နအဖ စစ်အစိုးရ၏ အမျိုးသားလွှတ်တော်ကို ဒုတိယ နေ့မြောက် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဆက်လက် ကျင်းပရာ ရခိုင်ပြည်နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှ ဒေါက်တာ အေးမောင်ကို ဒုတိယ သမ္မတလောင်း အဖြစ် လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက အဆိုတင်သွင်းပြီး သုံးဦးက ထောက်ခံခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၄) မဲဆန္ဒနယ်မြေမှ ဒေါက်တာ မြတ်ဥာဏစိုးက ပထမဆုံး ဒေါက်တာ အေးမောင် ဒုတိယ သမ္မတလောင်း အဖြစ် တင်သွင်းပြီး သူ၏ အဆိုကို ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃)မှ ဦးဖုန်းမြင်အော့င်မှ ထောက်ခံသည်။
၎င်းနောက်ပိုင်း ဆက်လက်ပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ ဦးစိုင်းသန့်ဇင်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) မှ ဦးမင်းမျိုးတင့်လွှင်တို့က အဆိုတင်သွင်းပြီး ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ ဦးပေါလ်ထန်ထိုင်းက ထောက်ခံ အဆို တင်သွင်းသည်။
ဆက်လက်ပြီး ဒေါက်တာ အေးမောင်အား မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးနိုင်ထွန်းအုံနှင့် မွန်ပြည်နယ် အမှတ် (၄)မှ ဦးကျော်သိန်းတို့က အဆိုတင်သွင်းပြီး မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇)မှ မဦးဗညားအောင်မိုးက ထောက်ခံ အဆိုတင်သွင်းခဲ့သည်။
ယခု့ကဲ့သို့ ထောက်ခံ အဆိုတင်သွင်းမူမှာ ကြံ့ဖွတ် မဟုတ်သော တခြား အတိုက်အခံပါတီများ စုစည်း ညီညွတ်မူ သင်္ကေတ ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
:..............
(နိရဉ္စရာ)

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။