ထွန်းထွန်း
-------------
အပြစ် တစုံတရာ မရှိဘဲ နွား၈၇ ကောင်နှင့် အတူ ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၇ ဦးမှာ ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားထောင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“သူတို့က နွားတွေကို ရခိုင်ပြည်နယ် ကျောက်ဖြူဘက်က စက်လှေ တစီးနဲ့ ဘင်္ဂလာဒေခ်ျ့ကို ရောင်းချဖို့ ယူဆောင်လာတာမှာ ဘာမှ အပြစ်မရှိဘဲ ဆင်မဖြူ့ကျွန်းကိုရောက်တာနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့မှာ ပါလာတဲ့ နွား ၈၇ ကောင်စလုံးလည်း အသိမ်းခံရပါတယ်။ နွားတွေ အများအပြား ယူလာတဲ့ အတွက် အောက်ပြုတ် သတ်လိုက်တဲ့ သဘောပါ”ဟု ကျွန်းပေါ်မှ စီးပွားရေး လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။
အဆိုပါ နွားများ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၄၀၀ ဖိုးခန့်ရှိပြီး ရေလမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ရောင်းချလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ ရမ်းဗြဲမြို့နယ် နဂါးရွာမှ ၂ ဦး၊ ဇရပ်ပြင်ရွာမှ ၂ ဦးနှင့် ကျောက်ဖြူမြို့နယ် ကလားဘာရွာမှ ၃ ဦး ဖြစ်သည်။
သူတို့ နွားလာသွင်းသည့် ပွဲရုံပိုင်ရှင် မတာလီမှ “ သူတို့ကို အခု ပြန်လွှတ်အောင်ကြိုးစားနေပါတယ်။ သူတို့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို အကျိုးပြုနေတဲ့ သူတွေဆိုတော့ ခုလို အဖမ်းခံရတဲ့ အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ဘင်္ဂလာမှာ လိုအပ်တဲ့ နွားတွေနဲ့ သစ်၊ ငါးစတာတွေကို သူတို့ တင်သွင်းနေတဲ့ အတွက် ကျွန်တော်တို့ ဒီနိုင်ငံမှာ ဈေးပေါပေါနဲ့ ၀ယ်ယူ စားသုံးနိုင်တာ ဖြစ်ပါတယ်။ တက်ကနက် ရဲစခန်းမှူးက စစ်တကောင်းသားဆိုတော့ သူကလည်း ဒီလူတွေမှာ အပြစ်မရှိဘူးဆိုတာကို သိတဲ့ အတွက် တရားမစွဲဘဲ လွတ်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် သူတို့နိုင်ငံ စားသုံးသူများ အတွက် နွားများကို အလုံအလောက် မွေးမြူ မထုတ်လုပ်ပေးနိုင်သဖြင့် မြန်မာနိုင်ငံက နွားများကို တရားမ၀င် တင်သွင်းနေကြရသည်။
ယခုကဲ့သို့ တင်ပို့စဉ် မြန်မာ နိုင်ငံမှ စီးပွားရေး သမားများက နအဖ အရာရှိများ လာဒ်ပေးပြီး မှောင်ခို ရေလမ်းကြောင်းမှ တဆင့် စက်လှေများဖြင့် တင်ပို့ကြခြင်း ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့တွင်လည်း အခန့်မသင့်လျှင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမူများလည်း မကြာခဏ ရှိနေကြောင်း သိရသည်။
: -------
(နိရဉ္စရာ)
-------------
အပြစ် တစုံတရာ မရှိဘဲ နွား၈၇ ကောင်နှင့် အတူ ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၇ ဦးမှာ ယခုအခါ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားထောင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာမှ တင်သွင်းလာသော နွားများ
သူတို့အား ဇန္န၀ါရီလ ၂၈ ရက်နေ့က ဘင်္ဂလာနယ်ခြား တပ်ဖွဲ့ ဘီဒီဘီမှ နတ်မြစ်ဝတွင် တည်ရှိသော ဆင်မဖြူကျွန်းတွင် ဖမ်းဆီးခဲ့သည်။“သူတို့က နွားတွေကို ရခိုင်ပြည်နယ် ကျောက်ဖြူဘက်က စက်လှေ တစီးနဲ့ ဘင်္ဂလာဒေခ်ျ့ကို ရောင်းချဖို့ ယူဆောင်လာတာမှာ ဘာမှ အပြစ်မရှိဘဲ ဆင်မဖြူ့ကျွန်းကိုရောက်တာနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့မှာ ပါလာတဲ့ နွား ၈၇ ကောင်စလုံးလည်း အသိမ်းခံရပါတယ်။ နွားတွေ အများအပြား ယူလာတဲ့ အတွက် အောက်ပြုတ် သတ်လိုက်တဲ့ သဘောပါ”ဟု ကျွန်းပေါ်မှ စီးပွားရေး လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။
အဆိုပါ နွားများ၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၄၀၀ ဖိုးခန့်ရှိပြီး ရေလမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ တရားမ၀င် ရောင်းချလာစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများမှာ ရမ်းဗြဲမြို့နယ် နဂါးရွာမှ ၂ ဦး၊ ဇရပ်ပြင်ရွာမှ ၂ ဦးနှင့် ကျောက်ဖြူမြို့နယ် ကလားဘာရွာမှ ၃ ဦး ဖြစ်သည်။
သူတို့ နွားလာသွင်းသည့် ပွဲရုံပိုင်ရှင် မတာလီမှ “ သူတို့ကို အခု ပြန်လွှတ်အောင်ကြိုးစားနေပါတယ်။ သူတို့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံကို အကျိုးပြုနေတဲ့ သူတွေဆိုတော့ ခုလို အဖမ်းခံရတဲ့ အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ဘင်္ဂလာမှာ လိုအပ်တဲ့ နွားတွေနဲ့ သစ်၊ ငါးစတာတွေကို သူတို့ တင်သွင်းနေတဲ့ အတွက် ကျွန်တော်တို့ ဒီနိုင်ငံမှာ ဈေးပေါပေါနဲ့ ၀ယ်ယူ စားသုံးနိုင်တာ ဖြစ်ပါတယ်။ တက်ကနက် ရဲစခန်းမှူးက စစ်တကောင်းသားဆိုတော့ သူကလည်း ဒီလူတွေမှာ အပြစ်မရှိဘူးဆိုတာကို သိတဲ့ အတွက် တရားမစွဲဘဲ လွတ်ပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် သူတို့နိုင်ငံ စားသုံးသူများ အတွက် နွားများကို အလုံအလောက် မွေးမြူ မထုတ်လုပ်ပေးနိုင်သဖြင့် မြန်မာနိုင်ငံက နွားများကို တရားမ၀င် တင်သွင်းနေကြရသည်။
ယခုကဲ့သို့ တင်ပို့စဉ် မြန်မာ နိုင်ငံမှ စီးပွားရေး သမားများက နအဖ အရာရှိများ လာဒ်ပေးပြီး မှောင်ခို ရေလမ်းကြောင်းမှ တဆင့် စက်လှေများဖြင့် တင်ပို့ကြခြင်း ဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့တွင်လည်း အခန့်မသင့်လျှင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမူများလည်း မကြာခဏ ရှိနေကြောင်း သိရသည်။
: -------
(နိရဉ္စရာ)
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။