နယူးယောက်မြို့သူမြို့သားများ၏ ဂီရိလေဘေး ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ က ဖိတ်ခေါ်ပြီ
ဒို့ တိုင်းရင်းသားတွေအရေးမို့ ကူညီကြစို့ လှူကြစို့
ဒို့ တိုင်းရင်းသားတွေအရေးမို့ ကူညီကြစို့ လှူကြစို့
မိုးမခရွာဆော်ကြီး
ဖေဖော်ဝါရီ ၂၊ ၂၀၁၁
လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်၊ ဆန်းဒေး၊ နယူးယောက်မြို့တော်၊ ၀ုဒ်ဆိုက်ကျောင်းဝင်းမှာမှာ မနက် ၁၀ နာရီကနေ ၅ နာရီအထိ ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပမှာ ဖြစ်လို့ ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျား။ ဓာတ်ပုံပိုစတာကတော့ အမျိုးသားရေး လက်မနှေးတဲ့ ပွဲတိုင်းကျော် ဒီဇိုင်းဆရာ ကိုမျိုး လက်ရာပါ။
၂၀၁၀ခု၊ အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေ မှာ ရခိုင်ပြည်နယ်မှာ တိုက်ခတ်သွားတဲ့ Category ၄ (တနာရီ လေတိုက်နှုန်း မိုင် ၁၃၀ မှ ၁၅၅ မိုင်) အဆင့် ရှိတဲ့ ဂီရ
ိ
မုန်တိုင်းကြောင့် အိုးအိမ် အဆောက်အဦ တသိန်းကျော် ပျက်စီး ခဲ့ပြီး လူပေါင်း ၁၀၀ နီးပါးသေဆုံးခဲ့ပါတယ်။ဂီရိမုန်တိုင်းဒဏ်ကို အဓိကခံခဲ့ရတဲ့ ဒေသတွေက မြေပုံ၊ ပေါက်တော၊ မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တွေပါ။မုန်တိုင်းကြောင့် လူပေါင်းသုံးသိန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး လယ်မြေဧကပေါင်း နှစ်သိန်းနီးပါး လုံးဝပျက်စီး သွားခဲ့ပါတယ်။
ိ
မုန
တာတမံများစွာလည်းကျိုးပျက်သွားပြီး လယ်မြေတွေထဲကို ဆားငံရေ လွှမ်းမိုးသွားခဲ့တာကြောင့် နောက်လာမယ့်နှစ် တွေထိ ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိနေပါတယ်။ သောက်သုံးရေကန်တွေ၊ ရေတွင်းတွေထဲကိုလည်း ဆားငံရေ
ဝ
င်ပြီး ပျက်စီးသွားတာကြောင့် သောက်သုံးရေက လောလောဆယ်မှာ အရေးအကြီးဆုံး ပြဿနာတခုဖြစ်နေပါတယ်။ အမြောက်အများ ပျက်စီးသွားခဲ့တဲ့ စာသင်ကျောင်းတွေကို ရှေ့လထဲမှာစတော့မယ့် စာမေးပွဲတွေအမှီ အမြန်ပြန်ဆောက်ပေးနိုင်ဖို့လည်း လိုအပ် နေပါတယ်။

မိမိတို့၏သွေးရင်းသားရင်း တိုင်းရင်းသားများ အခက်အခဲကြုံလာတိုင်း တတတ်တအား ဝိုင်းဝန်းကူညီလေ့ရှိသည့်
နယူးယောက်မြို့
သူမြို့သားများရဲ့ အစဉ်အလာအတိုင်း ဂီရိမုန်တိုင်းဒဏ်ကိုခံခဲ့ရသော ဒေသများရဲ့ အရေးတကြီးလိုအပ်နေသော အကူအညီများပေးနိုင်ရန်အတွက် ရံပုံငွေဈေးရောင်းပွဲကို လာမည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် P. S. 12, 42-00 72nd Street, Woodside မှာကျင်းပသွားမှာဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်ကို
နယူးယောက်မြို့
သူမြို့သားစေတနာရှင်များရဲ့ မြန်မာအစားအစာဆိုင်မျိုးစုံ၊ ကိုဇော် (Burmese Classic) မှ တာဝန်ယူစီစဉ်တဲ့ ဖျော်ဖြေရေးကဏ္ဍများ နှင့် သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးကဏ္ဍကို ရခိုင်ရိုးရာ အဆို အကများ၊ တိုင်းရင်းသားများအက၊ ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှ တေးသံရှင်များရဲ့မြန်မာသီချင်းများ၊ နယူးယောက်လူငယ်များရဲ့ ကိုယ်ပိုင်သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားမှာဖြစ်ပါတယ်။

ဈေးရောင်းပွဲတော်မှ ရရှိသောရံပုံငွေများကို
နယူးယောက်မြို့
သူမြို့သားရဲ့စုပေါင်းအလှူအဖြစ် နိုင်ငံတကာရခိုင် အမျိုးသားအသင်းကြီး (WAO) ကတဆင့် ဂီရိမုန်တိုင်းသင့် ဒေသများရဲ့သောက်သုံးရေတွင်း၊ ရေကန်များပြန်လည်တူးဖော်ရေး လုပ်ငန်းများကို ဦးစားပေးလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

တတ်အားသမျှ လှူဒါန်းလိုသော စေတနာရှင်ဈေးဆိုင်များ၊ စေတနာရှင်လုပ်အားပေးများကိုလည်း မိမိတို့၏ သွေးရင်းသားရင်း တိုင်းရင်းသားများ အရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါရန် နွေးနွေးထွေးထွေး ဖိတ်ခေါ်ပါတယ်။ အသေးစိတ် အချက်အလက် များကို ပြည်သူ့ဂုဏ်ရည်အသင်း (www.citizenofburma.org) နဲ့ နိုင်ငံတကာရခိုင် အမျိုးသားအသင်းကြီး (www.worldarakan.org) တို့ထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။
ရံပုံငွေဈေးရောင်းပွဲအတွက် ဆက်သွယ်ရန်
ကိုဇော်(Zaw Photo NYC) 732 979 4848
ကိုကျော်ဝင်း 917 912 7711
ကိုဇော်ဇော်ထွန်း 646 203 3338
ကိုဝေလ 646 462 9017
..............
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။