ကြံ့ခိုင်ရေးပါတီ မောင်တောအမတ်ကို ဥပဒေပြုရေး ကော်မီတွင် အတွင်းရေးမှူး ခန့်အပ်၍ ရတပ ပါတီမှ ကန့်ကွက်


ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာ ကော်မီတီ အတွင်းရေးမှူး အဖြစ် ကြံ့ခိုင်ရေး ပါတီ မောင်တောမြို့နယ် အမှတ်(၁) မဲဆန္ဒ နယ်မြေ အမတ် ဦးဇာဟိဝိရ်ခေါ် ဦးအောင်မျိုးမင်အား ခန့်အပ်ခြင်း အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ကန့်ကွက်ခဲ့ကြောင်း သတင်း ရရှိသည်။

ဦးဇာဟိဝိရ် အား ကန့်ကွက်ရခြင်း အပေါ် ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ယခုကဲ့သို့ ပြောသည်။

“ ဥပဒေပြုရေး၊ တရား စီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ အချုပ်အချာအာဏာ မဏ္ဍိုင်သုံးရပ်မှာ ဥပဒေ ပြုရေး အာဏာဟာ တော်တော့ကို အရေးကြီးတယ်။ အဲသလို အရေးကြီးတဲ့ နေရာဖြစ်တဲ့ အတွင်းရေးမှူးနေရာကို နိုင်ငံခြားသား ဟုတ်မဟုတ်ဆိုတဲ့ လူတစ်ဦးကို ပြည်နယ်လွှတ်တော်က ခန့်အပ်တယ်ဆိုတာ မဖြစ်သင့် အဖြစ်ထိုက်တဲ့ ကိစ္စပါ။ ဦးဇာဟိဝိရ်ဟာ နိုင်ငံသား တစ်ဦး ဖြစ်တယ် ဆိုရင် ကျွန်တော်တို့ ကန့်ကွက်စရာ မရှိပါ။ ဒါပေမယ့် သူဟာ နိုင်ငံသား တစ်ဦး မဟုတ်ဘူးဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့လည်း မကိုက်ညီတဲ့ အတွက် ကျွန်တော်တို့ ပါတီ အနေနဲ့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။”

ဦးဇာဟိန်ဝိရ်ကို မတ်လ ၁ ရက်နေ့က ရခိုင်ပြည်နယ် လွတ်တော်မှ ရခိုင်ပြည်နယ် လွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာ ကော်မီတွင် တခြား လွတ်တော် အမတ် ၂ ဦး၊ ပြင်ပမှ ပညာရှင် နှစ်ဦး စုစုပေါင်း ၅ ဦးဖြင့် ဖွဲ့စည်း ခဲ့သည့် ပြည်နယ် လွှတ်တော် ဥပဒေ ပြုရေးဆိုင်ရာ ကော်မီတီတွင် အတွင်းရေးမှူး အဖြစ် ခန့်အပ်ခဲ့သည်။

အဆိုပါ ကော်မီတီတွင် ဦးဇာဟိဝိရ် အပြင် ပြည်နယ်က လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာ ကော်မီတွင် ဥက္ကဌ အဖြစ် ကြံ့ခိုင်ရေး ပါတီ သံတွဲမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးအောင်နိုင်ဦး၊ ရတပ ပါတီမှ ရသေ့တောင် အမှတ် (၂) ဦးဖိုးမင်း (ခေါ်) ဦးဘိုးမင်းမှ အဖွဲ့ဝင်၊ တရားရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူး အငြိမ်းစား ဦးကျော်သာနှင့် ဒုတိယ ပြည်နယ် ဥပဒေ အရာရှိ အငြိမ်းစား ဦးမောင်သာလှတို့ကို ခန့်အပ်ခဲ့သည်။

ယခုကဲ့သို့ ကန့်ကွက်ခြင်း အပေါ် လွှတ်တော်အတွင်းတွင် တစုံတရာ ဆွေးနွေးခွင့် မရရှိဘဲ ပယ်ချ ခံခဲ့ရကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

“ ဒီလို ကန့်ကွက်လွှာ တင်သွင်းတာကို ကျွန်တော်ပါတီက မတ်လ ၂ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ၃ ရက်နေ့မှာ ကျတော့ ခုလို ကန့်ကွက်တာကို လွှတ်တော်အတွင်းမှာ ဖြေရှင်းခွင့် မရှိဘူးဆိုပြီး သူတို့က ပယ်ချတယ်။ အကြောင်းပြတာကတော့ ဒီကိစ္စဟာ ရွှေးကောက်ပွဲ ကော်မရှင်နဲ့သာ သက်ဆိုင်တယ်။ သူတို့နဲ့ မဆိုင်ဘူး။ အထက်အဆင့်ဆင့်က သေသေချာချာ ရွှေးချယ်စီစစ်ပြီး ခန့်အပ် ထားတာ ဖြစ်တဲ့ အတွက် သူတို့အနေနဲ့ ခုလို ခန့်အပ်တာကို ပယ်ချပိုင်ခွင့် မရှိဘူးဆိုပြီး ပြောပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ ကန့်ကွက်လွှာ တင်သွင်းသော်လည်း တစုံတရာ လွှတ်တော်တွင် ဖြေရှင်းခွင့်မရသဖြင့်  သူအနေဖြင့် စိတ်ပျက်မိကြောင်းလည်း ဦးပြည်စိုးက ပြောကြားသည်။

ဦးခိုင်ပြည်စိုးမှ ဦးဇာဟိဝိရ် ကိုင်ဆောင်ထားသော နိုင်ငံသား စိစစ်ရေး ကဒ်ပြားမှာ ဧည့်နိုင်ငံသား များကို ထုတ်ပေးသော ကဒ်ဖြစ်ပြီး ထိုကဒ်ထဲတွင်“ ယခုကဒ် ကိုင်ဆောင်သူမှာ မည်သည့်နိုင်ငံသား ဖြစ်ကြောင်း အလျဉ်း မှတ်ယူခြင်း မပြုရ” ဟု ပါရှိကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးဇာဟိဝိရ်အား ဆက်သွယ်မေးမြန်းရန် နိရဉ္စရာကြိုးစား ဆောင်ရွက်ရာ ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။


: -----------

(နိရဉ္စရာ သတင်း
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။