ရွှေဂက်စ်စီမံကိန်းရပ်တန့်ရေး မလေးရှားရှိရခိုင်များဆန္ဒပြ

ALD


မလေးရှားရှိရခိုင်အဖွဲ့အစည်းများနှင့်ရခိုင်ပြည်သူလူထုမှ ရခိုင်ပြည်နယ်အတွင်းတရုတ်အစိုးရနှင့်မြန်မာအစိုး
ရတို့ ပူးပေါင်းလုပ်ကိုင်နေသည့် “   ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း”  ရပ်ဆိုင်းရေးအတွက်  ဆန္ဒပြပွဲတစ်ရပ်ကို မလေးရှားရှိမြန်မာသံရုံးရှေ့ တွင်  ယနေ့နံနက်ပိုင်း(၁၀း၃၀)မှ(၁၁)နာရီအထိ နာရီဝက်ကြာကျင်းပခဲ့ပါသည်။
အဆိုပါဆန္ဒပြပွဲသို့ မလေးရှားရှိ ရခိုင်အဖွဲ့အစည်းများ  နှင့်  ရခိုင်ပြည်သူလူထု(၂၅၀)ကျော် ပါဝင်ခဲ့ပါသည်။
ဆန္ဒပြရခြင်း၏အဓိကရည်ရွယ်ချက်များကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)မလေးရှားဌာနခွဲအတွင်းရေးမှူး
ဦးမျိုးခိုင် မှ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ရွှေဂက်စ်စီမံကိန်းဆိုတာက ရခိုင်လူမျိုးတွေရဲ့ ရေပြင်ပိုင်နက်မှာရှိတယ်၊ဒီစီမံကိန်းလုပ်တာကို ကျွန်တော်တို့
ရခိုင်တွေအပါအ၀င် မြန်မာ့အရေးလှုပ်ရှားသူများကလည်း အစဉ်တစိုက်ကန့်ကွက်ခဲ့ကြတယ်။ဒါပေမဲ့ အဲဒီ
တုန်းကတိုင်းပြည်အာဏာကိုမတရားရယူထားခဲ့တဲ့နအဖစစ်ကောင်စီကပြည်သူတွေရဲ့ အသံကိုလျစ်လျူရှု
ပြီးတော့လုပ်ဆောင်ခဲ့တယ်။အဲဒီစီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ရာသီဥတုပြောင်းလဲမှု၊
အတင်းလုပ်အားပေးစေခိုင်းခံရမှု၊လယ်ယာမြေအတင်းဓမ္မသိမ်းပိုက်ခံရမှုစတာတွေကိုဒေသခံရခိုင်လူမျိုးများ
အလူးအလဲခံစားနေရတယ်၊ဓါတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမဲ့ရခိုင်အပြင်ပဲခူးတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းနှင့်
ရှမ်းပြည်နယ်မှာနေထိုင်ကြတဲ့ဒေသခံပြည်သူလူထုတွေပါအထက်ကဖော်ပြခဲ့တဲ့ပြဿနာများစွာကို ရင်ဆိုင်
နေကြရပြီဖြစ်တယ်။စွမ်းအင်ဝန်ကြီးဦးသန်းဌေးရဲ့ (၂၇.၀၉.၂၀၁၁)မှာကျင်းပတဲ့လွှတ်တော်အစည်းအဝေးမှာ
ပြောပြချက်အရအဲဒီစီမံကိန်းရဲ့ ၉၀%အကျိုးအမြတ်ကိုတရုတ်အစိုးရကခံစားပြီးကျန်တဲ့၁၀%ကိုစစ်တပ်
အကျိုးအတွက်အသုံးပြုမှာဆိုတော့အဲဒါဟာကျွန်တော်တို့ရခိုင်လူမျိုးတွေကိုအင်မတန်မှစော်ကားမှုတစ်ရပ်
ဖြစ်တယ်။အလွန်တရာမင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်။
အဲဒါကြောင့်ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေပါတယ်၊
တိုင်းပြည်ရဲ့ အကျိုးရှိရာလုပ်ဆောင်နေပါတယ်ဆိုတဲ့ဦးသိန်းစိန်အစိုးရအနေနဲ့ယခင်စစ်ကောင်စီလက်ထက်က
စတင်ခဲ့တဲ့အဲဒီစီမံကိန်းကို ပြည်သူ့ဆန္ဒအရရပ်တန့်ဖို့တောင်းဆိုရတာဖြစ်ပါတယ်။”

အဆိုပါဆန္ဒပြပွဲသို့ ရခိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)မလေးရှားဌာနခွဲ၊
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(မလေးရှားဌာနခွဲ)နှင့် ရခိုင်ဒုက္ခသည်များကူညီထောက်ပံ့ရေးကော်မတီ
(မလေးရှား)တို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားနှင့် မြန်မာနိုင်ငံ
တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့(COBEM)တို့မှခေါင်းဆောင်များပါ ပါဝင်ခဲ့ကြသည်။

ဆန္ဒပြရာသို့ ရခိုင်အမျိုးသားပညာရေးစင်တာမှကျောင်းသားကျောင်းသူလေးများစုစုပေါင်း(၃၀)ကျော်လည်း
ပါဝင်ခဲ့ကြပြီး၎င်းတို့မှမတရားဖမ်းဆီးခံထားရသည့် ရခိုင်သမိုင်းသုတေသီအရှင်ပညာစာရကိုလွတ်ပေးရန်နှင့်
ဗမာပြည်မသို့ပို့ဆောင်ခြင်းခံလိုက်ရသည့်မိဘမဲ့ကလေးငယ်များအားရခိုင်သို့ပြန်ပို့ပေးရေးကိုပိုစတာများ
ကိုင်ဆောင်ကာဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြသည်။
ရွှေဂက်စ်စီမံကိန်းရပ်တန့်ရေးအတွက် မလေးရှားရှိရခိုင်များဆန္ဒပြနေပုံ
ရွှေဂက်စ်စီမံကိန်းရပ်တန့်ရေးအတွက် မလေးရှားရှိရခိုင်များဆန္ဒပြနေပုံ


ဆန္ဒပြပွဲတွင်“ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း-ချက်ချင်းရပ်၊နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွတ်၊လူ့အခွင့်
အရေးချိုးဖောက်မှု-ချက်ချင်းရပ်၊လယ်ယာမြေအတင်းဓမ္မသိမ်းပိုက်မှု-ချက်ချင်းရပ် ၊ပြည်တွင်းစစ်-ချက်ချင်း
ရပ်”ဆိုသည့်ကြွေးကြောသံများနှင့်အတူနံနက်(၁၁)နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။