ဆရာကြီး ဦးဦးသာထွန်းနေ့ ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကျင်းပ

စစ်တွေ ထောင်ထဲတွင် စစ်အုပ်စု၏ လက်ချက်ဖြင့် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်း အောက်မေ့ဖွယ်န့ အခမ်းအနားကို ဆရာကြီး ကွယ်လွန်ခဲ့သည့် ၂၁ နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


u-Tha-Htunnew
စစ်တွေမြို့တွင် ဆရာကြီးနေ့ကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးမောင်မောင်စောက " စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်နဲ့ ရန်ကုန်မြို့တို့မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ စစ်တွေမှာတော့ ပွင့်ပွင့်လင်းလင်းဘဲ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ပါတယ်" ဟု ပြောသည်။

စစ်တွေတွင် ဆရာကြီး ဦးသာထွန်းနေ့ အမှတ်တရ အောက်မေ့ အခမ်းအနားကို စစ်တွေမြို့ ဂြိတ်ဘက် ဘုန်းကြီးကျောင်းတွင် နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီခွဲထိ ပြုလုပ်ခဲ့ကြသည်။ ကျင်းပပုံကိုလည်း သူက ယခုလို ပြောသည်။

" အဲဒီနေ့က ဥပုတ်နေ့ဆိုတော့ ဆရာကြီးအတွက် ရည်ရွယ်ပြီး ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ဆရာကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရ စာပေအကြောင်း ဆွေးနွေး ကြပါတယ်။ ဆရာကြီးအတွက် ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ ဂုဏ်ပြု ကဗျာတွေကိုလည်း ရွက်ခဲ့ ကြပါတယ်။"

၎င်းပြင်သူက ကျင်းပရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ ဆက်ပြောသည်။

" ဆရာကြီး ဦးသာထွန်းနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာကြီးဟာ ရခိုင်လူမျိုးတွေထဲမှာ အဋ္ဌာရသ ၁၈ ရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ် တဦးလို့ ဆရာကြီးကို အများက လက်ခံ သတ်မှတ် ထားကြတယ်။ အဲဒါကြောင်း ဆရာကြီးကို ရိုသေ လေးစားတဲ့ အနေနဲ့ ဆရာကြီး ကွယ်လွန်သွားတဲ့ သြဂတ်စ် ၁၄ ရက်နေ့ကို ဆရာကြီးနေ့အဖြစ် သတ်မှတ်ပြီး အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

တခြား အခမ်းအနား တက်ရောက်ခဲ့သူ လူကြီး တစ်ဦးကလည်း ဆရာကြီးနေ့မှာ ရခိုင်အမျိုးသားများအား ယခုလို မှာကြားချင်ကြောင်း ပြောကြားသည်။

" ရခိုင်လူငယ်တွေရော လူကြီးတွေပါ ဆရာကြီးလို အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တတ်တဲ့ စိတ်ထားမျိုးတွေ ထွန်းတောက်စေချင်ပါတယ်။ ကိန်းအောင်း စေချင်ပါတယ်။ အဲဒါကတော့ ဆရာကြီးနဲ့ ပတ်သက်ပြီး အပြောချင်ဆုံး ဆန္ဒ တခုပါ။ ဆရာကြီးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ ဆရာကြီးဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဂီတ၊ ဆေးပညာ၊ နက္ခတ်ပညာ စသဖြင့် ပညာရပ်များစွာကို တတ်မြောက်ပြီး တပည့်သားသမီး များစွာကို မွေးထုတ်ပေးခဲ့တယ်။ ကိုယ့်ရပ် ကိုယ့်ဌာနေမှာ လိုအပ်တဲ့နေရာတွေမှာ စေတနာ တရားနဲ့ နိုင်တဲ့ ၀န်ကို သေသည် အထိ ထမ်းရွက်ခဲ့ပါတယ်။ အဲဒါကြောင်း ဆရာကြီးလို အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ ထိမ်းသိန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ များပါစေ။ ရခိုင်ဟူသမျှ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါစေလို့ဘဲ ပြောချင်ပါတယ်။"

မြောက်ဦးမြို့တွင်လည်း ဆရာကြီး အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဆရာကြီးနှင့်ပတ်သက်ပြီး သားကြီးဖြစ်သူ ဦးကျော်ထွန်းအောင်က ယခုကဲ့သို့ ပြောသည်။

" ဆရာကြီး ကွယ်လွန်သွားတဲ့အတွက် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် အများကြီး ဆုံးရှုံးပါတယ်။ အစားထိုးမရ နိုင်တဲ့ ဆုံးရှုံးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ကျွန်တော်တို့ ၀မ်းသာရမှာ တခုက ဆရာကြီးစပြီး မျိုးစေ့ချပေးခဲ့တဲ့ မျိုးစေ့ဟာ အခုအခါ အကိုင်းအခက် အလက်တွေ စည်ပင်နေတဲ့ အတွက် ဖြစ်ပါတယ်။ ဆရာကြီး ချပေးခဲ့တဲ့ မျိုးစေ့ကြောင့် ရခိုင်သမိုင်းကို ဖော်ထုတ်တဲ့ လူငယ် တွေ၊ နောက်ရခိုင်သမိုင်း ပညာရှင်တွေ တစတစ တိုးတက် များပြား လာပြီး အခုအခါ စည်စည် ပင်ပင်နဲ့ ဝေေ၀ဆာဆာနဲ့ ဖြစ်နေတဲ့ အတွက် ဆရာကြီးရဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဆရာကြီး မျှော်လင့်ခဲ့တဲ့ အတိုင်း သူစိုက်ခဲ့တဲ့ သစ်ပင်ကြီးဟာ အမြဲ ထာဝရ ရှင်သန် လန်းဆန်းပြီး ကြီးထွား နေမယ် ဆိုတာကို ကျွန်တော် တို့ ယုံကြည်ပါတယ်" ဟု ပြောသည်။

ဆရာကြီး ဦးသာထွန်းမှာ ရခိုင်မြန်မာ ပဏ္ဍိတ် ဘွဲ့ချီးမြှင့်ခံရသူ ဖြစ်ပြီး ရခိုင်တမျိုးသားလုံးက လေးစား ကြည်ညိုသော ပညာရှိ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။ ဆရာကြီးအား ၁၉၉၀ ခုနှစ်မတ်လတွင် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာတွင် အမျိုးသားရေး တရားများ ဟောသည်ဟု စွပ်စွဲကာ စစ်အစိုးရမှ ဖမ်းဆီးပြီး ထောင် (၃) နှစ် ချမှတ်ခဲ့သည်။ ဆရာကြီးသည် ဖမ်းဆီးခံရပြီး (၅)လ အကြာ ၁၉၉၀ ခုနှစ် သြဂတ်စ်လ ၁၄ ရက်နေ့တွင် စစ်တွေထောင်ထဲတွင် စစ်အုပ်စု၏ ယုတ်မာ ကောက်ကျစ် သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရသည်။


http://www.narinjara.com/detailsbur.asp?id=3398
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။