ရေပြာပင်လယ်
ပတ်ပတ်လည်ဝန်းနေတဲ့
သန္တာရွှေကျွန်းရဲ့
မြောက်ဖျားစွန်း တစ်နေရာ
လှိုင်းလေသံတွေ နာခံရင်း
လေပြင်မိုးသားတွေကို ကြံ့ကြံ့ခံ
ကမ်းနဖူးပေါ်မှာ သူ့ကိုမွေး
သက္ကရာဇ်ကို တေးမှတ်
“ဧကအဋ္ဌဒွေးနဝ” စဆို
လှိုင်းလေးတွေနှင့် သူပျော်
“ကျောက်ဖြူ”ခေါ်တဲ့ မယ်တော်ကြီး
ပင်လည်ရနံ့တွေရှူရှိုက်ရင်း
ရှင်သန်ကြီးပြင်းလာ။
ဘာလိုလိုနဲ့
ဆယ်စုနှစ်တွေကို ထပ်ကာဖြတ်
ရာစုနှစ်နဲ့ ပေါင်းကာကျော်
တစ်ခုကျော် နှစ်ဖော်တောင်ပြည့်ကာနီး
သူ့ခရီးမနည်းတော့ပေ။
အရွယ်ရလေ ရှင်သန်လေ
ရင့်ကျက်လေလေ ပိုလှလေပေါ့
သူ့ဘဝခရီးတစ်လျှောက်
သူ့ဆီရောက်သူတိုင်း စိတ်ချမ်းသာ
ကျွန်းသန္တာ လှလေသမျှ
“ကျောက်ဖြူ”မှာ သိစေရပေါ့
လူ့စိတ်နှလုံး ရွှင်ပြုံးမွေ့လျှော်
သားငါးဆန်ရေတွေလည်း ပြည့်ဖြိုး
ဖွံ့ဖြိုးတိုးတက်မှုကာလ
အခုမှ သူ့ဘဝ “နိဒါန်းအစ”
သဘာဝရဲ့ပင်ကိုယ်အလှ
“နှစ်တစ်ရာ့ရှစ်ဆယ်”ခရီးမှာ
ရတုတွေအလံထူလို့
ရှင်သန်လျှက် နိုးထနေ
ဆယ်၊ ရာစုတွေကျော်သည်မကလို့
ထောင်စုတွေထပ်ဖြတ်တက်လို့
ဆက်လျှောက်နေသူ။
..............
သူရဆန်းအေင်
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
This comment has been removed by the author.
ReplyDeleteကောင်းပါရေ များသောအားဖြင့် ရိုးရာယိုင်ကျေးမှုတိ ဘုရားသမိုင်းအကြောင်းတိကိုပါ ဦးစားပီး တင်ပီးစီချင်ပါရေ
ReplyDelete