမှာ မီးတောင် နှစ်ကြိမ်းပေါက်ကွဲခဲ့တာ ဖြစ်ပြီး ဒုတိယ အကြိမ် ပေါက်ကွဲတဲ့အခါမှာလည်း ချော်ရည်တွေဟာ အမြင့်ပေ (၁၀) ခန့်မြင့်တက်သွားခဲ့ပြီး တောင်ပေါက်ကွဲမှုဟာ ညနေ(၅)နာရီခန့်အချိန်လောက်မှ ငြိမ်သက်သွားခဲ့တယ်။
ယခုရွှံ့မီးတောင်ဟာ ၁၉၉၀ ခုနှစ်တုန်းကလည်း တကြိမ်ပေါက်ကွဲခဲ့ပြီး လယ်ဧက (၂၀) ကျော်ပျက်စီးခဲ့တယ်၊ ၂၀၀၀ ခုနှစ်မှာလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပြန်သေးတယ်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ နေရာအနှံဆိုသလို မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး စိုင်ခြုံးကျေးရွာ အနီး နဂါးတောင်မှ နဂါးမီးတောင်ဟာ ၂၀၀၈ ခုနှစ်မှာ မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့တယ်။ ချော်ရည်တွေ ပန်းထွက်လာတဲ့အတွက် လယ်မြေ ဧက (၄၀)ကျော် ပျက်စီးခဲ့တယ်။ ရွှံ့မီးတောင်က ရွှံ့ရည်၊ ချော်ရည်တွေ ပေ၁၀၀ ခန့် မြင့်တက်ခဲ့ပြီး မီးတောက် မီးလျှံတွေဟာ ပေ ၄၀၀ ခန့်ထိ မြင့်တက်ခဲ့တယ်။
ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာ ရှိတဲ့ရွှံ့မီးတောင်တွေလည်း ၂၀၀၄ ခုနှစ် ဆူနာမီဖြစ်ပွားပြီး နောက်ပိုင်းမှာ ၂၀၀၉ခုနှစ် ထိ နှစ်စဉ်လိုလို မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာခဲ့တာ၊ ပေါက်ကွဲမှုတွေကြောင့် မီးတောင်ခြေရင်းရှိ လယ်မြေများကို ချော်ရည်တွေ ဖုံးလွှမ်းသွားတဲ့အတွက် လယ်မြေများ ပျက်စီးသွားခဲ့တယ်။ ဒေသခံ တောင်သူလယ်သမားတွေဟာ လယ်မြေတွေကို စွန့်ပစ်ထားလိုက်ရပြီ မီးတောင်အနီးမှာ နေထိုင်တဲ့ရွာသားတွေဟာ မိမိရပ်ရွာ တွေကို စွန့်ခွါကာ တခြား ကျေးရွာတွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ ကြရတယ်။
၂၀၀၉ ခုနှစ်က နဂါးကျေးရွာထဲ နေအိမ်ခြံဝင်းတွေ၊ လမ်းတွေမှာ နဂါးကျစ်မြေတွေ ပေါ်ထွက်လာပြီး ရေများပန်းထွက်လာတဲ့အတွက် ရွာသားတွေဟာ မနေရဲ တော့ဘဲ အနီးအနားကျေးရွာများ၊ မြို့ပေါ်သို့ ပြောင်းရွေ့သွားရပြီး စိုက်ပျိုးထားတဲ့ လယ်မြေတွေဟာလည်း ဧက ၂၀ ကျော် ပျက်စီးသွားခဲ့တယ်။
မီးတောင်ပေါက်ကွဲခြင်း တွေကြောင့် ချော်ရည်ပူတွေစီးဆင်းလာနိုင်သလို လေထုကိုလည်း အဆိပ်ငွေ့တွေ ပျံ့ နှံ့စေနိုင်ပါတယ်။ များပြားလှတဲ့ ချော်ရည်ပူတွေ ကြောင့် အနီးတ၀ိုက် ပတ်ဝန်းကျင်ရှိမှရှိနေတဲ့ နေအိမ်၊ လယ်ယာမြေတွေအပြင် သတ္တ၀ါတွေရဲ့ အသက်၊ အိုးအိမ် ပေါင်းများစွာကိုလည်း ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ သဘာဝအန္တရာယ် တစ်မျိုးဟုပင်ပြောရပေမည်။
ယခုကမ္ဘာအရပ်ရပ်တွင် ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်မှာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော ”သဘာဝ ဘေးအန္တရာယ်ကြီး” များ၏ ဒဏ်ပင်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဟု ဆိုလျှင် သဘာဝအလျှောက် ဖြစ်ပေါ် ပြောင်းလဲနေသော ရေ၊ လေ၊ နေ၊ မြေတို့ အပြင် လူ့ပယောဂကြောင့်လည်း သဘာဝ ဘေးအန္တရာယ်တို့၏ ဒဏ်ကို တစတစ ခံစားလာကြရသည်ကို ငြင်း၍ ရမည်မထင်ပါ။
ကမ္ဘာပေါ်တွင် (၁၇၆ဝ)ခုနှစ်မှ စတင်၍ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး နောက်ပိုင်း စက်ရုံအလုပ်ရုံများ တိုးပွားလာခြင်း၊ ရုပ်ကြွင်းလောင်စာ၊ ကျောက်မီးသွေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီများစွာ အသုံးပြုလာကြခြင်း၊ လူဦးရေများနှစ်စဉ် တိုးပွားလာခြင်း စသည်တို့ကြောင့် ကမ္ဘာကြီးရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို တစ်နေ့ထက်တစ်နေ့ ထိခိုက်လာခဲ့ရသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းကြောင့် ယနေ့လူသားများ ခံစားနေရသော ကမ္ဘာကြီးပူနွေးလာခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်း၊ မီးတောင်ပေါက် ကွဲခြင်းစသည့်သဘာဝကြီးက ပြန်လည်ဒဏ်ခတ်သော ဘေးအန္တရာယ်များကို ခံစားနေကြရသည်။
ရမ္မာဝတီ-ဇင်ကီး
တစ်ခါ တရံမှာ အမှတ်မထင် ပေါ်ပေါက်လာတဲ့ မီးတောင် ပေါက်ကွဲမှုတွေကြောင့် ပတ်ဝန်ကျင်မှာ နေထိုင်ကြတဲ့ လူတွေကို တုန်လှုပ်ခြောက်ရှားစရာတွေ ဖြစ်လာနိုင်သလို ပေါက်ကွဲမှုရဲ့ အကျိုးဆက်တွေကြောင့် လယ်ယာမြေ၊ အိုးအိမ်တွေကိုပါ ထိခိုက် ပျက်စီးစေခဲ့တယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ ၃၈ မိုင်အကွာ၊ ဘောရဘာ ကျေးရွာအနီးမှာ ရှိတဲ့ ရွံ့မီးတောင်တစ်လုံးဟာ နိုဝင်ဘာ (၂၆) နေ့ နံနက် (၇) နာရီမှာ မီးပေါက်ကွဲမှုဖြစ်ပေါ်လာခဲ့တာကြောင့် ပတ်ဝန်ကျင်ရှိ လူတွေကို စိုးရိမ်းစိတ်တွေ ဖြစ်ပေါ်လာစေတယ်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။