NCA မထိုးသည့်အဖွဲ့များအား နိုင်ငံရေးဆွေးနွေးပွဲမှာ ဧည့်သည်အဆင့်သာဖိတ်ခြင်းမှာ မျှတမှုမရှိ- ခွန်ထွန်းဦးပြော

သျှမ်းသံတော်ဆင့် (စိုင်းအောင်ဆိုင်း)
ဒီဇင်ဘာ ၂၃ ရက် ၂၀၁၅


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးရန် အဆင် သင့်မဖြစ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လာမည့်လ အတွင်းကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဧည့်သည်တော် အဆင့်သာ ဖိတ်ကြားထားခြင်းသည် မျှတမှုမရှိဟု သျှမ်းတိုင်းရင်းသားခေါင်းေ ဆာင် ဦးခွန်ထွန်းဦးက ဝေဖန်ပြောဆို လိုက် သည်။

“အခုက အကုန်လုံးက မထိုးဘူးငြင်းနေကြတာမှ မဟုတ်တာ။ အကုန်လုံးပါမှ ထိုးမယ်ဆိုတဲ့ မူကြောင့် ဖြစ်နေ တာပဲ။ ဒါကို လူကြည့်ကောင်းအောင် ဖိတ်ပြီး မှ လေ့လာသူတို့ ဧည့်သည်တော်အဖြစ်ပဲ ပေးတက်မယ်ဆိုတာတို့က မျှတမှု မရှိပါဘူး ”ဟုခွန်ထွန်းဦးက ပြောသည်။

လာမည့် ဂျန္န၀ါရီလအတွင်းတွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ ဦးဆောင် ကျင်းပမည့် ကိုယ်စားလှယ်ဦးရေ ၇၀၀ တက်ရောက်မည့် နိုင်ငံရေးဆွေးနွေး ပွဲတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များမှာ နိုင်ငံရေးဆွေး နွေးခွင့် မဲပေးဆုံးဖြတ်ပိုင်ခွင့်ရမည်ဖြစ်ပြီး မထိုးရသေးသော အဖွဲ့များမှာမူ အဆိုပါ အခွင့် အရေးများ ရရှိမည်မဟုတ်ပေ။

အင်အားကြီးလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA ၊ သျှမ်းပြည် တပ်မတော် SSPP/SSA ၊ ၀ UWSA ၊ မိုင်းလား NDAA-ESS အပါဝင် ကျန်လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို အထူးဧည့်သည်ေ တာ် အဖြစ် တက်ရောက်ရန် အစိုးရဘက်က ဖိတ်ကြားထားသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည့် အဆိုပါတပ်များ၏ မဟာမိတ်ဖြစ် သည့် လက်နက်ကိုင်တပ်ဖွဲ့ များဖြစ်သည့် MNDAA ကိုးကန့် နှင့် ရခိုင့်တပ် မတော် တို့ကို ဖိတ်ကြားမှု မည်မဟုတ်ဟု သိရသည်။

#သျှမ်းသံတော်ဆင့် 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။