2011-02-01
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လယ်သမားတွေကို ဒေသခံစစ်တပ်က အဓမ္မ ခိုင်းစေနေတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ တိုင်ကြားလိုက်ပါတယ်။လယ်သမားတဦး ကဋ္ဋဲတရဉြ်ူးဖင့် လယ်ထန်ြနေပုံဖစ်ပၝသည်။ (Photo: AFP)
ဒီအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ညွှန်ကြားချက်အရ အဓမ္မ စေခိုင်းမှုပပျောက်ရေး ဆောင်ရွက်နေတဲ့ ဦးသက်ဝေတို့က လိုက်လံဆောင်ရွက်ပေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ဒီကနေ့ တင်ပြတဲ့ မြောက်ဦးမြို့နယ် အမှုကို ရန်ကုန် ILO ရုံးက လက်ခံထားလိုက်ပါတယ်။ ဒီအမှုမှာ သက်သေ အထောက်အထား ခိုင်လုံတယ်လို့ စုံစမ်းစစ်ဆေး တွေ့ရှိခဲ့မယ်ဆိုရင် ILO အဖွဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီး လယ်သမားတွေ ပြေလည်အောင် အရေးယူ ဆောင်ရွက်ပေးမဲ့အကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
..........
RFA
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။