အမေရိကန်ရောက် မြန်မာများက BBC မှ အင်နာဂျုံးဝန်ချ တောင်းပန်ရန် ဆန္ဒပြ တောင်းဆို

မင်းဆက်ခိုင်
------------
အမေရိကန်ရောက် ရခိုင်လူမျိုးများအပါအဝင် တခြားမြန်မာနိုင်ငံသားများက ဘီဘီစီမှ သတင်းထောက် အန်နာဂျုံးရေးသားသော သတင်းနှင့် ဓာတ်ပုံအတွက် ၀န်ချတောင်းပန်ရန် နယူးယောက်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။


Arakanese-in-USAstage-protest-against-BBC
အဆိုပါဆန္ဒပြပွဲကို ရခိုင်အပါအဝင် တခြားတိုင်းရင်းသား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး နယူးယောက်မြို့ရှိ BBC Worldwide Americas ရှေ့တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြရခြင်းရွယ်ရည်ချက်နှင့် ပတ်သတ်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုကျော်ထူးအောင်က ယခုကဲ့သို့ ပြောသည်။

" ရည်ရွယ်ချက်ကတော့ BBC ၏ အာရှပစိဖိတ် ဌာနခွဲက အင်နာဂျုံးဆိုတဲ့အမျိုးသမီးက Bleak outlook for Burma's ethnic groups) ခေါ်တဲ့ ဆောင်းပါးမှာ မြေပုံအမှားတွေ ပါနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အဲဒါ ကို ကန့်ကွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လူထုအသံ၊ ဒီနေ့ဆန္ဒပြတာမှာလည်း တိုင်းရင်းသားပေါင်းစုံ ပါကြပါတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ လူထုအသံတွေကို BBC က ကြားနိုင်အောင်၊ အမှန်တရားဖက်က ရပ်တည်နိုင်အောင်ဆိုပြီး ဆန္ဒပြရခြင်း ဖြစ်ပါတယ်။"
Arakanese-in-USAstage-protest-against-BBC
ဆန္ဒပြပွဲတွင် တောင်းဆိုခဲ့သည့်နှင့် ပတ်သက်လို့ သူက ယခုကဲ့သို့ ပြောသည်။

" တောင်းဆိုတာကတော့ BBC သတင်းဌာနက အင်နာဂျုံးဆိုသူက တာဝန်အရှိဆိုတဲ့အခါ သူ့ကို BBC က အရေးယူပေးဖို့၊ သူက အမှားတွေကို လုပ်မိတယ်ဆိုတာကို တရားဝင် ၀န်ချတောင်းပန်ဖို့၊ ရခိုင်အပါအ၀င် ကျွန်တော်တို့ တိုင်းရင်းသားကို ၀န်ခံတောင်းပန်ဖို့ တောင်းဆိုခဲ့ပါတယ်။"

ဆန္ဒပြရာတွင် တစုံတရာ အနှောင့်အယှက်မရှိသည့်အပြင် သူတို့ဆန္ဒပြရာတွင် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သူက ပြောသည်။

"ဆန္ဒမပြခင် ကျွန်တော်တို့က ပါမစ်လျှောက်ရပါတယ်။ သက်ဆိုင်ရာ BBC ဌာနက 6 Avenue လမ်းထက်မှာ ရှိတယ်။ အဲဒီလမ်းနဲ့ ပတ်သက်တဲ့ ရဲစခန်းကို သွားပြီးတော့ ရဲစခန်းက Community နှင့်ပတ်သက်တဲ့ ဌာနခွဲတွေရှိပါတယ်။ အဲဒီဌာတွေကို သွားပြီးတော့ ကျွန်တော်တို့ တရားဝင် ပါမစ်တောင်းတယ်။ သူတို့ကလည်း တပတ်ကြိုတင်ပြီးတော့ ဒီဇင်္ဘာ ၂ ရက်နေ့ကပင် လုပ်လို့ ရတယ် ဆိုပြီး ခွင့်ပြုပါတယ်။ ရဲတွေကလည်း ကျွန်တော်တို့အတွက် လုံခြုံရေးနဲ့ စနစ်တကျ ဆန္ဒပြနိုင်အောင်ဆိုပြီး စီစဉ်ပေးပါတယ်။"

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်းတောင်းပန်ရန် နိုဝင်္ဘာလ ၁၆ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့ကြသည်။
Arakanese-in-USAstage-protest-against-BBC
၎င်းအပြင် မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများ ၁၀၀ ခန့်က ကွာလာလမ်ပူမြို့ရှိ ဗြိတိသျှသံရုံး ရှေ့သို့ သွားရောက်ပြီး ဘီဘီစီ ( အာရှ ပစိဖိတ် ဌာန)မှ ရခိုင်ပြည်နယ် မြေပုံပေါ် ရေးသားဖေါ်ပြ သော သတင်းနှင့် ဓါတ်ပုံအပေါ် မကျေနပ်သဖြင့် နိုဝင်္ဘာလ ၂၄ ရက်နေ့က သွားရောက် ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ယခုကဲ့သို့ နိုင်ငံတကာတွင် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်လာရခြင်းမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်းထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် ရခိုင် လူမျိုးကို ဖယ်ထုတ်ထားပြီး ဘာရေး ၀တ်ပြုနေသော ရိုဟင်ဂျာ ဆိုသူတို့၏ ပုံ တစ်ပုံကို တခြား တိုင်းရင်းသားများ အားလုံးနှင့် အတူ ရခိုင်ပြည်နယ် မြေပုံပေါ်တွင် ဖော်ပြခဲ့ သည့်အတွက် မကျေနပ်မူများ တိုးပွားလာရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
Arakanese-in-USAstage-protest-against-BBC



---------------------
 နိရဉ္စရာ
Share on Google Plus

About Admin

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။