စစ်အုပ်စုအဖွဲ့မှ ရခိုင်ပြည် အခြေစိုက် နပခ လက်အောက်ခံ ဗျူဟားမှူးတဦး ခေါင်းဆောင်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော် (ALA) ဗဟိုဋ္ဌာနချုပ်စခန်းကို သြဂုတ်လ(၂)ရက်နေ့က တိုက်ခိုက်ရန် အထက်မှ ညွှန်ကြားချက်အရ ထိုးစစ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
နပခအဖွဲ့ကို ယခုခေါင်းဆောင်နေသည့် တိုင်းမှူးမှာ ဗိုလ်မှူးချုပ် ဦးထွန်းနေလင်းဖြစ်ပြီး ALP-ALAကို ၀င်ရောက်တိုက်ခိုက်ရန် ကြိုးစား နေသည်မှာ ကြာနေပြီးဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မတိုက်ခိုက်နိုင်ဘဲရှိနေရာမှ ယခုဆက်စပ်အမိန့်အရ စစ်ဗျူဟာမှူး ကိုယ်တိုင် ဦးဆောင်ပြီး ဗိုလ်ကြီးတဦးအား တိုက်ခိုက်ရန် စစ်မြေပုံနှင့်တကွ သြဂုတ်လ (၂)ရက်နေ့က ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
နပခ စစ်အုပ်စုအဖွဲ့မှ ဗိုလ်ကြီး နေ၀င်းထိုက် ဦးဆောင်ပြီး အဖွဲ့ဝင် (၁၂)ဦးဖြင့် ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်ြေ ကာင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း တိုက်ပွဲအခြေအနေ အသေးစိပ်နှင့် နှစ်ဖက်ထိခိုက်မှုများကို ဂစ္ဆပမှ အတည်ပြုရယူနိုင်ရန် ဆက်လက်စုံစမ်းလျှက် ရှိနေသည်။
နပခ စစ်အုပ်စုအဖွဲ့မှ ALP-ALA ဗဟိုစခန်းကို ၀င်တိုက်ရန် စစ်တွေမြို့အခြေစိုက် ခလရ(၂၀)မှ ထောက်လှမ်းနေသည်မှာ ကြာနေပြီး ဖြစ်ကြောင်းနှင့် ယခုအခါ ဗျူဟာမှူးတဦး ဦးဆောင်ပြီး စစ်တွေမြို့ အခြေစိုက် ခလရ(၂၀)မှ အထူးတပ်ဖွဲ့တဖွဲ့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်အုပ်စု သတင်းရပ်ကွက်မှ သိရှိရသည်။
ဂစ္ဆပသတင်းဋ္ဌာနမှ ALP-ALA ဗဟိုခေါင်းဆောင်များအား တိုက်ပွဲအကြောင်းနှင့် ပတ်သက်၍ “စစ်အုပ်စုအဖွဲ့က ALP-ALA ဗဟိုဋ္ဌာနချုပ်စခန်းကို ၀င်ရောက်တိုက်ခိုက်ဖို့ နပခကို သြဂုတ်လ (၂)ရက်နေ့က စစ်မြေပုံနှင့်တကွ အမိန့်ပေး ညွှန်ကြားချက်အရ ၀င်ရောက်တိုက်ခိုက်နေပြီလို့ သိရပါတယ်၊ ဖြစ်နိုင်ရင် ခြုံငုံပြီးတော့ အသေးစိပ်လေး ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါသည်။”ဟု မေးမြန်းရာ အောက်ပါအတိုင်း ရှင်းပြသည်။
“အကျွန်ကဒေသတင်းဂုမှကြားရစွာပါ။ ကြားရရေသတင်းအရများစွာ စိတ်မကောင်းဖြစ်ရပါရေ။ ဟုတ်မဟုတ် အတည်ပြုလို့ မရနိုင်သိပါ။ အကယ်၍ ဟုတ်ခသော် နေ၀င်းစစ်ကောင်စီမျိုးဆက် န၀တ၊ နအဖမျိုးဆက်ဖြစ်တေ ဦး သန်းစိန်အစိုးရစွာ ရခိုင်အပါဝင် တိုင်းရင်းသား တရပ်လုံး လိုလားတောင်းဆိုနီကတ်တေ အခွင့်အရေးတိကို ပီးဖို့အစား အားလုံးသောပြဿနာတိကို လက်နက်နှင့်သာ ဖြေရှင်း လိုကြောင်း သက်သီပြနီစွာလို့ ပြောရဖို့ဖြစ်ပါရေ။ ALP ဌာနချုပ်ကိုဝင်တိုက်လို့  ရခိုင်ရို့မှာဟိရေ မျိုးချစ်စိတ်ဓါတ် အားလုံးဆုံးယှုံးလားဖို့ မဟုတ်၊ သမတဦးသိန်းစိန် စစ်သားတိကိုပြောချင်ပါရေ အထက်ကတိုက်ခိုက်တိုင်း စစ်ဗိုလ်စစ်သားတိကရာ စစ်မတိုက်ဆိုကေ ဦးသန်းစိန်နှင့် ၀န်ကြီးတိစစ်မြီပြင်မှာ လာမတိုက်နိုင်ပါ၊ စစ်သားတိစွာ တိုင်းရင်းသားများ၏ သားသမီးတိသာဖြစ်ပါရေ၊ တိုင်းပြည် အီးချမ်းစီလိုကေ စစ်မတိုက်ဘဲနီကတ်ဖို့ စစ်သား-စစ်ဗိုလ်တိကို တိုက်တွန်းချင်ပါရေ၊ နိုင်ငံရေပြဿနာကို စစ်နည်းနက် ဖြေရှင်းလို့ မကျင်းနိုင်ပါ၊ စစ်အာဏာရှင်အစိုးရနှင့် ပြည်သူကြားမှာဖြစ်နီရေ ပြဿနာကိုပင်ဖြစ်ဖြစ်- ဗမာစစ်အစိုးရနှင့် တိုင်းရင်းသားကြားမှာဖြစ်နီရေ ပြဿနာကိုပင်ဖြစ်ဖြစ် စားပွဲဝိုင်းကိုရောက်အောင်ယူပြီးကေ ဖြေရှင်းမှသာ တိုင်းပြည်အီးချမ်းလာဖို့ ဖြစ်ပါရေ။ ALP-ဌာနချုပ်ကို ၀င်ရောက်တေ အပေါ်မှာ မိမိ စောမြရာဇာလင်း အနေနှင့် အထူးရှုတ်ချပါရေ၊ စစ်သားများ ဘားရိပ်ကိုပြန်ကတ်ပါ၊ စစ်မြီပြင်မှခွါကတ်ပါ၊ ဦးသိန်းစိန်အစိုးရ သွီးထိုးတိုင်း တိုင်းရင်းသားအချင်းချင်း ရန်မဖြစ်သင့်ပါ။”ဟု ရှင်းလင်းပြောကြားသည်။
စစ်အုပ်စုအဖွဲ့မှ ALPကို ၀င်ရောက်မတိုက်ခိုက်မီ အဆိုပါနယ်မြေတွင် ရသေ့တောင်မြို့နယ် အခြေစိုက် ခလရ (၅၃၈)တပ်ရင်းမှ စစ်ကြောင်းလှုပ်ရှားခဲ့ပြီး ၎င်းတပ်ဖွဲ့မှာ ယခုအခါ နောက်တန်းသို့ ဆုတ်ခွာလာပြီးဖြစ်ကြောင်း သိရှိရသည်။
မှတ်ချက်။ ။ အီးမေးထဲကိုဝင်ရောက်လာသော သတင်းအား ပြန်လည်တင်ပြခြင်းဖြစ်သည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။