ရခိုင်ပြည်နယ်တွင် ဦးသုမင်္ဂလ တရားပွဲ လူသောင်းနဲ့ချီ လာရောက်နာယူ

ဖေဖေါ်ဝါရီလ (၄) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)
ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင်ကျင်းပသော ဦးသုမင်္ဂလ တရားပွဲတွင် လူ သောင်းနဲ့ချီ လာရောက် နာယူကြကြောင်း သိရှိရသည်။
“လူတွေက သောင်းကျော်လောက် ရောက်ပါတယ်။ အဓိကတော့ ခေတ်ကို မီးမောင်းထိုးပြီး တရားဟောတယ်။ နောက်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေကိုလဲ မီးမောင်းထိုးပြီးတရားဟောတော့ လူတွေက စိတ်ဝင်စားကြတော့ နယ်ကလူတွေလည်း လာရောက် နားထောင်ကြတယ်” ဟု တရားနာ သွားရောက်ခဲ့သူ စစ်တွေမြို့ခံ တစ်ဦးပြောပြသည်။
“ကျနော်တို့ ကျောက်တော်မြို့မှာလည်း တော်တော် စည်ကားပါတယ်။ လူတွေက ဘောလုံးကွင်း အပြည့်ပဲ၊ လူကြီးတွေ၊ လူလတ်ပိုင်း တွေနဲ့ လူငယ်တွေလည်း လာရောက် နားထောင်ကြပါတယ်။ ဘာသာရေးထက် အစိုးရ မကောင်းကြောင်း ပြောတော့ ပိုပြီး ကြိုက် နှစ်သက် ကြပါတယ်” ဟု ကျောက်တော်မြို့မှ လူငယ် တဦးက ပြောပြသည်။
ဆရာတော် ဦးသုမင်္ဂလသည် မှော်ဘီမြို့တွင် သီတင်းသုံး နေထိုင်ပြီး မြန်မာနိုင်ငံလုံးသို့ လှည့်လည် တရားဟောနေသော နယ်လှည့် တရားဟော ဆရာတော်တစ်ပါး ဖြစ်သည်။
..........
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။