ကျောက်ပွင့်ကျောက်ပန်း
သန္တာကမ်း
လန်းဆန်းလှပ၊ ထာဝရနှင့်
ညွှန်းပြသက်သေ၊ ရခိုင်မြေ။
တွေးနေမိတိုင်း
ရင်လှိုင်းပီတိ၊ အသိဆက်နွယ်
ပြည်နယ်ပန်းချီ၊ ရာသီတိုင်းမှာ
သာယာသိမ့်မွေ့
ချမ်းမြေ့နေရဲ့။
ရေလွှာပြင်က
လှိုင်းအလှနှင့် ဘဝသရုပ်
ဖော်ထုတ်နေသလား
ကျောက်ဆောင်အများပြား
ကမ်းပါးတစ်လျှောက်
မပျောက်ကွယ်နိုင်
မြဲခိုင်နေခြင်းအသိ
အမိမြေနဲ့အတူ
ဂုဏ်ယူစေရဲ့။
သမိုင်းပုံရိပ်
အတိတ်ပစ္စုပ္ပုန်၊ တစ်ဖန်အနာဂတ်
မပြတ်စေချင်၊ ရုပ်သွင်ထင်ရှား
ရခိုင်သားရခိုင်သူ
ကျောက်ဖြူဇာတိ၊ အမိမြေကို
စိတ်အလိုချစ်
မျိုးဆက်သစ်
ကျန်ရစ်စေခဲ့။
ဓလေ့စဉ်လာ
သာသနာနှင့်၊ ရိုးရာယဉ်ကျေးမှု
အစုစုတည်၊ ရွှေပြည်ရခိုင်
မြိုင်ဆိုင်စည်ပင်၊ အလှဆင်ဖို့
ပါဝင်ဝိုင်းကူ၊ မျိုးချစ်သူ
ကျောက်ဖြူသူ ကျောက်ဖြူသား
စိတ်ထားထင်ဟပ်၊ မြင့်မြတ်စေရဲ့။
သြော်…ရခိုင်ဒေသ
ကမ်းလှသန္တာ၊ သာယာသိမ်မွေ့
ကိုယ့်ဓလေ့နှင့်၊ ချမ်းမြေ့ပါစေ
ကိုယ့်မြေကိုယ်ချစ်၊ မျိုးဆက်သစ်တို့
အနှစ်ပြည့်ဖြိုး၊ ဆတိုးစည်ကား
ထင်ရှားကျော်ကြားစေချင်သည်။
……………………
ခိုင်ကျော်ထွေး(စ်စ်တွေ)
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
သန္တာကမ်း
လန်းဆန်းလှပ၊ ထာဝရနှင့်
ညွှန်းပြသက်သေ၊ ရခိုင်မြေ။
တွေးနေမိတိုင်း
ရင်လှိုင်းပီတိ၊ အသိဆက်နွယ်
ပြည်နယ်ပန်းချီ၊ ရာသီတိုင်းမှာ
သာယာသိမ့်မွေ့
ချမ်းမြေ့နေရဲ့။
ရေလွှာပြင်က
လှိုင်းအလှနှင့် ဘဝသရုပ်
ဖော်ထုတ်နေသလား
ကျောက်ဆောင်အများပြား
ကမ်းပါးတစ်လျှောက်
မပျောက်ကွယ်နိုင်
မြဲခိုင်နေခြင်းအသိ
အမိမြေနဲ့အတူ
ဂုဏ်ယူစေရဲ့။
သမိုင်းပုံရိပ်
အတိတ်ပစ္စုပ္ပုန်၊ တစ်ဖန်အနာဂတ်
မပြတ်စေချင်၊ ရုပ်သွင်ထင်ရှား
ရခိုင်သားရခိုင်သူ
ကျောက်ဖြူဇာတိ၊ အမိမြေကို
စိတ်အလိုချစ်
မျိုးဆက်သစ်
ကျန်ရစ်စေခဲ့။
ဓလေ့စဉ်လာ
သာသနာနှင့်၊ ရိုးရာယဉ်ကျေးမှု
အစုစုတည်၊ ရွှေပြည်ရခိုင်
မြိုင်ဆိုင်စည်ပင်၊ အလှဆင်ဖို့
ပါဝင်ဝိုင်းကူ၊ မျိုးချစ်သူ
ကျောက်ဖြူသူ ကျောက်ဖြူသား
စိတ်ထားထင်ဟပ်၊ မြင့်မြတ်စေရဲ့။
သြော်…ရခိုင်ဒေသ
ကမ်းလှသန္တာ၊ သာယာသိမ်မွေ့
ကိုယ့်ဓလေ့နှင့်၊ ချမ်းမြေ့ပါစေ
ကိုယ့်မြေကိုယ်ချစ်၊ မျိုးဆက်သစ်တို့
အနှစ်ပြည့်ဖြိုး၊ ဆတိုးစည်ကား
ထင်ရှားကျော်ကြားစေချင်သည်။
……………………
ခိုင်ကျော်ထွေး(စ်စ်တွေ)
(ဝန်ခံချက်၊ ။ကျာက်ဖြူမြို့တည် နှစ်(၁၈၀)ပြည့် အထိမ်းအမှတ် ကျောက်ဖြူမဂ္ဂဇင်းမှ ကူးယူဖော်ပြလိုက်ပါသည်။)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။