ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ် မဒေကျွန်းတွင် တရုတ်လုပ်ငန်းခွင် တစ်ခုမှ ကားတိုက်ခံရပြီး ဆေးရုံကို အတွင်း လူနာ အဖြစ် တင်ပို့ခဲ့ရသော အမျိုးသမီး တစ်ဦးကို တရုတ်ကုမ္ပဏီက ဆေးဝါး ကုသရန် ငွေ ကျပ် ၂၀၀၀ သာ နစ်နာကြးပေးကြောင်း သတင်း ရရှိသည်။
ကားတိုက်ခံရသူ အမျိုးသမီးမှာ မဒေးကျွန်း ရွာမ ကျေးရွာမှ မစံပယ်ဆိုသူ အမျိုးသမီး ဖြစ်ပြီး ယခု အခါ ကျောက်ဖြူ ဆေးရုံတွင် အတွင်း လူနာ အဖြစ် တင်ထားရကြောင်း သိရသည်။
" မစံပယ်က တရုတ်ကုမ္ပဏီမှာ လုပ်နေတဲ့ သူရဲ့ ဆွေမျိုး တစ်ဦးကို ဆန်သွားပို့ပီး အပြန်မှာ တရုတ် ကုမ္ပဏီက ကားက၀င်တိုက်သွားပါတယ်။ ကားတိုက်ခံရတဲ့ အတွက် မစံပယ်ရဲ့ ညာဘက် ခန္ဓာမှာ ဒဏ်ရာ ပြင်းထန်စွာ ရပါတယ်။ နားကလည်း သွေးထွက်တယ်။ ခန္ဓာကိုယ် တခြမ်းက လူပ်လို့ မရဘူး။ ကျေးရွာဆေးခန်းက လက်မခံတဲ့ အတွက် ကျောက်ဖြူ ဆေးရုံကို ချက်ချင်း ယူဆောင်လာရပါတယ်" ဟု သူမ၏ ဆွေမျိုး တစ်ဦးက ပြောသည်။
အဆိုပါ ကားတိုက်မူမှာ မေလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကားတိုက်ချိန်တွင် ကားဒရိုင်ဘာမှာ အရက်မူးနေပြီး ကားကို အရမ်းမောင်းနှင်ရာမှ မစံပယ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
" ကားတိုက်ခံရပြီးနောက် မစံပယ်ကို သူတို့ အလုပ် လုပ်နေတဲ့ စက်ရုံကို ခေါ်သွားပါတယ်။ ကားတိုက်တာက နံနက် ၁၀ နာရီခန့်မှာ ဖြစ်ပါတယ်။သူတို့ အစတုန်းက အရေးမကြီးတဲ့ ပုံစံမျိုးနဲ့ ဟိုမေး ဒီမေး လုပ်နေပါတယ်။ နားက သွေးတွေ ထွက်လာတာကို မြင်တော့မှ ပိုက်ဆံ ၂၀၀၀ ပေးပြီး ရွာဆေးခန်းကို ပို့တယ်။ ရွာဆေးခန်းက ချက်ချင်း ဆေးရုံပို့ပါဆိုတော့ ကျောက်ဖြူကို ချက်ချင်း ယူလာရပါတယ်" ဟု သူက ဆက်ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်မှ ကျောက်ဖြူသို့ ရောက်ရှိပြီး မစံပယ်အား ဆေးရုံတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကားတိုက်မူတွင် နစ်နာကြေး ငွေ ၂၀၀၀ ကျပ်သာ ပေးပြီး တစုံတရာ တာဝန်ယူခြင်း မရှိသော တရုတ်ကုမ္ပဏီနှင့် ကားဒရိုင်ဘာကို ရဲစခန်းတွင် အမူဖွင့် တိုင်ကြားရန် လူမူ အခွင့်အရေးများကို ဆောင်ရွက်နေသူများက စီစဉ်နေကြောင်း သိရသည်။
................
http://www.narinjara.com/detailsbur.asp?id=3180
မဒေးကျွန်းမှ တရုတ်စီမံကိန်း တစ်ခု ဖြစ်ပါသည်။
" သူတို့က ဘယ်လို ထင်မှတ်သလဲ မသိဘူး။ ဆေးရုံ တက်ရောက် ကုသရတဲ့ အမျိုးသမီးကို ကျပ် ၂၀၀၀ သာ လျော်ကြေးပေးပါတယ်။ ငွေ ၂၀၀၀ ဆိုတာက လူ ၅ ယောက် ဆိုင်မှာ လဘက်ရည် သောက်လို့ မရတဲ့ ပိုက်ဆံ ဖြစ်ပါတယ်။ အခုလို မထီမဲ့မြင် လုပ်တဲ့ အတွက် ကားတိုက်ခံရတဲ့ အမျိုးသမီးရဲ့ ဆွေမျိုးတွေက ရဲကို တိုင်ပြီး အမူဖွင့်ဖို့ လုပ်နေပါတယ်" ဟု လူမူရေး လုပ်ငန်း ဆောင်ရွက်နေသူ ကျောက်ဖြူက လူငယ် တစ်ဦးက ပြောသည်။ကားတိုက်ခံရသူ အမျိုးသမီးမှာ မဒေးကျွန်း ရွာမ ကျေးရွာမှ မစံပယ်ဆိုသူ အမျိုးသမီး ဖြစ်ပြီး ယခု အခါ ကျောက်ဖြူ ဆေးရုံတွင် အတွင်း လူနာ အဖြစ် တင်ထားရကြောင်း သိရသည်။
" မစံပယ်က တရုတ်ကုမ္ပဏီမှာ လုပ်နေတဲ့ သူရဲ့ ဆွေမျိုး တစ်ဦးကို ဆန်သွားပို့ပီး အပြန်မှာ တရုတ် ကုမ္ပဏီက ကားက၀င်တိုက်သွားပါတယ်။ ကားတိုက်ခံရတဲ့ အတွက် မစံပယ်ရဲ့ ညာဘက် ခန္ဓာမှာ ဒဏ်ရာ ပြင်းထန်စွာ ရပါတယ်။ နားကလည်း သွေးထွက်တယ်။ ခန္ဓာကိုယ် တခြမ်းက လူပ်လို့ မရဘူး။ ကျေးရွာဆေးခန်းက လက်မခံတဲ့ အတွက် ကျောက်ဖြူ ဆေးရုံကို ချက်ချင်း ယူဆောင်လာရပါတယ်" ဟု သူမ၏ ဆွေမျိုး တစ်ဦးက ပြောသည်။
အဆိုပါ ကားတိုက်မူမှာ မေလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ကားတိုက်ချိန်တွင် ကားဒရိုင်ဘာမှာ အရက်မူးနေပြီး ကားကို အရမ်းမောင်းနှင်ရာမှ မစံပယ်ကို တိုက်မိခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
" ကားတိုက်ခံရပြီးနောက် မစံပယ်ကို သူတို့ အလုပ် လုပ်နေတဲ့ စက်ရုံကို ခေါ်သွားပါတယ်။ ကားတိုက်တာက နံနက် ၁၀ နာရီခန့်မှာ ဖြစ်ပါတယ်။သူတို့ အစတုန်းက အရေးမကြီးတဲ့ ပုံစံမျိုးနဲ့ ဟိုမေး ဒီမေး လုပ်နေပါတယ်။ နားက သွေးတွေ ထွက်လာတာကို မြင်တော့မှ ပိုက်ဆံ ၂၀၀၀ ပေးပြီး ရွာဆေးခန်းကို ပို့တယ်။ ရွာဆေးခန်းက ချက်ချင်း ဆေးရုံပို့ပါဆိုတော့ ကျောက်ဖြူကို ချက်ချင်း ယူလာရပါတယ်" ဟု သူက ဆက်ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်မှ ကျောက်ဖြူသို့ ရောက်ရှိပြီး မစံပယ်အား ဆေးရုံတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကားတိုက်မူတွင် နစ်နာကြေး ငွေ ၂၀၀၀ ကျပ်သာ ပေးပြီး တစုံတရာ တာဝန်ယူခြင်း မရှိသော တရုတ်ကုမ္ပဏီနှင့် ကားဒရိုင်ဘာကို ရဲစခန်းတွင် အမူဖွင့် တိုင်ကြားရန် လူမူ အခွင့်အရေးများကို ဆောင်ရွက်နေသူများက စီစဉ်နေကြောင်း သိရသည်။
................
http://www.narinjara.com/detailsbur.asp?id=3180
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။