ကျောက်ဖြူ-ယူနန်အထိ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အပိုင်းလေးပိုင်းခွဲ လုပ်ဆောင်သွားမည်၊ ပိုက်လိုင်းတစ်လျှောက်တွင် မြစ်ဖြတ်ပိုက်လိုင်း ၁၀ ခုနှင့် ဥမင်လိုဏ်ခေါင်း တစ်ခု ပါဝင်မည်ဟုသိရ



  ကျောက်ဖြူ-ယူနန်အထိသွယ် တန်းမည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အပိုင်းလေးပိုင်းခွဲ၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါပိုက်လိုင်းတစ်လျှောက်တွင် မြစ်ဖြတ်ပိုက်လိုင်း ၁၀ ခုနှင့် ဥမင်လိုဏ် ခေါင်းတစ်ခု ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာ-တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့၏အနောက် တောင်ပိုင်း ၆ ဒသမ ၇ ကီလိုမီတာ မှစတင်ကာ မကွေးတိုင်း၊ မန္တလေး တိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
    မြန်မာ-တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာတွင် CNPC နှင့်Petro China ကုမ္ပဏီတို့မှလက်တွဲ ဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် ယခုလောလောဆယ်တွင် ကုန်းတွင်းပိုင်း သွယ်တန်းမှုများအတွက် တရုတ်ကုမ္ပဏီသုံးခုနှင့် အိန္ဒိယကုမ္ပဏီတစ်ခုတို့က CNPC နှင့် Petro China  ကုမ္ပဏီထံသို့ တင်ဒါ တင်သွင်းထားကြောင်းလည်း သိရသည်။
 

    ယင်းကဲ့သို့ တင်ဒါတင်သွင်းရန်အတွက် အဆိုပါတရုတ်ကုမ္ပဏီနှင့် အိန္ဒိယကုမ္ပဏီတို့သည် ပိုက်လိုင်းတစ်လျှောက် လိုအပ်သောမြေမျက်နှာပြင် တိုင်းတာခြင်းများပြုလုပ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

    မြန်မာ-တရုတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၇၉၂ ဒသမ ၅ ကီလိုမီတာ ပိုက်လိုင်းများဆက်ကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖြတ်သန်းရာ တစ်လျှောက်တွင် ရထားလမ်းဖြတ်ကျော်ခြင်း ၁၀ နေရာ၊ အဝေးပြေးလမ်းမကြီးပေါ်မှ ဖြတ်ကျော်ခြင်း တစ်နေရာ၊ အဆင့်ကျော် လမ်းမကြီး ဖြတ်ကျော်ခြင်း ၂၅ နေရာ၊ အခြားလမ်းဖြတ်ကျော်ခြင်း ၁၁၈ နေရာနှင့် ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ရန်တို့ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။


Ref: weeklyeleven
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။