Facebook စာမျက်နှာပေါ်တွင် ရခိုင်သတင်းများကို တစုတစည်းတည်း အလွယ်တကူ ဖတ်နိုင်ပြီ

မောင်ရမ္မာ
-----------
မြန်မာနိုင်ငံအတွင်းတွင် ဖွင့်ဖတ်၍ မရနိုင်သော ရခိုင်ပြည်နယ်နှင့်ဆိုင်သော သတင်းများကို Facebook စာမျက်နှာ ပေါ်တွင် အလွယ်တကူ ဖတ်ရှု့နိုင်ပြီဖြစ်ကြောင်း သိရသည်။

Facebook စာမျက်နှာပေါ်တွင် ရခိုင်ပြည်တွင်းသတင်းများကို အလွယ်တကူ ဖတ်ရှု့နိုင်အောင် Facebook အသုံးပြုသည့် ရက္ခပူရ လူငယ်တစုက စီစဉ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။


Rakkhapureans
ယခုကဲ့သို့ အလွယ်တကူ ဖွင့်ဖတ်နိုင်အောင် စီစဉ် ရခြင်း၏ ရည်ရွယ်ချက်ကို Rakkhapureans FB ကို ဖန်တီးထားသည့် လူငယ်တဦးက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အင်တာနက် ပိတ်ပင်ခံရမှု ဒုတိယ အဆိုးရွားဆုံး နိုင်ငံဖြစ်ပါတယ်။ ရခိုင်ပြည် နယ်မှာ နေထိုင်သူတွေ၊ ဗမာပြည်မှာရောက်နေကြတဲ့ ရခိုင်သူရခိုင်သားတွေအပါအ၀င် မြန်မာပြည်ထဲက အင်တာနက် သုံးစွဲသုံးတွေအားလုံးဟာ အင်တာနက် ကန့်သတ် ပိတ်ပင်ထားတာကို လက်ရှိ ရင်ဆိုင်ကြုံတွေ့ နေရကြရပါတယ်။ ပြည်သူကို မျက်စိဖွင့်ပေးပြီး သတင်းအချက်အလက် ဖြစ်ရပ်တွေကို တင်ပြပေးနေတဲ့ ရခိုင်သတင်းဌာန နိရဉ္စရာအပါအ၀င်၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ မဇ္ဈိမ၊ ဧရာဝတီ အစရှိတဲ့ သတင်းဝက်ဖ်ဆိုက်တွေကို မြန်မာပြည်တွင်းက ပြည်သူတွေအနေနဲ့ ဖတ်လို့မရနိုင်ပါ။ proxy ခံပြီး ကျော်ပြီး ဖတ်လို့ရပေမယ့် ကွန်နက်ရှင် အကြီးအကျယ် နှေးတဲ့အတွက် ဖတ်ရတာ အဆင်မပြေနိုင်ပါ။ အဲဒါကြောင့် ရခိုင်ပြည်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက် တွေကို ပြည်တွင်းမှာ လူတွေ အခက်အခဲမရှိ အလွယ်တကူ ဖတ်ရှု့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ခုလို Facebook စာမျက်နှာကို လုပ်ဆောင်ရတာ ဖြစ်ပါတယ်။"

ယခုကဲ့သို့ Facebook စာမျက်နှာကို ဖန်းတီးပေးလိုက်ခြင်းဖြင့် FB အသုံးပြုသူများအတွက် အကျိုးကျေးဇူးများ ရှိသည်ဟုလည်း သူက ယခုကဲ့သို့ ပြောသည်။

" FaceBook ဆိုတဲ့ လူမှုကွန်ယက်ဟာ မြန်မာပြည်မှာ လူသုံးအများဆုံး အင်တာနက်စာမျက်နှာတစ်ခု ဖြစ်ပါ တယ်။ သတင်းအချက်အလက်တွေနဲ့ အခြားအကြောင်းအရာတွေကို တယောက်နဲ့တယောက် Share လုပ်ရတာ လွယ်ကူပါတယ်။ မြန်မာပြည်ထဲက အင်တာနက် သုံးစွဲတဲ့ လူတိုင်းလိုလိုက FB ကို သုံးစွဲတဲ့အတွက် အစိုးရအနေနဲ့ FB စာမျက်နှာတွေကို လုံးဝ ပိတ်ပင်ဖို့ခက်ခဲပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်အထိ ဗမာပြည်မှာ youtube ကို ဖွင့်လို့မရဘဲ ပိတ်ပင်ခံထားရပါတယ်။ အဲဒီလို အခြေအနေမှာ youtue ကို အသုံးပြုပြီးတော့ တင်ဆက်ထားတဲ့ တီဗီ အစီအစဉ်တွေ (ဥပမာ- နိရဉ္စရာသတင်း TV အစီအစဉ်)ကို ဗမာပြည်တွင်းမှာ နေထိုင်တဲ့ ရခိုင်သူ ရခိုင်သားတွေ အလွယ်တကူ ကြည့်လို့မရနိုင်ပါ။ ဒါပေမယ့် FB မှာ တီဗီ သတင်းတွေကို ပြန်တင်ပေးလိုက်လို့ရှိရင် ပြည်တွင်းက ပြည်သူတွေ ကြည့်ရ ရှုရ လွယ်ကူစေပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ရက္ခပူရ Facebook စာမျက်နှာပေါ်တွင် ရခိုင်ပြည်ဆိုင်ရာ သတင်းများ၊ တီဗီများများကို စာပီ၊ ယဉ် ကျေးမှု၊ အနုပညာအကြောင်းများကိုပါ စုံညီစွာတင်ပြထားမည် ဖြစ်ပြီး အဆိုပါ အစီအစဉ်များကို facebook စာမျက်နှာတခုဖြစ်သည့် http://www.facebook.com/pages/We-are-Rakkhapureans/189082241160691?sk=wall တွင် လွယ်ကူစွာ ဖွင့်ဖတ်နိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ 


 http://www.narinjara.com/detailsbur.asp?id=3447
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။