Byငြိမ်းချမ်း Monday, December 7 , 2015.

လိပ်ကျွန်းလူသတ်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသော မြန်မာလုပ်သားနှစ်ဦးအား စက်တင်ဘာ ၂ ရက်က ရုံးထုတ်ခဲ့စဉ် (SITTHIPONG CHAREONJAI/EPA)
လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားနှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက် တွင် အပြီးသတ် အမိန့်ချမည်ဖြစ် ပြီး သတင်းကောင်းများ ကြားသိ ထားကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် ကပြောသည်။
‘‘အခြေအနေကောင်းမယ် လို့ သတင်းရထားတယ်။ ထိုင်း အစိုးရဘက်ကနေ သတင်းရထား တာပါ။ သေချာတာတစ်ခုက တော့ သေဒဏ်ကတော့ မကျဘူး။ တရားသူကြီးအမိန့်ကို ကြို ပြီးတော့ ပြောလို့တော့ မရဘူး ပေါ့။ သတင်းကောင်းထွက်မယ် လို့တော့ ကြားထားပါတယ်’’ဟု မြန်မာလုပ်သား နှစ်ဦးအတွက် လိုက်ပါကူညီပေးနေသည့် ရှေ့ နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။
ဖမ်းဆီးခံမြန်မာလုပ်သားနှစ် ဦး၏ အပြီးသတ်လျှောက်လဲချက် ကို ယခုနှစ် အောက်တိုဘာ ၂၆ ရက်က ကော့စမွီတရားရုံးသို့ ပေးပို့ခဲ့သည်။ မြန်မာလုပ်သားနှစ်ဦးတွင် အပြစ်မရှိကြောင်း ရေးသားထားသည့် စာမျက်နှာ ၁၀ မျက်နှာကျော်ရှိ အပြီးသတ်လျှောက်လဲ ချက်ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးအောင်မျိုးသန့်ကပြော သည်။
မြန်မာလုပ်သားနှစ်ဦး၏ အ မှုကို အောက်တိုဘာ ၁၁ ရက် တွင် စစ်ဆေးပြီးဖြစ်၍ ဒီဇင်ဘာ ၂၄ ရက်တွင် အမိန့်ချမည်ဟု ကော့စမွီတရားသူကြီးက ပြော ကြားထားကာ အမိန့်ချမည့်နေ့တွင် မြန်မာလုပ်သားနှစ်ဦး၏ မိဘများ လည်း တရားခွင်သို့ တက်ရောက် နားထောင်မည်ဖြစ်သည်။
တရားစွဲဆိုသည့် ထိုင်းရဲတပ်ဖွဲ့က ၂၀၁၅ ဇူလိုင် ၈ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ရုံးချိန်း (၁၅)ကြိမ်အတွင်း တရားလိုပြ သက်သေများကို စစ်ဆေးထားပြီး မြန်မာလုပ်သားနှစ်ဦးအား အပြစ်ရှိကြောင်း ရုံးတော်သို့ တင်သွင်းခဲ့သည်။ ထိုသို့တင်သွင်း သော အချက်များကို မြန်မာဘက်မှ ရှေ့နေများက ချေဖျက်နိုင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့တင်သွင်းသော အချက်များသည် မှုခင်းသဘော သဘာဝအတိုင်း လုပ်ဆောင်ခဲ့ခြင်း မရှိသည်ကို ထပ်မံပေါ်လွင် စေခဲ့သည်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ(၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃) နှစ်တို့သည် ၂၀၁၄စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံ ခဲ့ရခြင်းဖြစ်ပြီး မြန်မာလုပ်သားနှစ် ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ ဖမ်းဆီးခံထားရသည်။
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးကို လူသတ်မှု၊ မု ဒိမ်းမှု၊ ပစ္စည်းခိုးယူမှု၊ လုယက်မှု၊ နိုင်ငံတွင်းသို့ တရားမ၀င် ၀င် ရောက်မှု၊ တရားမ၀င် ၀င်ရောက် နေထိုင်မှု၊ အမှုထိမ်ချန်မှု စသည့် ပုဒ်မခုနစ်ခုတပ်၍ ကော့စမွီမြို့ နယ် တရားသူကြီးထံ တရားစွဲဆို တင်ပို့ခဲ့ပြီး တရားသူကြီးက ဒီဇင် ဘာ ၄ ရက်တွင် အမှုကိုလက်ခံခဲ့ သည်။
http://www.7daydaily.com/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။