ရေကြောင်းပြမီးဗော်ယာ ၅ လုံး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွင် ထပ်မံချမည်

တည်ဆောက်လျက်ရှိသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသို့ ရေ ယာဉ်များ ဝင်ထွက်သွားလာမှု အ ဆင်ပြေစေရန်နှင့် ရေကြောင်းလုံခြုံ စိတ်ချမှုရှိစေနိုင်ရေးအတွက် ရေ ကြောင်းအချက်ပြဆိုလာမီးဗော်ယာ ၂ ခုဖြင့် ရေကြောင်းအချက်ပြမှု ပေး နေပြီး ဆက်လက်၍လည်း ထပ်မံ ချထားသွားရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ သိရ သည်။”နိုဝင်ဘာလ တတိယပတ်မှာ ရေကြောင်းတိုင်းတာရေးအဖွဲ့နဲ့ မီး ဗော်ယာတွေကို စတင်ချထားပြီး ရေကြောင်းအချက်ပြမှုတွေကိုပြုလုပ် နေပါတယ်။ လက်ရှိမှာ တည် ဆောက်ဆဲဖြစ်တဲ့ ကျောက်ဖြူရေ နက်ဆိပ်ကမ်းအတွက် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို ပို့ တဲ့ ရေယာဉ်တွေအဓိက ဝင်ထွက် သွားလာနိုင်ဖို့ကို ရည်ရွယ်ပြီး ချထား ပေးခဲ့တာပါ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ပင်လယ်ပိုင်းဖြစ်သည့်အ တွက် ရေနက်ပိုင်း၊ ရေတိမ်ပိုင်းများ၊ ကျောက်တန်းများအပိုင်းနှင့် အမြုပ် ပိုင်းများဟူ၍ အပိုင်းများရှိကြောင်း၊ အဆိုပါအပိုင်းများထဲတွင် ရေယာဉ် များ အန္တရာယ်ဖြစ်နိုင်သည့် အပိုင်း များ လည်းရှိသဖြင့် အဆိုပါ အပိုင်း များကို ရှောင်လွှဲသွားနိုင်ရန် ရေ ကြောင်းအချက်ပြမှုများလိုအပ် ကြောင်း သိရသည်။”ကျောက်ဖြူရေနက်ဆိပ် ကမ်းကိုသွားတဲ့ ရမ်းဗြဲ ကျွန်း၊ ဖရုံ ကာကျွန်းတွေရဲ့အနီး ငလပွေ့နား မှာ ရေကြောင်းအချက်ပြဗော်ယာ တစ်ခုချထားပြီးReliance  Shoal မှာ ဗော်ယာတစ်ခု ချထားပါတယ်။ နောက် ထပ် မီးဗော်ယာတွေ ချထား ပြီး ရေကြောင်းအချက်ပြမှုတွေ ပြု လုပ်ဖို့ကို အကြမ်းဖျင်းရေးဆွဲထား ပြီးပါပြီ။ ရေကြောင်းတိုင်းတာရေး အဖွဲ့တွေနဲ့ နောက်ထပ် ၅ လုံး လောက် ထပ်ချဖို့ အစီအစဉ်ရှိပါ တယ်။ လိုအပ်ရင် ထပ်မံချထား သွားမယ်” ဟု ၄င်းကထပ်လောင်း  ပြောသည်။

မင်းသုအောင်

Ref: popularmyanmar
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။