"ကျွန်တော် အသင်းကို ရောက်တာ အခုမှ တစ်ပတ်ပဲ ရှိပါသေးတယ်။ အသင်းကို ပြင်ဆင်ချိန် အရမ်း နည်းခဲ့တယ်။ ကျွန်တော် ဖီဖာ စာအုပ်ထဲမှာ ဖတ်ရ သလောက်တော့ ရတနာပုံဟာ လက်ရှိ ချန်ပီယံလို့ သိရတယ်။ အသင်းသစ် တစ်သင်း အနေနဲ့ သူတို့နဲ့ ပထမဆုံး ပွဲမှာ ရင်ဆိုင်ရတယ် ဆိုတာ အရမ်းကို ခက်ခဲလွန်း ပါတယ်။ သူတို့ဟာ မြန်မာ နေရှင်နယ်လိဂ် အတွေ့အကြုံလည်း အရမ်းများတဲ့ အသင်းပါ။ ဒီပွဲဟာ အရမ်းကို ပြင်းထန်တဲ့ ပွဲဖြစ်ပါတယ်။ ပြိုင်ဘက် အသင်းရဲ့ ကစားပုံဟာ ကျွန်တော်တို့ကို ခက်ခဲစေတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ အတွေ့အကြုံ နည်းပေမယ့် ကျွန်တော် ပြောတဲ့ အတိုင်း ကစားနိုင် ခဲ့တယ်။ ပြိုင်ဘက် အသင်းကို နေရာလွတ်တွေ မပေးဖို့ ပြောထားတဲ့ အတိုင်း ကစားခဲ့တယ်။ ချေပဂိုး ပေးလိုက်ရ ပြီးတဲ့နောက် ၈၂ မိနစ်မှာ အခွင့်အရေး တစ်ကြိမ် ထပ်ရသေးတယ်။ ကျွန်တော့် ကစားသမားတွေ အတွေ့အကြုံ နည်းလို့သာ ဂိုးမဖြစ် ခဲ့တာပါ။ ဒီဂိုးသာ ရခဲ့ရင် ရတနာပုံကို (၂-၁)ဂိုးနဲ့တောင် နိုင်ခဲ့သင့် ပါတယ်"ဟု မင်ကော့ဗ် စကီးက ဆိုခဲ့သည်။
ဆက်လက်ပြီး မင်ကော့ဗ် စကီးက သူ၏ အသင်းကို လေ့ကျင့်ပေးရန် အများအပြား ရှိနေသေးကြောင်း၊ ပယ်နယ်တီ ပေးလိုက်ရခြင်း အပေါ် မည်သို့မျှ မဝေဖန် လိုကြောင်း၊ လာမည့် ဇေယျာရွှေမြေနှင့် ပွဲအတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပွဲတွင် အများအပြား လာရောက် အားပေးကြသည့် ရခိုင် ပရိသတ် ကိုလည်း ကျေးဇူးတင် စကား ဆိုခဲ့ပြီး ယင်းသို့ ပရိသတ်များ ပိုင်ဆိုင်ထားသည့် အတွက် မိမိတို့ အသင်း ကံကောင်းသည်ဟု ပြောကြားခဲ့သည်။ သို့သော် မင်ကော့ဗ် စကီးက မြန်မာ နေရှင်နယ်လိဂ် ရာသီ နှစ်ခုကြား အားလပ်ရက် နည်းပါးသည့် ဘောလုံး ပြက္ခဒိန် ကိုမူ ဝေဖန်သွား ခဲ့သည်။
...........
Original Link: Soccer Myanmar
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။