ရွှေလီ – ကျောက်ဖြူ သွယ်တန် မည့် တရုတ် – မြန်မာ စင်္ကြံလမ်း ဖောက်လုပ်ရေး လက်မှတ် ရေးထိုး

ရွှေလီမှ ကျောက်ဖြူသို့ ဆက် သွယ်မည့် တရုတ် – မြန်မာ စင်္ကြံ လမ်း စီမံချက် ပူးပေါင်း ဆောင်ရွက် မည့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ကို  မေ ၁၈ ရက်က နှစ်နိုင်ငံ တာဝန်ရှိ သူများ လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။ နေပြည် တော်ရှိ နိုင်ငံတော် အေး ချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံး ဧည့်ခန်းမတွင် ကျင်းပ ခဲ့သည့် လက်မှတ် ရေးထိုး ပွဲတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န် ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ လီရှန်လင်း တို့က လက် မှတ် ရေးထိုး ခဲ့ကြပြီး အပြန်အလှန် စာချုပ်များ လဲလှယ် ခဲ့ကြကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော် ပြချက် အရသိရသည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ တစ်ဆင့် အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ၀ယ်ယူထား သည့် ရေနံစိမ်း များကို ပိုက်လိုင်း ဖြင့် သွယ်တန်း ယူမည်ဖြစ်ကာ ရခိုင် ကမ်းရိုးတန်းမှ ထွက်ရှိသည့် သ ဘာဝ ဓာတ်ငွေ့ များ ကို လည်း ပိုက် လိုင်းဖြင့် သွယ်တန်း ရယူမည်ဖြစ် ကြောင်း သိရသည်။
ကျောက်ဖြူ ဆိပ်ကမ်းမှ တစ် ဆင့်   မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် (အရှေ့မြောက် ပိုင်း) ဒေသ များကို ဖြတ်သန်း မည့် အရှည် ကီလိုမီတာ ၁,၂၀၀ ရှိပိုက် လိုင်းဖြင့် သွယ်တန်းမည် ဖြစ်ကြောင်း သိရပြီး တစ်နေ့လျှင် ရေနံစိမ်း ကုဗပေ ၁၂ သိန်း တင်ပို့ မည်ဖြစ် ကြောင်းလည်း သိရသည်။ ပိုက် လိုင်း သွယ်တန်းရေး အတွက် လမ်း ကြောင်းများ ရှာဖွေ သတ်မှတ်ထား ပြီးဖြစ်ကာ ၂၀၁၀ ပြည့်နှစ်ဆန်း ပိုင်း မှစ၍ ကျောက်ဖြူမြို့မဒေး ကျွန်းတွင် ရေနံတင် ဆိပ်ကမ်းကို လည်း စတင် တည်ဆောက် နေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့ တွင် လိုအပ် သည့် စက်ကိရိယာ နှင့် ပစ္စည်းများ တင်ဆောင် သယ်ပို့ နိုင်ရေး အတွက် ဆိပ်ခံ တံတားသစ် တစ်စင်းကို လည်း တည်ဆောက် သွားမည် ဖြစ် ကြောင်း နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြချက် အရ သိရသည်။

ကိုကြီးမန်း

Ref: .themyanmarpost
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။