ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် သမ္မတဦးသိန်းစိန်က ပြည်သူကို ကြောက်ရွှံတွေဝေစေမည့် ၄ မိနစ်စာ ဗီဒီယိုကို လွှင့်တင်ခဲ့ဟု ဆို



လာမည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အကယ်၍ အာဏာရပါတီ ရှုံးနိမ့် ခဲ့ပါက နိုင်ငံတွင် သွေးထွက်သံယို ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည် ဟု ဖော်ပြထားသော ဗီဒီယိုတစ်ခုကို သမ္မတ ဦးသိန်းစိန်၏ သမ္မတရုံး ဖေ့ဘုတ်အကောင့်တွင် လွှင့်တင်ခြိမ်းခြောက်ခဲ့သည်ဟု Sydney Morning Herald သတင်းစာက ဖော်ပြထားသည်။

၎ မိနစ်ကြာ ထိုဗီဒီယိုထဲတွင် အာရပ်နွေဦး လှုပ်ရှားမှုအပြီး အရှေ့အလယ်ပိုင်းဒေသတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ ပြုပြင်ပြောင်းလဲမှု ရှုပ်ထွေးမှုများ သွေးထွက်သံယိုဖြစ်မှုများကို ကြောက်မက်ဖွယ် ဓါတ်ပုံများဖြင့် ဖော်ပြသတိပေးထားသည်။

ဟဲဗီးမက်တယ်ဂီတ နောက်ခံ၊ စိတ်ခြောက်ခြားဖွယ် တီးလုံးများဖြင့် ဖန်တီးထားသည့် ထိုဗီဒီယိုတွင် အရှေ့အလယ်ပိုင်းဒေသမှ သွေးထွက်သံယို ပဋိပက္ခ မြင်ကွင်းများနှင့် မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၅ ခုကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်၍ ၂၀၁၁ တွင် အရပ်သားတစ်ပိုင်း အစိုးရ တက်လာပြီးနောက်ပိုင်း တည်ငြိမ်ဖွံ့ဖြိုးမှု ပုံရိပ်များကို ဖော်ပြထားသည်။

ဗီဒီယို၏ အဆုံးသတ်တွင် “ငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်ရွက်မည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလ ၂ လအတွင်း ပဋိပက္ခဖြစ်ပွားမှု အနည်းငယ်သာရှိသော်လည်း ရွေးကောက်ပွဲနေ့တွင် ပဋိပက္ခများ ဖြစ်ပေါ်လာမည်ကို လေ့လာသူများနှင့် သံတမန်များက စိုးရိမ် လျက်ရှိသည်။ ရန်ကုန်မြို့တွင် ကာလရှည် နေထိုင်လာခဲ့သည့် သြစတြေးလျ နိုင်ငံသားတစ်ဦးက “တင်းမာမှုတွေ မြင့်တက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကြို လူထုသဘောထား နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ခိုင်လုံသော စစ်တမ်းကောက်ယူမှု မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်။ NLD ပါတီမှာ ပြည်မတွင် လူထုထောက်ခံမှု များပြားကြောင်း ပေါ်လွင်နေ သည်။ လွှတ်တော်တွင် အမတ်နေရာ ၂၅% ကို စစ်တပ်က ရယူထားသဖြင့် လွှတ်တော်တွင် အများစုအနိုင်ရ ပါတီဖြစ်လိုပါက ရွေးကောက်ပွဲတွင် အနည်းဆုံး ၆၇% အနိုင်ရရန် လိုအပ်သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများကမူ စစ်တပ်၏ ထောက်ခံမှုနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့ မဘသ၏ လှုပ်ရှားမှုများကြောင့် အာဏာ ဆက်လက် ကိုင်ဆွဲထားနိုင်ရန် ယုံကြည်မှုရှိသည်ဟု ပြောကြားကြ သည်။

KHTun
The Ladies News Journal
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။