အိမ်ရှင်မရှာပုံတော်
“ဖရက်”ဟာ အသက် ၃၂ နှစ်ရှိ လူပျို လူလွတ် တစ်ယောက်ဖြစ်သည်။ တစ်နေ့သောအခါ သူ့သူငယ်ချင်းက သူ့ကိုမေးသည်။
“မင်းဘာကြောင့် လက်မထပ်တာလဲ။ မင်း အိမ်ရှင်မကောင်းဖြစ်မယ် (ခြောက်ပြစ်ကင်းတဲ့) မိန်းမကိုရှာမတွေ့လို့လား။”
“ဖရက်”က ပြန်ပြောလိုက်သည်။
“အထူးသဖြင့်ဗျာ၊ ငါလက်ထပ်ချင်တဲ့ မိန်းမတွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။ ဒါပေမယ့်ဗျာ၊ သူတို့ကို ငါ့ မိဘတွေနဲ့ ပေးတွေ့တဲ့အခါမှာ ငါ့အမေက မကြိုက်ဘူးဗျာ။”
သူ့သူငယ်ချင်းက ခဏလေးစဉ်းစားပြီးနောက် ပြောလိုက်သည်မှာကား
“ကောင်းမွန်တဲ့ အဖြေရှာနည်းတစ်ခုကို ငါရှာတွေ့ပြီကွာ။ အဲဒါကတော့ မင်းအမေကြိုက်တဲ့ ကောင်မလေးတစ်ယောက်ကို ရှာဖို့ပဲ။”
ရက်လတွေအနည်းငယ်ကြာတဲ့နောက်မှာ သူတို့ပြန်ပြီးတွေ့ဆုံကြပြန်သည်။ ပြီးတော့ သူ့ သူငယ်ချင်းကပြောလိုက်သည်
“ခြောက်ပြစ်ကင်းတဲ့ကောင်မလေးကို မင်းတွေ့ပြီလား။ မင်းအမေရော ကြိုက်ရဲ့လား။”
မျက်မှောင်ကြုပ်ပြီး “ဖရက်” ပြန်ပြောလိုက်သည်ကား
“ဟုတ်တယ်။ ခြောက်ပြစ်ကင်းတဲ့ကောင်မလေးကို ငါတွေ့ပြီ။ သူ့ကို ငါ့အမေကတော့ကြိုက်တယ်။ မင်းမှန်ပါတယ်ကွာ။ ငါ့အမေကတော့ သူ့ကိုတော်တော်သဘောကျပါတယ်။”
သူ့သူငယ်ချင်းက မေးလိုက်သည်
“အဲဒါဆို ဘာပြဿနာ အခက်အခဲတွေရှိလို့လဲ။”
“ဖရက်”ကပြန်ပြောလိုက်သည်
“ငါ့အဖေက သူ့ကိုသဘောမကျဘူးကွာ။”
..........................
Sources: English Joke - Looking for a Wife
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။