အပေါက်ဝကျေးရွာ ဒေသခံများ ကမ်းပါးပြိုမှုကြောင့် စိုးရိမ်နေကြရ

ဖေဖေါ်ဝါရီလ (၄) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)
ကျောက်တော်မြို့နယ် အပေါက်ဝ စံပြကျေးရွာတွင် ကမ်းပါး အဆမတန် ပြိုကျနေမှုကြောင့် ဒေသခံ ပြည်သူများနှင့် ဈေးသည်များ စိုရိမ် နေရကြောင်း သိရှိရပါသည်။
“ကမ်းပါး ပြိုကျမှုကြောင့် စိုးရိမ်စရာ အခြေအနေ ဖြစ်နေကြရပါတယ်။ အခုက မြေတွေအားလုံး ကွဲအက်နေပြီ်။ ဒါကြောင့် ကမ်းပါးအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ စိုးရိမ် နေကြတာပါ။ အထူးသဖြင့်တော့ ဈေးသည်တွေပါ စိုးရိမ်နေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
အပေါက်ဝ စံပြကျေးရွာတွင် လွန်ခဲ့သော မိုးရာသီကလည်း ကမ်းပါး ပြိုကျမှုကြောင့် အိမ်များ ပြိုပျက်သွားပြီး လူများ ရွံ့ထဲ ပါသွားသဖြင့် အသက်ဘေးမှ သီသီလေး လွှတ်မြောက်လာကြခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
“မိုးရွာမှာကို စိုးရိမ်နေကြတယ်။ မိုးရွာရင်တော့ ဒီထက် ဆိုးဝါးနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွာသားတွေ စိုးရိမ် နေကြတာ” ဟု ဒေသခံတဦးက ပြောပြသည်။
အပေါက်ဝ စံပြကျေးရွာသည် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး ကမ်းပါး ပြိုလဲမှုကို နှစ်စဉ် ခံနေရသော ကျေးရွာ တစ်ရွာ ဖြစ်သည်။
“ဒီကိစ္စကို အလေးပေး ဆောင်ရွက်သင့်တာက အာဏာပိုင် အဖွဲ့အစည်းတွေပါ။ သူတို့က ဘာမှ လုပ်မပေးဘူး ဆိုတော့ ဘာမှ မတတ်နိုင်ဘူး”ဟု  လေ့လာသူများက ပြောပြသည်။
“နောက်ပြီး အခု ကုလားတန် စီမံကိန်းဆောင်ရွက်လာရင် သင်္ဘောကြီးတွေ ၀င်ထွက် သွားလာမှာဆိုတော့ ပိုပြီး ကမ်းပြိုမှုတွေ ဖြစ်လာ နိုင်ပါတယ်။ ဒီကိစ္စကို တာဝန်ယူထားကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေက တာဝန်ယူ ကြပ်မတ် ဆောင်ရွက်သင့်ပါတယ်” ဟု ဆက်လက် ပြောပြသည်။
ကုလားတန်မြစ်ကြောင်း တစ်လျှောက်ကမ်းပါးပြိုလဲမှုသည် တခြား ကျေးရွာများတွင်လည်း ထပ်တူ ဖြစ်ပျက်လျက် ရှိကြောင်း သိရှိ ရပါတယ်။
...........
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။