ဧပြီလ (၂၁) ရက်၊ ၂၀၁၆
ကျောက်ဖြူလူငယ်များမီဒီယာ
၂၀၁၆ ခုနှစ်၊ ဧပြီလက (၂၀)ရပ်နေ့ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ကျေးရွာအုပ်စု၊ ချင်းမင်းပြင်ရွာတွင် ဖခင်ဖြစ်သူမှ သမီးအရင်းအားဓားခုတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဧပြီလ (၂၀)ရက်နေ့ မနက် (၁၀)နာရီခန့်တွင် တစ်အိမ်တည်း၌ အတူထမင်းစားနေစဉ်တွင် စားအချေအတင်များကြရာမှ ဘခင်ဖြစ်သူ ဦးဘကျော်မှ သမီးဖြစ်သူ ဒေါ်မကျော်အေးအား အနီးအနားရှိဓားကိုဆွဲကာခုတ်လိုက်သောကြောင့် လက်ဝဲဘက်လည်ပင်းထိပ်တွင် အရှည် (၄)လက်မ၊ အနက် (၂)လက်ခန့်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာ၌သေးဆုံးသွားခဲ့သည်။
ဘခင်ဖြစ်သူမှာ အသက် (၇၀)ခန့်ရှိပြီး သမီးဖြစ်သူမှာ အသက်(၄၀)ရှိကြောင်း၊ ၄င်းတို့သားအဖ အတူထမင်းစားနေစဉ်တွင် မိသားစုစီးပွားရေးကိစ္စနဲ့ပတ်သက်၍ အခြေအတင်စကားများရန်ဖြစ်ကြရာမှဘခင်ဖြစ်သူမှ သမီးအရင်းအား ထို့ကဲ့သို့ဓားဖြင့်ခုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် တရားခံ ဦးဘကျော်မှာ နေအိမ်မှထွက်ပြေးတိမ်ရှောင်သွားခဲ့သည်။ သေဆုံးသူ ဒေါ်မကျော်အေး၏သားဖြစ်သူ
မောင်နေလင်းထွန်းမှ စနဲမြို့ရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့သည်။
ယင်းအခင်းဖြစ်ပွားသည့်နေရာသို့ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူး ဒုရဲမှူး မိုးဇော်သူနှင့် စနဲရဲစခန်းမှ ရဲအုပ် ဝင်းလွင်တို့ဦးဆောင်သောအဖွဲ့ဝင်များမှ တရားခံဖြစ်သူအားဖမ်းဆီးနိုင်ရေးအတွက် တောနင်းရှာဖွေကြရာ ဧပြီလ၂၁ ရက်နေ့နံနက် ၅ နာရီခန့် တရားခံပြေးအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အဆိုပါအမှုအားရဲစခန်း၏(ပ)၃၃၈/၂၀၁၆၊ပြစ်မှုပုဒ်မ၊၃၀၂အရအမှုဖွင့်လှစ်ထားကြောင်းသိရသည်။
သတင်းအရင်းအမြစ်။ ။ ရမ္မာဝတီ စောမိုးကျော်
ဓာတ်ပုံ။ ။ Tun Tun Naing Facebook

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။