Paul and All of BEWG Members သို့ အိတ်ဖွင့်ပေးစာ

Dear Paul and all of BEWG members,

အားလုံးကို လေးစားစွာဖြင့်

မကြာသေးခင်က BEWG အနေနဲ့ထုတ်ပြန်သွားသော အစီရင်ခံစာ၏ စာမျက်နှာ ၁၅ တွင် မြန်မာနိုင်ငံအတွင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများစာရင်းတွင် ရိုဟင်ဂျာ လူမျိုးနာမည်ကို ထည့်သွင်းပေါ်ပြထားခြင်းနဲပက်သက်၍ AOW အနေဖြင့်လုံးဝ လက်မခံနိုင်ပါ။

ဒီကိစ္စနဲ့ပက်သက်လို့ လိုရင်းကို အတိုဆုံးရှင်းပြပါရစေ။
ရိုဟင်ဂျာ ဆိုသော နာမည်အသုံးအနှုန်းကို မြန်မာနိုင်ငံအတွင်းနေထိုင်သည့် လူမျိုးများစာရင်းတွင် ထည့်သွင်းပေါ်ပြထားခြင်းသည် ရခိုင်လူမျိုး၏သမိုင်းနဲ့ရခိုင်လူမျိုးတို့၏ ပိုင်နက်နယ်မြေ၊ဘိုးဘွားပိုင် အမွေအနှစ်၊ နိုင်ငံရေး စသည့် ရခိုင်လူမျိုးတို့၏ အရေးအရာ အားလုံးကို အများကြီးရှုပ်ထွေးစေပါသည်။

ပြည်တွင်းပြည်ပ ရခိုင်တမျိုးသားလုံးအနေနဲ့ ရခိုင်ပြည်တွင် ရိုဟင်ဂျာ ဆိုသော တိုင်းရင်းသား Ethnicity (သို့) ဌာနေတိုင်းရင်းသား Indigenous people များ ရှိသည်ဆိုခြင်းကို လုံးဝလက်မခံပါ။ ရခိုင်ပြည်တွင် လက်ရှိနေထိုင်လျက်ရှိသော မူဆလင်လူမျိုး များကို အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများဖြစ်သည်ဟု ရခိုင်သမိုင်းအရ လက်ခံထားပါသည်။
ရိုဟင်ဂျာ ဟူသောအမည်ကို Ethnicities များနေရာတွင် ထည့်သွင်းဖေါ်ပြလိုက်ခြင်းဖြင့် ရိုဟင်ဂျာအမည်ကို အသိအမှတ်ပြုလက်ခံရာရောက်သွားပါသည်။ ထိုသို့ ရိုဟင်ဂျာအမည်ကို တိုင်းရင်းသား နေရာတွင် လက်ခံအသိအမှတ်ပြုရာ ရောက်ခြင်းအားဖြင့် ထိုလူမျိုးများဧ။် သီးခြားပိုင်နက်နယ်မြေ ပိုင်ဆိုင်ဆိုင်မှုများ တောင်းဆိုထားခြင်းကိုပါ အသိမှတ်ပြုရာရောက်သွားပါသည်။

ကျွန်တော်တို့ ရခိုင်လူမျိုးများအနေဖြင့် လက်ခံထားသည်မှာ ထိုလူမျိုးများသည် အိမ်နီးချင်းနိုင်ငံများမှ ၀င်ရောက်လာပြီး အတည်တကျနေထိုင်လာခဲ့ကြာသော ဘင်္ဂါလီ(ဥပမာအားဖြင့် မြန်မာနိုင်ငံမှ မြန်မာလူမျိုးများ ထိုင်းနိုင်ငံထဲ ၀င်ရောက် လာသကဲသို့ ) လူမျိုးများသာဖြစ်ပါသည်။ ထိုလူမျိုးများမှာ ရခိုင်ပြည်တွင် သီးခြားနယ်မြေပိုင်ဆိုင်ခွင့်မရှိပါ။

ထိုထက်ပိုဆိုးလာသည်မှာသည်မှာ တချို့အစွန်းရောက် ရိုဟင်ဂျာ အမည်ခံများက ရခိုင်သမိုင်းတလျှောက်လုံးသည် မူဆလင် သမိုင်းဖြစ်ပြီး ရခိုင်ပြည်သည် ရိုဟင်ဂျာခေါ် မူဆလင်များ ပိုင်သော ပြည်နယ်တခု အဖြစ်နိုင်ငံတကာတွင် ပြောဆိုလာကြသည်။ ရိုဟင်ဂျာဆိုသောအမည်သည် ရခိုင်လူမျိုးများအတွက် လူမျိုးပျောက်အောင်ခြိမ်းခြောက်လာသည့် နာမည်တခု ဖြစ်လာသည်။
သို့ဖြစ်ပါသောကြောင့် ရခိုင်လူမျိုးများအနေဖြင့် ရိုဟင်ဂျာဆိုသော အမည်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေရခြင်းဖြစ်သည်။ ကာကွယ်ရမည့်တာဝန်မှာ တမျိုးသားလုံးဧ။် တာဝန်တခုအဖြစ်ရှုမြင်ကြသည်။ရခိုင်လူမျိုးများဧ။် ကြီးမားသော ပြသနာတရပ် အဖြစ် ရှုမြင်ကြသည်။

ရခိုင်အဖွဲ့အစည်းများ ကိုယ်စားပြုပါဝင်နေသော BEWG ဧ။် အစီရင်ခံစာတွင် ရိုဟင်ဂျာ နာမည်ကို တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်းသည် မဖြစ်သင့်သော ကိစ္စတခုဖြစ်သည်။ နောင်တချိန်တွင် ရိုဟင်ဂျာ ဆိုသော သူများက ရခိုင်အဖွဲ့အစည်းများနှင့်တကွ တခြားတိုင်းရင်းသား အဖွဲ့အစည်းများ ကိုယ်စားပြုပါဝင်နေသော BEWG ဧ။် အစီရင်ခံစာတွင် အသိအမှတ်ပြုဖော်ပြပါရှိခဲ့ပါသည်ဟု ကိုးကား သုံးနှုန်း လာမည်ကို ကျွန်တော်တို့အနေဖြင့် လုံးဝ အဖြစ် မခံနိုင်ပါ။ AOW အနေဖြင့်လည်း သမိုင်းတရားခံအဖြစ် အရောက် မခံနိုင်ပါ။

သို့ဖြစ်ပါသောကြောင့် BEWG အနေဖြင့် တိုင်းရင်းသားလူမျိုးများစာရင်းတွင် ရိုဟင်ဂျာ နာမည်ထည့်သွင်းရေးသားထားခြင်း ကို ပြန်လည်ပြုပြင်ပြီး စာတစောင် (statement) ထုတ်ပြန်ရန် လိုအပ်သည်ဟု ရှုမြင်ပါသည်။ အကြောင်းမှာ BEWG မှ မကြာခင်ကထုတ်ဝေသော အစီရင်ခံစာသည် အင်တာနက်နဲ့ တခြားတခြားသော နေရာများတွင် ပြန့်နှံ့ပြီး ဖြစ်နေသောကြောင်းဖြစ်ပါသည်။ ထို့ အပြင် BEWG သည် မိမိ ထုတ်ပြန်သော အစီရင်ခံစာအတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိရပါမည်။

သို့ဖြစ်ပါဖြင့် BEWG အနေဖြင့် ရိုဟင်ဂျာ နာမည်ကို တိုင်းရင်းသားအမည်စာရင်းတွင် မပါရှိသော ပြင်ဆင်ချက် statement တခုအမြန်ဆုံးထုန်ပြန်ရန် AOW အနေနဲ့ တောင်းဆိုပါသည်။ ထိုသို့လုပ်ဆောင်၇န် အစည်းအဝေး တခု လုပ်ဖို့ လိုအပ်ပါက အမြန်ဆုံးလုပ်ဆောင်ရန် လည်းအကြံပြုပါသည်။

ဒီmovement အတွင်းတွင် အတူတူ လက်တွဲ လုပ်ဆောင်နေကြသော BEWG အဖွဲ့ ၀င် အဖွဲ့အစည်းများအနေဖြင့် ကျွန်တော်တို့ဧ။် အခြေအနေများကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသည်။

မှတ်ချက်။ ။ အစီရင်ခံစာတွင် ရိုဟင်ဂျာအမည်ကို ထည့်သွင်းဖေါ်ပြထားခြင်းကို အစီရင်ခံစာ မထုတ်ခင်က ကြိုတင် သတိမမူ မိခြင်းသည် ကျွန်တော်တို့ဧ။် အားနည်းချက်ဖြစ်ပါသည်။ သို့သော် ရိုဟင်ဂျာအမည်ကို BEWG ဧ။် အစီရင်ခံစာတွင် ပါလာလိမ့်မည်ဟုလည်းလုံးဝမျှော်လင့်မထားခဲ့ပါ။

အားလုံးကို လေးစားစွာဖြင့်

ကျော်ခိုင်
ရခိုင် ရေနံစောင့်ကြည့်ရေး အဖွဲ့ 

.....................
အထူးမှတ်ချက်။ ။ အီးမေးထဲကိုရောက်လာသော Forward Mail ပြန်လည်ပြီးတင်ပြခြင်းဖြစ်ပါသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။