ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးကို လုပ်ကြံခဲ့သော အိန္ဒိယ စစ်စုံထောက်အား မေမြို့တွင် ခိုလုံခွင့်ပေးထား

၁၉၉၈ ခုနှစ်က ရခိုင်ပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင် (၆) ဦးအား အကောက်ကြံ လုပ်ကြံသတ်ဖြတ်ရာတွင် အဓိကနေရာက ပါဝင်ခဲ့သော အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ လူလိမ် လူကောက် ဗိုလ်မှူးကြီး ဟောင်း Grawel ကို မြန်မာ စစ်အစိုးရမှ မေမြို့တွင် သူ၏ မိသားစုနှင့် အတူ ခိုလုံခွင့် ပေးထားကြောင်း သတင်း ရရှိသည်။


Arakan-army-and-India-army ရခိုင်တပ်မတော်မှ ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင်များနှင့် အိန္ဒိယ စစ်အရာရှိများကို အိန္ဒိယ ရှေ့တန်း စစ်စခန်းတစ်ခုတွင် အတူ တွေ့ရစဉ် (ဓါတ်ပုံ- NUPA)
ထိုကဲ့သို့ အဆောင်အယောင်ဖြင့် နေထိုင်ခွင့် ပေးထားကြောင်းကို သရက်ထောင်တွင် အကျဉ်းကျ ခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း စန်းပွင့်က နီးစပ်ရာသို့ ထုတ်ဖေါ် ပြောဆိုကြောင်း သိရသည်။

ထောင်ထဲမှ ထွက်လာသော သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးဟောင်း လူလိမ် လူကောက် Grawel ကို ယခင် စစ်အစိုးရမှ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ပေးပြီး မန္တလေးတိုင်း မေမြို့တွင် နေထိုင်ခွင့် ပြုထားခဲ့သည်ဟု ဗိုလ်မှူး စန်းပွင့်က ရခိုင် နိုင်ငံရေး အကျဉ်းသားများကို ထုတ်ဖေါ် ပြောဆိုသည်ဟု သိရသည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel အား ဗိုလ်ရာဇာ အပါအ၀င် ရခိုင်နှင့် ကရင် ခေါင်းဆောင် (၆) ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် အပြင် ရခိုင် ရေတပ်မတော်ကို အကောက်ကြံ ချေမူးန်းနိုင်ခဲ့သည့် အပေါ် တန်ပြန် ကျေးဇူးဆပ်သည့် အနေဖြင့် မြန်မာ စစ်အစိုးရမှ မေမြို့တွင် အရက်ချက် စက်ရုံ တရုံနှင့် နို့စားနွား မွေးမြူရေး ခြံတစ်ခြံအား လက်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel သည် မေမြို့ မှ မည်သည့် နေရာ မည်သည့် ရပ်ကွက် တွင် နေထိုင်နေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အစောပိုင်း သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel အား မြန်မာ အစိုးရမှ မန္တလေးတွင် နေထိုင်ခွင့် ပြုထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Grawel သည် ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်ရေတပ်မတော်အား အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရန် စာချုပ် အလိမ်များဖြင့် လှည့်ဖျား ခေါ်ယူခဲ့ပြီး ကျွန်းပေါ် အရောက်တွင် ခေါင်းဆောင် (၆) ဦး လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပြီး ကျန်ရဲဘော် ၃၆ ဦးအား ဖမ်းဆီးကာ အိန္ဒိယ ထောင်ထဲသို့ ပို့ပစ်ခဲ့သည်။

သတ်ဖြတ်ခံရရာတွင် ပါဝင်ခဲ့သူ ဗိုလ်မှူး စောထွန်းနှင့် ဗိုလ်ရန်နိုင်မှာ ဗိုလ်ရာဇာနှင့် အတူ ထိုင်း-မြန်မာနယ်စပ်မှ လိုက်ပါလာသူများ မဟုတ်ဘဲ အိန္ဒိယ နိုင်ငံမြို့တော် နယူးဒေလီရှိ စစ်ဌာနချုပ်မှ တခြား အိန္ဒိယ ဗိုလ်ချုပ်များနှင့် အတူ စစ်လေယာဉ် တစီးဖြင့် ဗိုလ်ရာဇာနှင့် အဖွဲ့အား ကြိုဆိုရန် လိုက်ပါလာစဉ် လန်းဖေါ့ ကျွန်း အရောက်တွင် သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel သည် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးအား လုပ်ကြံ သတ်ဖြတ်ပြီးနောက် စာရွက် စာတန်းများနှင့် ဓါတ်ပုံ အထောက်အထားများကို ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်ရှိခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရုံးတာဝန်ခံ ညီညီကျော် အားလည်း အပြတ်ရှင်းပစ်ခဲ့ဟု သိရသည်။

အန်ဒမန်ကျွန်းရှိ ပေါ့ဘလေးယား အကျဉ်းထောင်တွင် ခံဝန်ချက် ကတိဖြင့် ထောင်ကျနေသော ရဲဘော် ၃၆ ဦးထဲမှ ပင်လယ်ပြင်ကို ကျွမ်းကျင်သူ ရဲဘော် ရန်နိုင် (ချေ) နှင့် ကရင် ရဲဘော်တစ်ဦးတို့အားလည်း တိတ်တိတ်ကလေး ခေါ်ယူကာ အစ ဖျောက်ပစ်ခဲ့သည်ဟု လည်း သိရသည်။

ထိုကဲ့သို့ လူသတ်မူ တသီတတန်းကြီး ကျူးလွန်ထားသူ တဦးအား မြန်မာ အစိုးရမှ သူကောင်းပြု ခိုလုံခွင့် ပြုထားခြင်းမှာ Crimes against Humanity ကို မြန်မာ အစိုးရက ထောက်ခံရာ သဘော သက်ရောက်နေကြောင်း လူ့အခွင့်အရေး လူပ်ရှားသူများမှ ပြောသည်။ 



http://www.narinjara.com/detailsbur.asp?id=3407
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။