ဘဝတနေ့တာ
နေ့စဉ် ကျနော်တို့ ဘဝတွေအတွက် စားဝတ်နေရေးအဆင်ပြေဖို့ဆိုပြီး လုပ်ဆောင်နေကြရ ရုန်းကန်နေကြရပါတယ် ။ တချို့ဆို ဘာဖြစ်ရမယ်ဆိုပြီး ရည်ရွယ်ချက်များဖြင့် ရှေ့တက်လျှက် ရှိကြပါတယ်။ တချို့မှာဆိုရင် ဒီတနေ့တာ အဆင်ပြေဖို့ဆိုပြီး ရုန်းကန်နေရတာလည်း ရှိကြပါတယ်။ တချို့က ဒီတနေ့လုံးကို ဘာမှန်းမသိပဲ ဖြတ်သန်းနေကြတာတွေလည်း ရှိကြတယ် ။ တချို့ကလည်း ကိုယ်ဖြတ်သန်းနေတာတွေကို သိသလိုလို ရှိပြီး အချိန်တန် တနေ့ပြီးလို့ စစ်တန်းကောက်ကြည့်ပြန်ရင်လည်း နေ့တွေတော့ ကုန်ဆုံးသွားကြတယ်ဆိုတာပဲ သိကြတယ် ။ ထိုတနေ့တာအတွင်း သတိထားမိသည်လည်းရှိတယ် မထားမိတာလည်းရှိတယ် ။ ဒါပေမဲ့ ထိုနေ့တွေအတွက် ကျေနပ်ခြင်းနည်းနေလိမ့်မယ်ဆိုတာ ရှိပါလိမ့်မယ် ။
အများစုအားဖြင့် နေ့တနေ့မှာ ငါဘာလုပ်ရမယ်ဆိုတာတွေကို မနက်အစောပိုင်းမှာ စဉ်းစားကြတယ် ။တခုပြီးတခု အစီအစဉ်တွေနဲ့ ပေါ့ ။အသေးငယ်ဆုံးသော လုပ်ဆောင်စရာအဖြစ် သွားတိုက်တယ် မျက်နှာသစ်တယ် ။ မိန်းကလေးဆို အလှပြင်တယ်။ ပြီး မနက်စာအတွက် လ္ဖက်ရည်ဆိုင် ထိုင်ချင်ထိုင်မယ် အိမ်မှာလည်း ပြီးချင်ပြီးမယ် ။ စားနေစဉ်လည်း တခုခု တွေးနေမိမယ် “ငါဘာလုပ်ရမလဲ” ဆိုတာမျိုးတွေနဲ့ ။ ပြီးတော့ လုပ်ဆောင်စရာရှိလုပ်ဆောင်တယ် ။ ထိုလုပ်နေစဉ်အတွင်မှာလည်း စိတ်နဲ့ လူနဲ့ မကပ်တဲ့ အချိန်တွေချည်းပဲ ဖြစ်နေမယ် ။ အလုပ်သွားမယ် အလုပ်ထဲမှာလည်း စိတ်ထင်ရာတွေနဲ့ လုပ်ဆောင်စရာတွေကို လုပ်မယ် ။ ကိုယ့်ကိုယ်ကိုလည်း ငါ ဘာလုပ်ရင်ကောင်းမလဲလို့ တခါတခါ စဉ်းစားမိမယ် ။ ဒီလိုအတွေးတွေဖြင့် ပြီးသွားမယ် ။ ညအိပ်ရာဝင်ပြန်တော့ ပြန်စဉ်းစားမိချင်မိမယ် ။ ငါဘာတွေမြန်း လုပ်ခဲ့မိပါလိမ့်လို့ ။ ပင်ပန်းလို့ တခါတည်းအိပ်ချင်လည်း အိပ်မိမယ် ။ ဒါဟာ တနေ့တာပါ ။
နောက်တနေ့ရောက်လာပြန်တော့လည်း မနေ့က လုပ်ခဲ့ ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်မိပြန်ပါတယ် ။ ပိုသည်လည်း ရှိတယ် လိုသည်လည်းရှိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီတနေ့တော့ ကုန်သွားတာပါပဲ ။ တခါ ထိုနေ့လိုပဲ ဒီနေ့ရောက်လာပြန်ပါတယ် ။ ကိုယ့်ကိုယ်ကိုလည်း ဘယ်လို ခန့်ခွဲရင် အကောင်းဆုံး ဖြစ်မလဲ စဉ်းစားမိပြန်ပါတယ် ။ အချိန်အများစုကတော့ စိတ်တွေရဲ့ ပျံ့လွင့်မှုအောက်မှာပဲ ကပြနေရပြီး ။ သတိထားမိချိန် အနည်းစုကတော့ ကောင်းမယ် တန်ဖိုးရှိမယ်ဆိုတဲ့ အကျင့်လေးတွေကို သေချာကြည့်မိတတ်ပါတယ် ။ ခုပြောတာတွေကတော့ ကျနော့ရဲ့တနေ့တာ ကုန်လွန်မှုကို ရှေ့က ချပြရင်း ပြောမိတာပါ ။ တခါတခါ ကိုယ့်ကိုယ်ကိုတောင် ပြန်ငြင်းမိပြန်ပါတယ် ။ ငါ ဘာလဲ ။ ငါဘာလုပ်ချင်တာလဲ ။ ငါ ဘယ်ကိုသွားချင်တာလဲ ။ ဆိုတဲ့ အမေးတွေနဲ့ ငြင်းခုန်မှုကို မပြီးပြတ်နိုင်ပါဘူး ။ အဲ့ဒီလိုနဲ့ နေ့ရက်တွေက ပြောင်းလဲ လာခဲ့တာ …။
တကယ်တော့ ကျနော်တို့ဘဝတွေမှာ နေ့စဉ်အတွက် စိတ်စေရာထက် ကိုယ်ခန္ဓာရဲ့ စေရာကို လိုက်လုပ်ပေးရတာက များပါတယ် ။ ဥပမာ အလုပ်လုပ်ချိန်ဆိုရင် တစ်ခုခုစားချင်လို့ဆို တောင်းပြန်ရော ။ ဒီတော့ လုပ်ပေးနိုင်တဲ့ အခြေအနေဆို လုပ်ပေးလိုက်ပြန်ရော ။ လုပ်ပေးပြီးတော့တခါ ထိုစားလိုက်တဲ့ အရှိန်ကြောင့် အိပ်ချင်စိတ်ဖြစ်လာပြန်ရော ။ ဒီတော့ အလုပ်ထဲမှာ စိတ်က မပါတော့ဘူး ။ အိပ်ချင်စိတ်က လွမ်းနေတော့တာ ။ ထမင်းစားချိန်ရောက်တော့လည်း ခန္ဓာကိုယ်လည်ပတ်ဖို့အတွက် စားပေးရသေးတာပေါ့ ။ တနာရီတခါခြားလောက် အဆင်သင့်ရင် ရေတခွက်ကျ လောင်းပေးရသေးတယ် ။ ဒါသူ့အချိုးအစားပါ ။
အလုပ်တခု လုပ်မယ်ဆိုပြီး စိတ်က စီစဉ်တယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်က နေပူလို့မလုပ်ချင်ဘူး ၊ အိပ်ချင်လို့ နောက်မှ လုပ်မယ် ၊ဘယ်နေရာမို့ မသွားနိုင်လောက်ဖူး စသဖြင့် ငြင်းချက်တွေနဲ့ ဦးနှောက်စေရာကို မသွားကြပဲ အပျင်းစိတ်ဟုခေါ်သော ခန္ဓာရဲ့ လိုအင်တွေကို ဦးစားပေးနေကြတာ ။ ဒါကြောင့်လဲ အောင်မြင်သင့်သလောက် မအောင်မြင်တာပါပဲ ။ အမှန်တော့ လူ့စိတ်မှာ အတွေးကောင်းတွေရှိတယ် အစွမ်းကောင်းတွေရှိတယ် ။ ဒါပေမဲ့ လိုက်လုပ်ပေးမဲ့ လုပ်ရပ် ခန္ဓာတာဝန်က လစ်ဟင်းနေတော့ အလုပ်မတွင်ဘူး အစွမ်းမထင်ဘူး ။ အဲ့ဒီလိုကနေ အလုပ်တွေက ပေါ့ပေါ့ လာပြီး နောက်ဆုံးကြ ယုံကြည်စိတ်တွေပါ ဘေးတလွဲတွေဖြစ်လာရော ။
တကယ်တော့ လူဆိုတဲ့ သတ္တဝါ သက်ရှိမျိုးကလည်း ခန္ဓာကိုမှီပြီး ဖြစ်လာကြတာတွေချည်းပဲ ။ ကိုယ့်ကိုယ်ကို ချစ်ကြတယ်လေ တသံသရာလုံး ချစ်လာကြတာ ။ သက်ရှိတိုင်းပဲ ချစ်တတ်ကြတာ ဒါကြောင့်လဲ သူ့ဒုက္ခကို ခံနေကြရတာပါ ။ တကယ်တော့ ကျနော်တို့တတွေအားလုံး ကိုယ့်ကိုယ်ကို သနားနေကြတာပါ ။ ပင်ပန်းမှာစိုးလို့ ၊ ဘာဖြစ်သွားမှာစိုးလို့ ညာဖြစ်သွားမှာစိုးလို့ စသည်ဖြင့် သနားစိတ်များက လုပ်သင့်တဲ့ လုပ်ရပ်တွေကို တားဆီးတတ်ပါတယ် ။ ဒီတော့ အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး ။ ဟုတ်တယ် အဖျက်စိတ်ကို အရင်တွေးတော့ လုပ်သင့်တာကိုမလုပ်ဖြစ်။ နောက် မလုပ်ဖြစ်တော့ သိသင့်တာကိုလည်း မသိ ။ မသိတော့ ဘယ်လမ်းက အမှန်ဆိုတာလည်း သိတော့မှာမဟုတ် ။ ဒီလိုနဲ့ ဖြစ်နေကြတာ လျှောက်လှမ်းလာခဲ့ကြတာ ခုထိဆိုပါတော့ ။
လူတစ်ယောက်အတွက် တနေ့တာဟာ တော်တော် အရေးကြီးပါတယ် ။ ထိုတနေ့တာပေါင်းမြောက်များစွာက နှစ်တွေချီကာ ဘဝတခုအဖြစ် ပုံဖော်ပေးတာပါ ။ ထိုဘဝတစ်ခု လုံးစာအတွက်ဆိုရင် မည်သူမျှ မကောင်းတာ မဖြစ်ချင်ကြဘူး ။ ကြီးမြတ်ချင်ကြတယ် ၊ သြဇာရှိချင်ကြတယ် ၊ ပိုင်ဆိုင်ခြင်းတွေများချင်ြ
တကယ်တော့ ဒီတနေ့တာမှာ မည်သို့ လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မလဲ ဆိုတာ စူးစမ်းစရာပါ ။ တကယ်တော့ ကျနော်တို့တတွေဟာ လူသားပါ ။ လူသားမှာ လုပ်နိုင်စွမ်းအင်တွေ တော်တော်များများရှိပါတယ် ၊ ဒီတနေ့တာမှာ ကိုယ်ဟာ မည်သို့ ဖြတ်သန်းရမယ်ဆိုတာ သိထားရပါမယ် ။ ဟန်ဆောင်ခြင်း ကင်းအောင် ကြိုးစားပြီး နေသင့်ပါတယ် ။ စာနာနားလည်မှုအနေဖြင့် တဖက်သူကို နားလည်တတ်ရပါမယ် ။ ဖြစ်ပြီးတဲ့ ကိစ္စတွေကို အကောင်းမြင်တတ်ဖို့ လိုသလို ဖြစ်လာမဲ့ အရာတွေအတွက်လဲ အကောင်းပဲ မြင်တတ်ရပါမယ် ။ သူတပါးကို ကိုယ်သိသမျှ မျှဝေတတ်ရပါမယ် ။ ကြင်နာသနားစိတ် မွေးမြူတတ်ရပါမယ် ။ မိမိကောင်းနေလျှင် မိမိနှင့် ဆက်စပ်နေသူများပါ အကောင်းတွေ ကူးသွားအောင် မိမိဆီမှ စဉ်ဆက်မပြတ် ကောင်းမွန်တဲ့ စိတ်များ မွေးထုတ်ပေးရပါမယ် ။ အပြုသဘောစိတ်ကို အမြဲ ရှေ့ရှုထားရပါမယ် (ပြဿနာအတွက် ထိုင်စိတ်မရှုပ်နေပဲ ဘယ်လိုဖြေရှင်းရမလဲ တွေးပြီး စတင်ဖြေရှင်းခြင်းက ထိုပြဿနာအတွက် ပြေလည်စေမယ်လို့ ဆိုခြင်းပါ ) ၊ ထိုအရာတွေကို တနေ့တာအတွင်း ကြုံလာတဲ့ အဖြစ်အပျက်တွေပေါ်မှာ စံထိုးပြီး လုပ်ဆောင်ကြည့်လိုက်ပါ ။ ထိုသို့ ပြုမူလိုက်တဲ့ အချိန်မှာ ဖြတ်သန်းနေကြ ပုံစံနှင့် မတူခြားနားလာတာ သိသာလာပါလိမ့်မယ် ။အဲ့ဒီလို တန်ဖိုးတွေ တက်လာတဲ့ ကျနော်တို့ရဲ့ ထိုတနေ့တာဟာ ရရှိတဲ့ ဘဝတာအတွက် တန်ဖိုးရှိတဲ့ ခြေတလှမ်းဖြစ်သွားမယ်ဆိုတာ လက်ခံရပါလိမ့်မယ် ။
အသက်ကို ပြင်းပြင်းရှူပါ ။(အမြဲလိုလို မရှူဖြစ်တာပါ )
ခါးကိုမတ်မတ်ထားပါ ။ (ခဏပဲ ထားနိုင်တာများပါတယ် ခါးကိုမတ်ထာခြင်းဖြင့် ယုံကြည်စိတ် ထက်နေသလို ခံစားရပါလိမ့်မယ်)
လွယ်ကူသော လမ်းများကိုမလိုက်ပါနှင့် ။(အခက်တွေ့စေရန် ပြောခြင်းမဟုတ်ပါ ) အကယ်၍ အလွယ်လမ်းကို လိုက်တဲ့သူဟာ တကယ် အခက်ကြုံလာရင် ဘာလုပ်ရမှန်း မသိဖြစ်သွားတတ်ပါတယ် ။ အခက်အခဲကို ဖြေရှင်းစ ရှိသူမှသာ ဘယ်လိုအခက်အခဲပဲ လာလာ သူဖြေရှင်းနိုင်ပါလိမ့်မယ် ။
မိမိစိတ်ကို စောင့်ကြည့်ပါ ။ အများအားဖြင့် စိတ်ဆိုတာ ပျံ့လွင့်တတ်ပါတယ် ထိုမှဤ ၊ဤမှ ထို စသဖြင့် ကမ္ဘာကိုတောင် ပတ်လှည့်နေတဲ့ စိတ်ပါ ။ ထိုစိတ်ကို စောင့်ကြည့်ခြင်းဖြင့် မိမိစိတ် ဘယ်တွေရောက်နေလဲ ဆိုတာ သိလာပါတယ် ။ ထိုသို့ သိပါက မိမိလိုရာကို အလွယ်တကူ ဆွဲ ယူခေါ်ဆောင်နိုင်စွမ်းရှိလာပါလိ
လွယ်တော့ မလွယ်ပါ ။ ဒါပေမဲ့ မရနိုင်ဘူးဆိုတာတော့ မဟုတ်ပါ ။ နောက်ပြီး သူများတွေကိုကြည့်ပြီး စိတ်ဓါတ်မကျမိဖို့ လိုပါတယ် ။ကိုယ့်ရဲ့ တနေ့တာဟာ ဘယ်လိုဆိုတာ ကိုယ်ပဲ သိတာမို့ တခြားသူများနှင့်လည်း မချိန်ထိုးပါနှင့် ။ မိမိကိုယ်ကိုသာ အကောင်းဆုံးထင်ရာ စွမ်းဆောင်ပါ ။ ဒါတွေဟာ အများပြောနေကြ ဆိုပေမဲ့ တကယ်မှာတော့ လုပ်နိုင်ဖို့ သိပ်မလွယ်ပါ ။ ဘာလို့လဲဆို ကျနော်တို့တတွေက စိတ်လွယ်ရာတွေမျာ ကျင်လည်နေပါများနေလို့ပါ ။ ဟုတ်တယ် ထိုအကျင့်တွေကို အပြုသဘော ဆောင်တဲ့ စိတ်(စတင်လုပ်ခြင်း)နဲ့ လုပ်ရပ်အားဖြင့် ပြင်လည်ပြင်ဆင်နိုင်ပါတယ် ။ တခုတော့ ရှိပါတယ် ဒါကတော့ “ကိုယ်တကယ်လုပ်နိုင်တယ်လို့ ယုံကြည်ခြင်း” ရှိဖို့ပဲ လိုပါတယ် ။
ဘဝတခုအတွင်းမှာ အမှားများ ဆိုတာလည်း ရှိသလို အမှန်ဆိုတာလည်း ရှိပါမယ် ။ သို့သော် မှားမှား၊ မှန်မှန် ထိုဘဝကတော့ ကုန်လွန်သွားမှာ ဆိုတာ ထည့်တွက်စေချင်ပါတယ် ။ မိမိစိတ် ၊ မိမိကိုယ်ကိုယ်သာ ပညာ သတိ ဖြင့် ထိန်းကွပ်နိုင်ဖို့ လိုပါတယ် ။ လူသားတွေလုပ်ဆောင်နိုင်တဲ့ အရာတိုင်းကို လူသားတိုင်း လုပ်ဆောင်ခွင့် ရှိပါတယ် ။ လူသားတိုင်း လုပ်ဆောင်ခွင့်ရှိသလို လူသားတိုင်း ရယူပိုင်ဆိုင်ခွင်လည်း ရှိပါတယ် ။ တကယ်တော့ လုပ်ခြင်း မလုပ်ခြင်းအပေါ်မှာသာ မူတည်တာမို့ ကိုယ်ဘာလိုသလဲဆိုတာ သိရှိဖို့ လိုပါတယ် ။
လူသားတိုင်း တနေ့တာရဲ့ သဘောသဘာဝကို တန်ဖိုးရှိရှိ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ကြပါစေလို့ တောင်းဆုပြုရင်း …. ။
ရေးသားသူ ဘာနေ အားကျေးဇူးတင်လျက်
............
မှတ်ချက် Forward Mail ကိုပြန်လည်မျှဝေလိုက်ပါသည်
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။