မြောက်ဦးသို့ပြည်ပခရီးသွားရောက်ရှိမှုစံ ချိန်တင်နိုင်ဖွယ်ရှိ

Eleven Media Group


မြောက်ဦးသို့ပြည်ပခရီးသွားရောက်ရှိမှုစံ  ချိန်တင်နိုင်ဖွယ်ရှိ
ယခုနှစ်ခရီးသွားရာသီ အတွင်းရခိုင်ပြည်နယ်ရှိ မြောက်ဦး သို့ ပြည်ပ ခရီးသွား များရောက်ရှိ လာမှုမှာ ယခင်နှစ်များ က ထက် စံချိန်တင်နိုင်ဖွယ်ရှိကြောင်းနှင့် ပြင်သစ်၊ ဂျာမနီအပြင် ယူကေနှင့် ယူအက်စ်နိုင်ငံများမှ လာရောက် မှု မြင့်တက်လာကြောင်း သိရ သည်။  မြောက်ဦးရှေးဟောင်း နယ်မြေသို့ နှစ်စဉ် ခရီးသွားရာသီ အတွင်း ပြည် တွင်းပြည်ပ ခရီးသွား များ ရောက်ရှိလာတတ်သော်လည်း ပြင်သစ်နှင့် ဂျာမန်လူမျိုးများသာ အများဆုံးဖြစ်ကြောင်း၊ သို့သော်လည်း ယခုနှစ်ပိုင်းတွင် ယူကေနှင့် ယူအက်စ်နိုင်ငံများမှလည်း ခရီးသည်များ ၀င်ရောက်လာမှုပိုမိုလာခဲ့ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
''အရင်တုန်းကတော့ ယူကေနဲ့ ယူအက်စ်လိုနိုင်ငံတွေက လာတာနည်းတယ်။ အခုနှစ်မှာ သူတို့လည်း များလာတယ်။ အခြားပုံမှန်လာနေကျ ပြင်သစ်နဲ့ ဂျာမန်တွေလည်း များလာတယ်ဆိုတော့ ‘ဒီနှစ်ထဲမှာ အရင်ကထက် ပိုရောက်လာမယ်လို့ ထင်တယ်။ ဆယ်စုနှစ်တစ်ခုထဲမှာ စံချိန်တင်နိုင် လိမ့် မယ်လို့ မျှော်လင့် ပါတယ်။ နိုဝင်ဘာလ တစ်ခုတည်းမှာပဲ ပြည်ပ ခရီးသည်ရောက်ရှိမှုမှာ အရင်က တစ်နှစ် စာ ရောက် ရှိမှုလောက် များ ခဲ့တယ်'' ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

မြောက်ဦးသည် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည့်အပြင် ယဉ်ကျေးမှုအမွေ အနှစ် ဒေသတစ်ခု လည်းဖြစ်သည့် အတွက် နိုင်ငံခြားသားများ လာရောက် လည်ပတ်လေ့ လာကြသော ဒေသ တစ်ခုဖြစ်ကြောင်း၊ ယင်း သို့ လေ့လာခြင်းအားဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလည်း ယခင်ကထက် ပိုမိုအောင်မြင်မှုများ ရှိလာခဲ့ကြောင်း သိရသည်။ မြောက်ဦး သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသွားများ အနေဖြင့် မြောက်ဦးမြို့နယ်တစ်ခုလုံးရှိ ရှေးဟောင်းဘုရားပုထိုးများကို လေ့လာကြသည့်အပြင် ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရားနှင့် လေးမြို့ချောင်းဖျားရှိ ချင်းတိုင်းရင်းသားများကို သွားရောက်လေ့ လာကြလေ့ရှိကြောင်း သိရသည်။

စစ်တွေမှတစ်ဆင့် မြောက်ဦးသို့ လှေဖြင့်သွားရောက်လေ့ရှိပြီး ရေလမ်းသည် မြောက်ဦးသို့သွားသော တစ်ခုတည်းသောလမ်းဖြစ်ကြောင်း၊ ရေကြောင်းဖြင့်သွားလာလျှင် ပတ်ဝန်းကျင်အလှအပများကို ခံစား ကြည့်ရှုကာ သွားနိုင်ကြောင်းနှင့် ခရီးသည်များအတွက် သီးသန့်ပြင်ဆင်ထားသော လှေများဖြင့် ငှားရမ်းသွားလာနိုင်ကြောင်း သိရသည်။
''ဒီနှစ်လှေဈေးက စစ်တွေ-မြောက်ဦးအသွားအပြန် ကျပ်တစ်သိန်းကျော် ပေးရတယ်။ လေးမြို့ချောင်းခရီးစဉ်ကတော့ အသွားအပြန်စက်လှေခက ကျပ်သုံးသောင်းငါးထောင်၊ လေးသောင်းဝန်းကျင် ရှိတယ်။ အရင်နှစ်တွေနဲ့တော့ အနည်းငယ်ကွာတယ်။ ဒီနှစ်ထဲ ခရီးသွားတွေ များလာတယ်'' ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။