By: နောင်နောင်

Most Used Words on Facebook ဟုခေါ်သော app သည် Facebook သုံးစွဲသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက် အားလုံးကို ရယူစုဆောင်းပြီး ၎င်းအချက်အလက်ကို လိုအပ်သူများထံ ရောင်းချနိုင်ကြောင်း သိရသည်။
Facebook ပေါ်တွင် အဆိုပါ app ကို ဝေမျှသူ ထောင်ပေါင်းများစွာရှိနေပြီး ၎င်းကို အသုံးပြုသူများ၏ အချက်အလက်များမှာ ခိုးယူခံရဖွယ်ရှိသည်။
၎င်း app သည် စိတ်ဝင်စားဖွယ် အချက်အလက်များ သို့မဟုတ် မေးခွန်းများဖြင့် လူအများကို ဆွဲဆောင်သော Facebook app များအနက် တစ်ခုဖြစ်သည်။ အဆိုပါ app များသည် ၎င်းတို့ထောက်ပံ့ပေးသည့် အရာများကို မပေးအပ်မီ သုံးစွဲသူ၏ အချက်အလက်နှင့် Facebook စာမျက်နှာကို အသုံးပြုခွင့်ရရန် တောင်းဆိုမှု ပြုလုပ်သည်။ ထို့နောက် ၎င်းတို့စုဆောင်းရရှိသည့် အချက်အလက်များကို ရောင်းချကြသည်။
Most Use Words on Facebook app သည် သုံးစွဲသူတစ်ဦး၏ အသုံးများသော စကားလုံးများကို စုဖွဲ့ကာ ဖော်ပြပေးသည့် app ဖြစ်သည်။ ၎င်းသည် သုံးစွဲသူများ၏ status များမှ အချက်အလက်များကို ရယူကာ အသုံးအများဆုံး စကားလုံးများကို ရှာဖွေပြီးနောက် အဆိုပါ စကားလုံးများကို ဓာတ်ပုံတစ်ခုအဖြစ် စုဆောင်း ပြသပေးသည်။
သုံးစွဲသူတစ်ဦးက ၎င်း post ကို နှိပ်လိုက်သည့်အခါတွင် app က သုံးစွဲသူ တင်ထားသမျှ post များကို မြင်တွေ့ပြီး စိစစ်ပိုင်းခြားရန်အတွက် သုံးစွဲသူ၏ profile ကို အသုံးပြုခွင့်ရရန် တောင်းဆိုသည့် စာမျက်နှာတစ်ခု ပေါ်လာမည် ဖြစ်သည်။ သို့ရာတွင် ၎င်း app သည် သုံးစွဲသူများ၏ account များမှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို စုဆောင်းရယူရန်အတွက် ၎င်းက သုံးစွဲသူ၏ Facebook profile ကို အသုံးပြုခွင့်ရရန် တောင်းဆိုမှု ပြုလုပ်သည်။
ထို့အပြင် အဆိုပါ app သည် သုံးစွဲသူတစ်ဦးက like ပြုလုပ်သည့် အရာမှန်သမျှကို သိရှိနိုင်ရန် ခွင့်ပြုချက်တောင်းယူသလို IP လိပ်စာ၊ အသုံးပြုနေသည့် browser အပါအဝင် သုံးစွဲနေသော ကွန်ပျူတာနှင့် ပတ်သက်သည့် အချက်အလက်များကို ရယူစုဆောင်းသည်။
အချို့သော အချက်အလက်များတွင် လူတစ်ဦး၏ သူငယ်ချင်းများနှင့် ပတ်သက်သော အချက်အလက်များ ပါဝင်သောကြောင့် ၎င်း app ကို မသုံးစွဲသည့်တိုင် Facebook သုံးစွဲသူ၏ အချက်အလက်များကို ကုမ္ပဏီမှ ရယူနိုင်ဖွယ်ရှိသည်။ အဆိုပါ အချက်အလက်များတွင် သူငယ်ချင်းစာရင်း အားလုံးနှင့် tag တွဲထားသော ဓာတ်ပုံများတွင် ပါဝင်သူအားလုံး ပါဝင်သည်။
Most Use Words on Facebook app ၏ စည်းကမ်းချက်များတွင် သုံးစွဲသူ၏ account ဖြင့် ဝန်ဆောင်မှုကို အသုံးပြုမှု ရပ်ဆိုင်းခဲ့လျှင်ပင် ရယူထားသော အချက်အလက်များကို ဆက်လက်သိမ်းဆည်းထားမည်ဟု ဖော်ပြထားသည်။ ထို့အပြင် အချက်အလက်များကို မည်သည့်ဆာဗာ၊ မည်သည့်နေရာတွင်မဆို သိမ်းဆည်းနိုင်ကြောင်း ဆိုထားသည်။
___http://internetjournal.media/

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။