လစ်ဗျား တော်လှန်ရေးမှ ကလေးငယ်များ (ဓာတ်ပုံအက်ဆေး)

ဝင့်ထန်း

စစ်ပွဲတွေ ဆက်လက်ဆင်နွှဲနေတာနဲ့အမျှ ကလေးတွေလည်း စစ်သားများ၊ လူသားဒိုင်းများ၊ ရပ်ကြည့်သူများအဖြစ် ပါဝင်ရမြဲ ဖြစ်သည်။ ကဒါဖီကို ဖယ်ရှားဖို့ကြိုးစားတဲ့ လစ်ဗျားတော်လှန်ရေး မှာလည်း ကလေးတွေက စစ်ပွဲရဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့သည်။
နေတိုးတပ်တွေနဲ့ သူ့ပုန်တွေရဲ့ စစ်ဆင်မှုကို ကာကွယ်ဖို့အတွက် ကဒါဖီက ကလေးတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူများနဲ့ မိဘမဲ့တွေ များပြားလာသည်။ စစ်ပွဲကာလ ခြောက်လအတွင်း လူ ၃၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ အများစုက ကလေးများနဲ့ လူငယ်လူရွယ်တွေ ဖြစ်သည်။
အထက်ပုံက ဩဂုတ်လ ၂၉ ရက်နေ့ ထရီပိုလီမြို့လယ် Rashid ဈေးလမ်းကြားမှ ကျဉ်ဆံကိုင်ထားတဲ့ ကလေးငယ် တစ်ဦး။

စက်တင်ဘာ ၃ ရက်နေ့ ထရီိပိုလီ အာဇာနည်ရင်ပြင်ပေါ် အလံကိုင်ပြီး ဖြတ်လျှောက်သွားကြတဲ့ လူငယ်နှစ်ဦး။ ဖေဖော်ဝါရီလကတည်းက လစ်ဗျားရှိ ကျောင်းတွေကို ပိတ်ထားခဲ့သည်။ ကလေးအများစုက တော်လှန်ရေးသီချင်းတွေဆိုပြီး သွားလာနေကြသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ထရီပိုလီမြို့ အာဇာနည် ရင်ပြင်ပေါ် ထောင်သောင်းချီ အောင်ပွဲခံနေစဉ်၊ မြူးပျော်နေတဲ့ ဖခင်တစ်ဦး ကလေးငယ်ကို အကြိမ်ကြိမ် ချီမြှောက်ထားခဲ့သည်။

ဩဂုတ်လ ၂၀ ရက်နေ့ ထရီပိုလီ အနောက်ဖက် ဇာဝီယာမြို့မှ တင့်ကားအပျက်ပေါ် တက်ထိုင်နေတဲ့ ချာတိတ်။

ဩဂုတ်လ ၂၇ ရက်နေ့ ထရီပိုလီ အာဇာနည်ရင်ပြင်အနီးမှာ ကျဉ်ဆံခွံများကို ဆော့ဖို့ စုနေတဲ့ ကလေးများ။

ဩဂုတ်လ ၂၁ ရက် ထရီပိုလီမြို့ အစိတ်အပိုင်းအများစု သူပုန်တွေလက် ကျဆုံးပြီး၊ ထောင်ချီ အောင်ပွဲခံရာမှာ ကလေးအများအပြား ပါဝင်ခဲ့သည်။

ဇူလိုင် ၁ ရက်နေ့ မစ်ရာတာ ဆိပ်ကမ်းမြို့ ပစ်ခတ်မှုများ ဖြစ်ပွားအပြီး၊ အပျက်အဆီးပုံတွေကြား လူငယ်နှစ်ဦး လမ်းလျှောက်နေခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၆ ရက်၊ အဘူဆလမ်မြို့ ပြည်သူ့ဆေးရုံဝင်းအနီး အလောင်းတွေ စုပုံထားတဲ့အနားမှ လစ်ဗျား မိန်းကလေးတစ်ဦး ဖြတ်လျှောက်သွားသည်။ သူ့ကို ICRC အဖွဲ့က ကယ်တင်နိုင်ခဲ့သည်။

ဇူလိုင် ၁၃ ရက်၊ လစ်ဗျား အရှေ့ဘက် အက်ဂ်ျဒါဘီယာမြို့မှ လူငယ်နှစ်ဦး အိပ်ခန်းထဲ ရော့ကက် ထိမှန်ခဲ့သည်။

ဩဂုတ်လ ၉ ရက်နေ့ ဇာလစ်တန်မြို့ ဆေးရုံကို အလည်ရောက်လာတဲ့ ဂျာနယ်လစ်တွေကို ဖခင်တစ်ဦးက သူ့ကလေးရဲ့ အလောင်း ပြသငိုကြွေးခဲ့သည်။

စက်တင်ဘာ ၂ ရက်နေ့ ထရီပိုလီ အာဇာနည် ရင်ပြင်ပေါ် သောကြာနေ့ နေ့လည်ခင်း လူကြီးများနဲ့ အတူ ၀တ်ပြုဆုတောင်းနေတဲ့ မိန်းကလေး။

စက်တင် ၃ ရက်နေ့က မစ်ရာတာမြို့မှာ NGO ၀န်ထမ်းတွေ အလုပ်လုပ်နေစဉ်၊ တင့်ကားပျက်ပေါ် တက်ဆော့နေတဲ့ ကလေးများ။

စက်တင်ဘာ ၁၂ ရက်၊ ဘာနီ ၀ါလစ်မြို့ သွားတဲ့ လမ်းပေါ်မှာ လစ်ဗျားသူပုန်တစ်ဦးမှ လူငယ်တစ်ဦးကို သေနတ်ကိုင်တွယ်ပုံ ပြသနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့၊ ၀ိုင်းပတ်ခံထားရတဲ့ ဘာနီ ၀ါလစ်မြို့မှ ထွက်ခွာတဲ့ မိသားစုနဲ့အတူ ပါလာတဲ့ မိန်းကလေးတစ်ဦးက ဂိတ်စောင့်ကို မကြည်ကြည့် ကြည့်ခဲ့သည်။ နေတိုး တိုက်ခိုက်မှု ပြုလုပ်တော့မှာမို့ မိသားစုတွေကို မြို့ထဲက ထွက်ဖို့ ပြောဆိုထားသည်။

ဩဂုတ်လ ၂၇ ရက် ထရီပိုလီရှိ ကဒါဖီရဲ့ စစ်တပ်ဝင်းထဲမှ ပြောင်းရွှေ့ဖို့ အိုးခွက်ပန်းကန် သယ်နေတဲ့ ကလေးများ။ ၄င်း Bab al-Aziziya စစ်တပ်ဝင်းကို တိုးရစ်ဇင် နေရာဖွင့်လှစ်ဖို့ သူပုန်အစိုးရက စီစဉ်နေသည်။

စက်တင်ဘာ ၃ ရက်၊ မစ်ရာတာမြို့ ဗုံးဒဏ်ခံထားရတဲ့ နေရာမှာ သေနတ်အတု ကိုင်နေတဲ့ လူငယ်။

စက်တင်ဘာ ၁၃ ရက်၊ ထရီပိုလီမြို့ လမ်းဘေး စွန့်ပစ်တင့်ကားထဲ ၀င်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ လစ်ဗျား လူငယ်တစ်ဦး။
Source: FP
ဝင့်ထန်း

http://www.maukkha.org/index.php?option=com_content&view=article&id=1829:2011-09-19-18-02-31&catid=120:2010-10-11-07-37-22&Itemid=374
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။