ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ ကူမင်း ဆက်သွယ်မည့် ရထားလမ်း ဖောက်လုပ်

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ကို ဆက်သွယ်နိုင်မည့် ရထားလမ်း ဖောက်လုပ်ရန် စီစဉ်နေကြောင်း တရုတ် သတင်းဌာနများက ဖော်ပြခဲ့သည်ဟု သိရသည်။
ကျောက်ဖြူ-ကူုမင်း ရထားလမ်း စီမံကိန်းသည် လာမည့် ၂၀၁၅ တွင် ပြီးစီးရန် ရည်မှန်းထားပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့်  ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားမည်ဟု သိရသည်။ ရထားလမ်း စီမံကိန်းတွင် ကျောက်ဖြူ-အမ်း-မင်းဘူး လမ်းပိုင်း ၊ မင်းဘူး-မကွေး-မန္တလေး လမ်းပိုင်း ၊ မန္တလေး -လားရှိး-မူဆယ် လမ်းပိုင်း နှင့် မူဆယ်-ဂျီဂျို နယ်စပ်လမ်း စသည်ဖြင့် အပိုင်းများ ခွဲခြားထားသည်ဟု ဆိုသည်။
http://patheincity.com/news//HLIC/de39c9f9ab51ee95d50be749c0808194.gif
အဆိုပါ ရထားလမ်း ပြီးစီးပါက မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနမ်ဒေသတို့ကို ရထားလမ်းဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်ပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာပြီး မကွေးနှင့် မန္တလေး မြို့ကြီးများသည်လည်း အဓိက စီးပွားရေး မြို့ကြီးများ ဖြစ်လာမည်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် ကျောက်ဖြူကို လောင်စာဆီ တင်းသွင်းမှု၏ ဗဟိုချက်အဖြစ် အသုံးပြုရန် မျှော်မှန်းထားပြီး တရုတ်နိုင်ငံ ကမ်းလွန် ရေနံတူးဖော်ရေး ကော်ပရေးရှင်း China National Offshore Oil Corporation (CNOOC) သည် ကျော်ဖြူ ရေနက်ဆိပ်ကမ်းနှင့် သိုလှောင်ရေး အဆောက်အအုံများ တည်ဆောင်ရတွင် ပါဝင်ကြောင်း သိရသည်။ ကျောက်ဖြူမှ တစ်ဆင့် ရေနံများကို ပိုက်လိုင်းတည်ဆောက်ပြီး တရုတ်နိုင်ငံ ယူနန်ဒေသသို့ ၂၀၁၂ ခုနှစ်တွင် စတင် ပေးပို့နိုင်ရန် စီစဉ်ထားသည်။ ထို့ပြင် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူတွင် အထူး စက်မှုဇုံတစ်ခု တည်ထောင်ရန်လည်း စီစဉ်လျက်ရှိသည်။

Ref:  PatheinCity News |

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။