ရခိုင် ဆင်းရဲမွေတေမှု ငွေချေး၍ တိုက်ဖျက်မည်

ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမူကို ဆင်းရဲသားများကို ငွေချေးဌားပြီး တိုက်ဖျက်ရန် ရခိုင်ပြည်နယ် အစိုးရမှ စီစဉ် ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

ထိုသို့ ငွေချေးဌားပြီး တိုက်ဖျက်ရန် စီမံကိန်းကို အကောင်အထည် ဖေါ်ရန်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဉီးလှမောင်တင်သည် စီးပွား ကူးသန်းဝန်ကြီး နှင့် အခွန်ဘဏ္ဍာ ဝန်ကြီးတို့ နှင့် အတူ ယခုလ ၁၆ ရက်နေ့က ပုဏ္ဍားကျွန်းမြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။


Ponna-Kyunt-Arakan ဤမြို့ရှိ ဆင်းရဲသားများအား ကျပ်ငွေ နှစ်သောင်း ထုတ်ချေး၍ ဆင်းရဲမွဲတည်မူကို လျော့ချရန် အစိုးရမှ စီစဉ်နေသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
" ဟုတ်ပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ဟာ ဒီလ ၁၆ ရက်နေ့က ပုဏ္ဍားကျွန်းကို လာပါတယ်။ နိုင်ငံတော် အစိုးရသစ် လက်ထက်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းကို အကောင် အထည်ဖော်ရန် လာရောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်" ဟု ပုဏ္ဍားကျွန်းမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားကို ပုဏ္ဏားကျွှန်းမြို့ရှိ ဦးရာဇ် မင်္ဂလာခန်းမတွင် စက်တင်္ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီ ခွဲထိ ကျင်းပခဲ့သည်။ မြို့ပေါ်မှ ဌာနဆိုင်ရာ ဝန်ထမ်း အချို့နှင့် မြို့မိမြို့ဖ (၆၀) ခန့် တက်ရောက်ပါသည်၊

" ၀န်ကြီးက ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ အတွက် ပြည်နယ်အစိုး အဖွဲ့မှ မတည်ငွေ (၁၀)သိန်း နှင့် မြို့ပ်ါရှိ လုပ်ငန်းရှင်များမှ မတည်ငွေ (၁၂)သိန်း စုစုပေါင်း (၂၂) သိန်းဖြင့် စတင် အကောင်အထည်ဖေါ် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီငွေကို ဆင်းရဲတဲ့ ဈေးသည် တွေကို ပဏာမ ထုတ်ချေး သွားမှာဖြစ်တယ်။ အောင်မြင်ပါက ဆက်လက်လည်း ပုံမှန် ထုတ်ချေး သွားမှာဖြစ်တယ်လို့ ပြောကြားသွားပါတယ်" ဟု သူက ဆိုသည်။

မတည်ငွေ ၂၂ သိန်းအား ပုဏ္ဏားကျွန်း ဈေးပြင်ပ လမ်းမပေါ်တွင် မိမိအခင်း မိမိထီးဖြင့် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးသည်များနှင့် ရေတွက် ငါးအချို့ ရောင်းချနေသူများကို စတင် ထုတ်ချေးမည်ဟု သိရသည်။

"သူတို့ က တစ်ဉီးကို ကျပ် ၂၀ဝ၀ဝ ကနေ ၃၀ဝ၀ဝ အထိ ထုတ်ချေးပေးမယ်။ အတိုးကတော့ ငွေကျပ် ၁၀ဝိ မှာ (၂)ကျပ် တိုးနဲ့ ဖြစ်ပါတယ်။ ပြန်လည် ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေထုတ်ချေးတဲ့ အခါ တဦးတည်းကို ထုတ်မချေးဘဲ ဆင်းရဲမွဲတေသူ ၄ ယောက် သို့မဟုတ် ၅ ယောက်ကို အုပ်စုဖွဲ့ပြီး ထုတ်ချေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

ထိုငွေများကို အစုစနစ်ဖြင့် ထုတ်ချေးမည် ဖြစ်ပြီး ထိုအစုထဲမှ တစ်ဦးဦး အကြောင်းအမျိုးမျိုးးကြောင့် ပြန်လည် မပေးဆပ်နိုင်လျှင် ကျန်သူများမှ ၄င်း၏ အကြွေးကို ဝိုင်းဝန်းပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေချေးမည့် ကိစ္စနှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမြို့မှ လမ်းဘေးဈေးသည် အမျိုးသမီး တဦးအား မေးကြည့်ရာ သူမက ယခုလို ပြောသည်။

" ချေးမယ့်ငွေက ဘယ်တော့ရမယ်။ ဘယ်လောက်ရမယ် ဆိုတာလည်း မသိပါရသေးဘူး။ အပြင်က ချေးရင် ၁၀၀ ကို ၁၀ မဟုတ်ရင် ၁၅ ကျပ်ပေးရတယ်။ အခု ၂ ကျပ်နုန်းနဲ့ ရမယ်ဆိုတော့ ကောင်းတာ ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကျွန်မတို့ အဲဒီငွေတွေကို ရဖို့ထက် မြို့နယ် စည်ပင်သာယာက အခွန်တွေ တိုးကောက် နေတာကိုဘဲ ရပ်တန့်ပေးဖို့ ကျွန်မတို့ လိုလား နေပါ တယ်။ သူတို့က တစ်နေ့ကို ၂၀၀ ကျပ်နုန်းနဲ့ ကောက်ခံနေတဲ့ အတွက် ကျွန်မတို့မှာတော်တော် အခက်အခဲကြုံနေရပါတယ်။ တစ်နေ့ ၂၀၀ ကျပ် ဆိုတော့ တစ်လမှာ ၆၀၀၀- ကျွန်မတို့ မတတ် နိုင်ပါဘူး" ဟု ပြောသည်။

ပုဏ္ဍားကျွန်း စည်ပင် သာယာမှ ယခုနှစ် ၉ လပိုင်းကုန်မှ စပြီး ဈေးပရဝုဏ် အတွင်းရှိ လမ်းမပေါ်၌ မိုးကာခင်းပြီး ရောင်းနေသော (၃) ပေအကျယ် ရှိ ဈေးသည် တစ်ဉီးလျှင် တစ်နေ့ကို (၂၀ဝ) ကျပ်နှုန်းဖြင့် ငွေကောက်ခံနေသည်ဟု သိရသည်။

မြို့နယ်စည်ပင်ဉီးစီးဌာနမှ တစ်နေ့ (၂၀ဝ)ကျပ် ကောက်ခံမည်ဟု စည်ပင်မှ ဆိုင်းဘုတ် လာရောက်စိုက်ထူထားကြောင်းနှင့် အမိုးအကာ တစုံတရာ လုပ်ဆောင်ပေးခြင်း မရှိဘဲ ငွေ ၂၀၀ ကောက်ခံနေခြင်းကြောင့် ဈေးသည်များမှာ အခက်အခဲ ဖြစ်နေကြကြောင်း သတင်း ရရှိသည်။ 



http://www.narinjara.com/detailsbur.asp?id=3491
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။